Thursday, March 13, 2008

အလိုရှိသည်

ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာ နေလျှင် ကျောက်ခဲတို့သည် ချက်ခြင်းကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
(ရှင်လုကာ ၁၉း၄၀)

ယေရှုသည် တမန်တော် များနှင့်တကွ ယေရုရှလင် မြို့သို့နောက်ဆုံး ခရီးစဉ် အဖြစ် သွားချိန် ဗေသနိရွာအနီး၌ ရောက်သော အခါ၊ တပည့်တော်နှစ်ဦး ကို မြို့တွင်းသို့ စေလွှတ်၍ စီးရန် အတွက် မြည်းတကောင်ကို ယူဖို့စေလွှတ်လိုက်တယ်၊ သူတပါးက မေးခဲ့ရင် သခင်အလိုရှိတယ် လို့ဖြေပါလို့မှာကြားလိုက်တယ် ။
(ရှင်လုကာ ၁၉း၃၁)

ကျွန်ုပ်တို့လည်း ဘဝရဲ့နေဝင်ချိန် နဲ့နီးကပ်လာတာနဲ့အမျှ ငါဘုရား အတွက်အကျိုးမှရှိသေးရဲ့လား၊ ငါဟာအသုံးကျအုံးမလား ဆိုတဲ့ မေးခွန်းလေးတွေ မေးမိကြမှာဘဲ ၊
ကျွန်ုပ်တို့ဟာ ဘုရားရှင်မြည်းကို လိုအပ်ခဲ့သလို ဘုရားရှေ့၌ အမြဲဘဲ အသုံးကျပါတယ်၊ တစ်စုံတခုသော်၎င်း၊ တစ်စုံတယောက်သော်၎င်း၊ ကိုယ်တော်၏နိုင်ငံတော် အတွက်အမြဲဘဲ လိုအပ်နေပါ၏၊အယောက်စီတိုင်းကို ပေးအပ်သော တာဝန်ဟာ အတူညီနိုင်ဘူး၊ သေးငယ်ရင်လည်း သေးငယ်မယ်။

ဒါပေမဲ့ ကိုယ်တော် ကျွန်ုပ်တို့ကိုခေါ်တဲ့ အချိန်ကာလတိုင်အောင် ပေးအပ်ထားတဲ့ တာဝန်ကိုကျေပြွန်အောင်ထမ်းဆောင်ဖို့ အယောက်စီတိုင်းမှာ တာဝန်ရှိပါတယ်၊
ဘုရားရှင်ပေးထားတဲ့ ကိုယ့်အတွက်တာဝန်က ဘာလဲဆိုတာ မသိသေးဘူး ဆိုရင်တော့၊ ဆုတောင်းရင်း ကိုယ့်ကိုယ်ကို ပြင်ဆင်လို့စောင့်နေကြပါလို့။ ဘုရားရှင် လိုအပ်လာတဲ့ အချိန်အတွက် သင်အသင့်ဖြစ်ပြီလား?

အသက်နှင့် ကိုယ်စွမ်း၊ဥာဏ်တွေပေါ်မတည်ဘဲ၊ သ္မီားများအတွက်ပေးအပ်ထားတဲ့ တာဝန်ကိုယ်စီ ထာဝရဘုရား၌ အသင့်ရှိပါ၏။ -David Roper

I'm available for God to use me, Available, if God should choose me; Should it be now or them, it doesn't matter when; I want to see lost souls be born again._Anthony

0 comments: