Sunday, March 23, 2008

လက်ဝတ် ရတနာတွေ အဖြစ်ဘဲလား?

( မတ်ခ်ျလ ၂၄ရက်၊ တနင်္လာနေ့။)

ငါဖြစ်လျှင်၊ ငါတို့သခင် ယေရူခရစ်၏ လက်ဝါးကားတိုင်တော် မှတပါး အဘယ်အရာ၌မျှ ဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကားတိုင်တော်မှာ ဤလောကအဘို့ ရိုက်ထားခြင်းခံလျှက် ရှိ၏။ (ဂလာတိသြဝါဒစာ ၆း၁၄ )

တချို့သော ခရစ်ယာန်တွေဟာ လက်ဝါးကားတိုင်ပါတဲ့ လက်ကောက်၊ လည်ဆွဲ၊ ရင်ထိုး စတဲ့အရာတွေကို ဝတ်ဆင်တတ်ကြပါတယ်၊ မိမိ၏ ယုံကြည်ကို ဖော်ပြဖို့ဆိုတာထက်၊ အလှတန်ဆာ ဆင်ဖို့ဝတ်တာက ပိုများလိမ့်မယ်လို့ထင်ပါတယ်။

၂၀၀၆ ခုနှစ်၊ ဧပြီလ မှာ အင်္ဂလန်ပြည်၊ ဒပ်လေ မြို့မှာ ရှိတဲ့၊ မက်ဒသစ်ဒ် ဘုရားရှိခိုးကျောင်း တခုက၊ ဘုရားကျောင်းဆောင် ဆောက်လုပ်ရာမှာ လက်ဝါးကပ်တိုင် တွေထည့်ရင် အခွန်ငွေထည့်ရတယ် ဆိုတာကို စုံစမ်းသိရှိခဲ့ရတယ်။ ဒါက ဗြိတိသျှတွေရဲ့ လက်ဝါးကားတိုင်ကို ကြေငြာ ပစ္စည်းတခုလို သတ်မှတ်ထားပြီး ချမှတ် ထားတဲ့ တရားဥပဒေတခုပါ။ ကျွန်ုပ်တို့ လူသားအားလုံးကိုလည်း အသိတရားတခုရရှိစေခဲ့ တာက၊ လူ့ကိုယ်ပေါ်မှာဖြစ်စေ၊ အဆောက်အအုံ မှာဖြစ်စေ၊ သွေးတော်စွန်းထားခြင်းကို ပြသခဲ့တဲ့၊ ဒီလက်ဝါးကားတိုင်တော်ဟာ ကျွန်ုပ်တို့ရဲ့ အပြစ်တွေကို ဆေးကြောပြီး၊ ကယ်တင်ခြင်းဆိုတဲ့ ထာဝရ အသက်တာကို ပေးခဲ့ ပြီဆိုတဲ့ အသိတရားလေးပါ။

ကျမ်းစာတော်မှာလည်း လက်ဝါးကားတိုင်တော်ဟာ ဘုရားရှင်ရဲ့ အခမဲ့ ပေးသနားခဲ့သော၊ ကယ်တင်ခြင်းတရားကိုပုံဖော်ဖို့ တန်ဆာတခုဘဲဖြစ်တယ်။ ( ရှင်မဿဲ ၂၇း၂၂-၂၆ )၊ လူထုကြီးက ယေရူကို ကားတိုင်ပေါ် အသေသတ်ဖို့ ကြွေးကြော်ကြတယ်၊ တကယ်တော့ ဒါဟာ ယေရူခရစ်ကိုယ်တိုင်အတွက် မလွယ်ပါဘူး၊ အဲဒါကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်၏ ပုံသက်သေများဖြစ်ကြပြီလား? ခရစ်တော်၏ နုတ်ကပတ်တော် အတိုင်းလိုက်လျှောက်သူများ ဖြစ်ကြပြီလား? ဆန်းစစ်ရင်း ဘုရားရှင်၏ အလိုတော် အတိုင်း၊ ပုံသက်သေယူ၍ ကားတိုင်လမ်းကို အလိုတော် နှင့်အညီ လိုက်လျှောက်ကြပါစို့လို့........ Vernon Grounds

"Take up thy cross and follow me,"
I hear the blessed Savior call;
How can I make a lesser sacrifice
When Jesus gave His all?....... Ackley

ယေရူခရစ်သည်၊ ကားတိုင်တော်ကို ကျွန်ုပ်တို့ အတွက်ထားခဲ့ပြီ၊ ပြည့်ဝတဲ့ဆန္ဒ များနဲ့လိုက်လျှောက်ကြပါစို့။

0 comments: