Saturday, March 15, 2008

ဘာကြောင့် ပြောင်းလဲသွားတာလဲ


နူးညံသိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော် မူသည်ကို ကြည့်ရှု့လော့

( ရှင်မဿဲ ၂၁း ၅ )

တစ်ခုသော တနင်္ဂနွေနေ့တွင် ယေရူခရစ်တော်သည် ယေရုစလင်မြို့သို့ အောင်ပွဲရ ဘုရင်တစ်ပါး၏ခမ်းနားထည်ဝါမှု့ မျိုးဖြင့်ဝင်ရောက်လာခဲ့သည်။ မြို့သူမြို့သား အပေါင်းတို့ကလည်း သံလွင်ခက်များ ခင်းကျင်းဝှေ့ယှမ်းလျက် ဟောရှဏ္ဍ ဟုအော်ဟစ်လျက် ၀မ်းပမ်းတသာ ကြိုဆိုခြင်းကို ခံခဲ့ရသည်။

တပတ်အတွင်း ဘာတွေများ မှားယွင်းခဲ့ပြီလဲ ဟောရှဏ္ဍ ဖြစ်စေသတည်းဟု ချီးမြှောက်ဂုဏ်ပြုခံရပြီးမှ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်း ခံပါစေလေဟု ဆိုပြီး အဘယ်ကြောင့် ပြောင်းလဲ သွားသနည်း။ ယေရူခရစ်တော်ဟာ လူအများမကြားချင်သော မှန်ကန်သော တရားများကို ဟောပြောရာမှ စတင် ခဲ့ပါသလား.....?

ယေရူခရစ်သည် ဗိမာန်တော်၌ ရောင်းဝယ်သော သူအပေါင်းတို့ကို နှင်ထုတ်၍ ငွေလဲသော သူတို့၏ ခုံများကိုလည်းကောင်း ၊ ချိုးငှက် ရောင်းသော သူတို့၏ ထိုင်နေရာကို လည်းကောင်း ၊ တွန်းလှဲလိုက်တော်မူ၏။ (ရှင်မဿဲ ၂၁း ၁၂ ) ။ အခွန်ခံနှင့် ပြည့်တန်ဆာတို့သည် မိမိတို့၏ ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိင်ငံသို့ ၀င်စားရလတ္တံ ( ၂၂း ၃၁ ) ။ ထိုမျှမက ဘုရားသခင်နှင့် စပ်ဆိုင်သော အခွန်ဘဏ္ဍာကို ထည့်ဝင်ဖို့ ဟောကြားတော်မူ၏ ။ ( ၂၂း ၂၁ ) ။
ဖာရိရှဲ နှင့် ဇဒ္ဒု ကဲ တို့အားလည်း အမင်္ဂလာ ရှိသောသူများဟု ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်။ ( ၂၃း ၁၃ - ၃၁ ) ။

သန့်ရှင်းမြင့်မြတ်သောသူ ၊ လူ့ဇာတိကို ခံယူလျက် ကြွလာသောသူ ၊ တပါးတည်းသော စုံလင်သော အရှင် ၊ ခရစ်တော် ဖြစ်ပါသည်။ ကိုယ်တော်၏ လုပ်ဆောင်ချက်သည် မှန်ကန်သောတရားကို ဟောကြားဖို့ရန်နှင့် ကယ်တင်ခြင်းကို ဝေငှရန်သာ ဖြစ်ပါသည်။ သို့သော် သူ၏ အသက်ကို စတေးခံခဲ့ရသည်။ ယေရုစလင်မြို့၌ ရှိနေစဉ် တပတ်အတွင်း အဖြစ်အပျက်အား ပြန်လည်စဉ်းစားကြည့်လျှင် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာနှင့် ကားတိုင်ပေါ်မှာ အသက်သွေးစွန်းခဲ့ရခြင်းအတွက် ဘုရားရှင်၏ နာမတော်အား အစဉ်အမြဲ ချီးမွမ်းထိုက်ပေသည်။ ........Dave Branon

Jesus, Thou art my righteousness,
For all my sins were Thine;
Thy death hath brought of God my peace,
Thy life hath made Him mine..... Anon.

လက်ဝါးကပ်တိုင်၌ သံမှို ရိုက်ခံခဲ့ရသော ခရစ်တော်၏ လက်များသည် ထာဝရ ဘုရားသခင်၏ ပြည့်ဝသော် ချစ်ခြင်းမေတ္တာ တံခါးကို
လှစ်ဟ ပြသထားပါ၏


0 comments: