Sunday, March 16, 2008

အသက်တာ တခုလုံး၊



အကျွန်ုပ်ကို မျက်နှာလွဲတော် မမူပါနှင့်။ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော် မမူပါနှင့်၊ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ ကိုယ့်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။ အိုထာဝရဘုရား ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြသ သွန်သင်တော်မူပါ။ အကျွန်ုပ် ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ (ဆာလံကျမ်း ၂၇း၉-၁၁)


ကျွန်ုပ် အသက်တာတွင် လူအများ၏ အထင်လွဲမှားမူ့၊ နားလည်မူ့မဲ့ခြင်း မြောက်မြားစွာ ခံရခဲ့ဘူး၏၊ ကျွန်ုပ် အသက်တာ တပိုင်းတစကို ကြည့်ပြီး ဝေဖန်ပိုင်းခြားခြင်း အများကြီးကိုလည်း ကြုံခဲ့ရပါ၏။ ဒါပေမဲ့ ထာဝရဘုရားသည် ကျွန်ုပ်ကို အရှိအတိုင်း လက်ခံတော်မူ၍ လမ်းပြတော်မူခြင်း အစဉ်အမြဲ ရရှိပါ၏၊

ကျွန်ုပ်သည် နီးစပ်ရာဆွေမျိုး၊ အပေါင်းအသင်းများ ထံမှ၎င်း၊ လတ်တလောတွင်မှ ခင်မင်ခဲ့သော်၊ တွေ့ဆုံခဲ့သောသူများ ထံမှ၎င်း ကူညီဖေးမမှု့များကို မျှော်လင့်ခဲ့ဘူး ပါ၏။ ကျွန်ုပ်၏ မျှော်လင့်ချက်များ သူတို့ထံမှ မရရှိသောအခါ၌ ကျွန်ုပ်ကို နားလည်နိုင်သော ခွန်အား ကိုယ်တော် ပေးသနားတော်မူပါ၊ ကိုယ်တော် ကျွန်ုပ်အတွက် ပြင်ဆင်ပေးသော လမ်းမှလည်း သွေဖယ်စေတော် မမူပါနှင့်၊ ကျွန်ုပ်သည် ကိုယ်တော်ရှေ့မှောက်၌ တင့်တယ်သော ယဇ်ဖြစ်လျှက် ကိုယ်တော်၏ နိုင်ငံတော်အတွက် အကျိုးဝင်သောသူ ဖြစ်စေမည့် အကြောင်း လက်ခံတော်မူပါ၊ နာမတော်အမည် ပြုလျှက်တောင်းလျှောက်ပါ၏ အဖ၊ အာမင်။


0 comments: