Monday, March 24, 2008

သခင်ယေရူ၏ အုတ်ဂူ။

( မတ်ခ်ျလ ၂၅ ရက်၊ ၂၀၀၈ )

ဤအရပ်၌ မရှိ၊ ထမြောက်တော်မူပြီ။ ( ရှင်လုကာခရစ်ဝင် ၂၄း ၆ )

ရှေးဟောင်းသုသေတန ပညာရှင် ဆင်မ်ချာ ဂျာကိုဘိုဗီဆီ သည် ယေရူခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း ကိုလက်မခံကြောင်း သူ၏စာအုပ် ပျောက်ဆုံးနေသော ယေရူအုတ်ဂူ ( The Lost Tomb of Jesus) ၌ဖော်ပြရေးသားခဲ့ပါ၏။ ယေရုစလင်မြို့အနီး အုတ်ဂူတခု၌ ယောသပ်၏ သားယေရူ ဆိုတဲ့ အမည်ကို တွေ့တယ်၊ သခင်ယေရူရဲ့ ဒီအင်အေ (DNA) ကိုရလို့ရှိရင် သက်သေပြနိုင်တယ် ဆိုပြီး၊ ဒီအင်အေ ကို တောင်းသတဲ့။

က္ကုသရေလ ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး အဖွဲ့ ( The Israel Antiquities Authority ) တွေက အဓိပါယ် မရှိကြောင်း ပြန်လည်ပြောဆိုခဲ့တာကို သိပံ ညာရှင်များနဲ့ ဘာသာရေး ပညာရှင်များကပါ ထောက်ခံကြတယ်။ ဒါပေမဲ့ ဆင်မ်ချာက သခင်ယေရူရဲ့ ဒီမင်အေ လိုအပ်ကြောင်း၊ အုတ်ဂူမှာရှိနေတဲ့ အရိုးစုနဲ့ နှိုင်းယှဉ်ပြီး သူသက်သေပြနိုင်ကြောင်း တသွင်သွင် ပြောနေတယ်၊ ရာစုနှစ်တခုမှာ ယေရူ နဲ့ ယောသပ်ဆိုတဲ့နာမည်ဟာ လူတိုင်းလိုလို မည့်ထားတဲ့ နာမည်ဖြစ်တယ်။

ဒါပေမဲ့ အဲဒီဖြစ်ရပ်လေးက အတော့်ကို ဂရက်ရိုက်သွားလေရဲ့။ သခင်ယေရူရဲ့ တပည့်တော်တွေမှာ ဂျွန်ကလွှဲ ကျန်တဲ့သူတွေ အားလုံးဟာ မိမိ၏ ယုံကြည်ခြင်းကြောင့် အသေခံခဲ့ကြရတာတွေကြီးပါ၊ ယေရူခရစ်တော်ဟာ ရှင်ပြန်ထမြောက်တော်မူခြင်း မရှိခဲ့ဘူးဆိုရင် သူတို့တွေဟာ ဘာကြောင့်များ ကိုယ့်အသက်ကို အသေခံပြီး ရှင်ပြန်ထမြောက်တော်မူခြင်း၊ နဲ့ ကယ်တင်ခြင်း တရားကို လိုက်လံဟောပြော ကြပါသလဲ၊ ငြင်းဆိုကြမှာပေါ့။

ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ပျက်ရယ်ပြုခြင်း၊ ရူတ်ချခြင်း များစွာတို့ကိုခံရပါလိမ့်မယ်၊ စိန်ဓာတ်မယိမ်းမယိုင်နဲ့ ကိုယ့်ယုံကြည်ခြင်းကို မြဲမြံစွာဆုပ်ကိုင်ထားကြပါစို့၊ တမန်တော် ပြောခဲ့တဲ့ အတိုင်း, " သင်တို့သည် အသေကောင်ရှိရာ အရပ်၌ အသက်ရှင်သောသူကို အဘယ့်ကြောင့် ရှာရသနည်း။ ဤအရပ်၌ မရှိ၊ ထမြောက်တော်မူပြီ, (လုကာ ၂၄း၅-၆)" ကို အမှတ်ယပြီး ယုံကြည်ခြင်းကို လက်ကိုင်ထား လျှောက်လှမ်းကြပါစို့။ ........ Denni Fisher


Up from the grave He arose,
With a mighty triumph o'er His foes;
He arose a Victor from the dark domain,
And He lives forever with His saints to reign.............Lowry

ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရားတခုရဲ့ ရောင်ပြန် ဟပ်မှု့တရပ်ဖြစ်၏။

0 comments: