Sunday, March 23, 2008

ဝမ်းမြောက်ဖွယ်သော အစ်စတာ တနင်္ဂနွေဖြစ်ပါစေ။

အားလုံးကို ပျော်ရွှင်သော အစ်စတာ တနင်္ဂနွေဖြစ်ပါစေ လို့နုတ်ခွန်းဆက်သ လိုက်ပါတယ်။
ထာဝရဘုရားရှင်သည် ကျနော်၊ ကျမတို့၏ အပြစ်များကို ဆေးကြောပေးဖို့ရာ လူဇာတိကို ခံယူလျက် ကြွဆင်းလာပြီးနောက်၊ သာသနာပြုခြင်း များကို ဆောင်ရွက်အပြီး၊ လက်ဝါး ကားတိုင်မှာအသေခံခဲ့ ပါပြီ၊ ဤတနင်္ဂနွေသည် လူ့ဇာတိကို ခံယူပြီး ကြွလာသော အရှင်၊ အသေခံပြီး၊ သုံးရက်သောနေ့မှာပြန်လည် ရှင်သန်၊ ထမြောက်တဲ့နေ့ပါ။ အားလုံးကို ဝမ်းမြောက်စေရာ သတင်းကောင်းပါး လိုက်ပါတယ်။ ကျွန်ုပ်တို့၏ အပြစ်များ သည် မိုးပွင့် ကဲ့သို့ ဖြူစင်ပြီး၊ ကယ်တင်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းများ ရရှိပါပြီ။ ကျွန်ုပ်တို့ ပြန်လည် ပေးဆပ်ရမှာက၊ ယုံကြည်စွာ ခရစ်တော်ကို ကယ်တင်ရှင် အဖြစ် လက်ခံ၊ လိုက်လျှောက်ဖို့ဘဲ လိုပါတယ်၊ ဝမ်းမြောက်ရွှင်လန်း၊ ငြိမ်သက်ခြင်း ရ ရှိပါစေ။
ခရစ်တော်၌.....
လားရှိုးသူ

0 comments: