Saturday, March 29, 2008

အများထဲမှ တစ်ယောက်


အို ဘုရားသခင် ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ချီးမွမ်းရပါ၏ ။ ကိုယ်တော်အားလည်း သစ္စာဝတ်ကို ဖြေရပါ၏။ ပဌနာစကားကို နား ထောင်သော မူသော ဘုရား ၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရပါလိမ့်မည်။ မတရားသော အမှုသည် အလွန်များ၍ အကျွန်ုပ်သည် မတက်နိင်ပါ။ သို့သော်လည်း အကျွန်ပ်တို့ ပြစ်မှားခြင်း အပြစ်များကို ကိုယ်တော် ဖြေရှင်းတော်မူမည်။ (ဆာလံကျမ်း ၆၅း၁-၃)

အကျွန်ပ်သည် ကိုယ်တော် ဖန်ဆင်းထားသော အများထဲမှ တစ်ဦးဖြစ်ကြောင်း အကျွန်ုပ်သိပါ၏ ။ အကျွန်ပ်၏ ဆုတောင်းသံသည် ကိုယ်တော်နားတော်သို့ ရောက်ရှိလာသော အများထဲမှ တစ်ဦး၏ ချီးမွမ်းသံ ဖြစ်ပါသည်။ အကျွန်ုပ်ပြုသော အပြစ်သည် အသက်တာ၏ မြောက်မြားစွာသော အပြစ်ထဲမှ တစ်စုံတစ်ခုသာ ဖြစ်ပါသေး၏ ။ သို့သော်လည်း ကိုယ်တော်သည် နားထောင်တော် မူ၍ အကျွန်ုပ်ကို ချမ်းသာ ပေးတော်မူ၏။

အကျွန်ပ်သည် နှိမ့်ချခြင်း ၊ အလုံးစုံတို့နှင့် ကိုယ်တော့်ကို စစ်မှန်စွာ ကိုယ်တော်၏ အတောင်တော် ရိပ်မှာ ငြိမ်သက်ခြင်း ရရှိပါ၏။ အကျွန်ပ်ဆုတောင်းနေသော အချိန်၌် အကျွန်ပ်သည် အများထဲမှ တစ်ယောက်မဟုတ်တော့ဘဲ ကိုယ်တော်၏ ဂရုနာတော် ခံစားရသော် တစ်ဦးတည်းသောသူ ဖြစ်သွားပါ၏။


0 comments: