Friday, March 28, 2008

မကောင်းသော အမူအရာများ တွေ့မြင်နိင်ခြင်း

မတ်လ ၂၈ ၂၀၀၈ ခုနှစ်

အကြောင်းမူကား သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသော အမူအရာတို့ကို စကားပြောကာ မျှ၌ ညစ်ညူးခြင်း ပါသေး၏။ ( ဧဖက်သြ၀ါဒစာ ၅း၁၂ )

ကျွန်ုပ်သည် ဆရာဝန် ရုံးခန်း၌ မိမိအလှည့်အတွက် ထိုင်စောင့်နေစဉ် လွတ်လပ်စွာ ပြောဆိုခွင့်၏ အရေးကြီးပုံ စာမူတစ်ခုကို ဖတ်ရပါ၏။ ညစ်ညမ်းသော ရုပ်ပုံ ၊ ညစ်ညမ်းသော ဗီဒီယို ဇာတ်လမ်းများသည် အကျွန်ုပ်တို့ကို မိမိကိုယ်တိုင် အမှားပြုပြင်ခြင်းမှ ရှောင်ကျဉ်ဖို့ရန် အတွက် အကျိုးဝင်ကြောင်းကို စာရေးဆရာက ဖော်ပြထားပါသည်။ အမှားအမှန် ဝေဖန်ပိုင်းခြားနိင်မှု ရှိခြင်းသည် ဗဟုသုတ မရှိခြင်းထက် ပို၍ ကောင်းကြောင်းကို ရေးသားဖော်ပြ ထားပါသည်။ ယေရူကို လက်ခံယုံကြည်သော သူများအတွက် ဆာတန်မာန်နတ်၏ လုပ်ရှားမှုသည် အကြီးမားဆုံးသော အနှောင့်အယှက် ဖြစ်ပါသည်။ ဘုရားသခင် ကိုယ်တိုင်က ကျွန်ုပ်တို့ကို အပြစ်မှောင်မိုက်၌ ဖုံးလွှမ်းနေသော သူများကို ကူညီဖို့ရန်သာ အလိုရှိပါ၏။ ဒါပေမယ့် တမန်တော် ပေါလုဟာ ဧဖတ် သြ၀ါဒစာ၌ “ အကျိုးမဲ့သော မှောင်မိုက် အမှုတို့နှင့် မဆက်ဆံသည် သာမက ၊ ထိုအမှုတို့၏ အပြစ်ကို ပြလော့ ၊ အကြောင်းမူကား သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသော အမှုများတို့ကို စကားပြောကာမျှ၌ ညစ်ညူးခြင်း ပါသေး၏ ” ( ၅း၁၁-၁၂ ) ဟုဆိုထားပါ၏ ။

ကျွန်ုပ်တို့၏ စောင့်ထိန်းရမည့် တာဝန်မှာ အလင်းတော်၌ ကောင်းမွန်စွာ ၊ ဖြောင့်မတ်စွာ ၊ သစ္စာရှိစွာ ( ၉ ) အသက်ရှင် နေထိုင်ခြင်းနှင့် မကောင်းသော အမှုအရာများကို ရှောင်ရှားခြင်း ( ၁၁ ) ဖြစ်ပါသည်။ ဟန်းဒရစ်ဆင်း ၏ သမ္မာကျမ်း အနက်ဖွင့် ဆိုချက်စာအုပ်တွင် အလင်း၌ နေထိုင်သော သူများသည် မိမိကိုယ်တိုင် အလင်းဖြစ်စေဖို့ အမှောင်မိုက်၌ မိမိ၏ အလင်းကို ထွန်းလင်းပြနိင်ဖို့ ဖော်ပြထားပါသည်။

ကျွန်ုပ်တို့သည် ငါသာ မှန်၏ ငါသာ သန့်ရှင်း မြင့်မြတ်၏ဟု ဂုဏ်ယူ ၀င့်ကြွားဖို့ မဟုတ်ဘဲ မှောင်မိုက်၌ နေသောသူများကို ပုံသတ်သေ ပြနိင်ဖို့သာ ဖြစ်ပါသည်။.....Anne Cetas

Lord, keep us from entanglements
That choke Your Spirit's work within,
So we can then reflect Your light
Into a world that's dark with sin...... Sper

ထာဝရ၏ ဘုရားသခင်၏ သားသမီးများသည် အမှောင်လမ်း၌ မပျော်မွေ့ကြ ။


0 comments: