Monday, March 17, 2008

သူတပါးအသက်ရှင်ရန် အလိုဌါ။

အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကို တို့အတွက် ငါသည် ကိုယ်တိုင်ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကိုခံချင်လောက်အောင် စိတ်ရှိ၏။ ရောမသြဝါဒစာ ( ၉း ၃)

The Guardian ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတခုက အမေရိကန် ပင်လယ်ကမ်းရိုးတန်း ကယ်ဆယ်ရေးသမား တွေအကြောင်းဖော်ပြထားပါတယ်။ သင်တန်းကာလ ၁၈ ပတ်မှာ လေရဟပ်ယာဉ်မှ ဆင်းပြီး ပင်လယ်ထဲမှာ ဒုက္ခရောက်နေသူများကို သင်ကြားလေ့ကျင့် ရပါတယ်။ သူတို့ကိုယ်တိုင် ကိုယ်ခန္ဓာအပူချိန်ကျဆင်းခြင်း၊ ရေနှစ်ခြင်း ဆိုတဲ့ ဘေးအန္တရယ် ကြုံရမယ်ဆိုတာ သိပေမဲ့ စွန့်စားသင်ကြား နေကြတဲ့ ရည်ရွယ်ချက်က သူတပါး၏ အသက်ကို ကယ်တင်ရန် အဖို့ ဘဲဖြစ်ပါတယ်။

စာရေးဆရာ ဖော့ဆီ၏ စာအုပ်ထဲမှာလည်း မိမိယုံကြည်ခြင်းကြောင့် ရရှိသော ငြင်းပန်းနှိပ်စက်ခြင်းများ၊ အမျိုးမတူတဲ့ ကယ်တင်ခြင်း၊ ပေးဆပ်မူ့ စသည်တို့ကို များစွာ တွေ့မြင်ရပါတယ်။ ဖော့ဆီဟာ ယေရူခရစ်တော်၏ ချစ်ခြင်းမေတ္တာတရားကို ဝေဌမူ့ကြောင့် အသက်ပေးလိုက်ရသူများ စရင်းကိုလည်း တတ်နိုင်သမျှ ဖော်ပြထားပါတယ်။ အသက်ကိုစတေးရမယ် ဆိုတာ သိပေမဲ့ မိမိ၏ ယုံကြည်ခြင်းကို ဝေဌခဲ့ကြတယ်။

တမန်တော်ရှင်ပေါလု ကိုယ်တိုင်လည်း သူ၏နှလုံးသားထဲမှ ခရစ်တော်အကြောင်းကို ညီအစ်ကိုတို့ သိစေရန်အလို့ဌါ အသက်အန္တာရယ်ကို မထောက်ဟောကြားခဲ့တယ်၊ (ရောမ ၉း၃)

ကျွန်ုပ်တို့ သည်လည်း ထာဝရအသက်တာ ကိုမျှော်ကိုးလျှက် တပါးသူ အတွက် မိမိအသက်ကို စတေးခဲ့သော သူများကို အတုယူ လျှောက်လှမ်းကြပါစို့........Bill Croder

Rescue the perishing,duty demands it...
Strength for thy labor the Lord will provide;
Back to the narrow way patiently win them,
Tell the poor wanderer a Savior has died...... Crosby

ကားတိုင်တော်သည် ဘုရားရှင် ချစ်မြတ်နိုးသော လူသားများအတွက် နှလုံးသားပေတည်း။

0 comments: