Thursday, March 13, 2008

ယုံကြည်ခြင်းအတွက် အသင့်ရှိနေသူ


ယေရှု
ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့် ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည် သာမက၊ ထိုတောင်ကို ပင်နေရာမှ ရွှေ့လော့၊ ပင်လယ်၌ ကျလော့ဟု ဆိုလျှင် ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်၊ ယုံကြည်ခြင်းပါလျက် ပဌနာ ပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

(ရှင်မဿဲ ၂၁း၂၁-၂၂)


ကျွန်ုပ် ဆုတောင်းသံများသည် ပြည့်ဝသော ယုံကြည်ခြင်းမှ သွေဖယ်နေတတ်ပါ၏၊ ကိုယ်တော် နားညောင်းနေကြောင်းကို သံသယ ရှိနေခြင်းကိုလည်း ကျွန်ုပ်ကိုယ်၌ တွေ့နေရပါ၏ဘုရား၊ သံသယ မြူမှုန်မှ မရှိသော ယုံကြည်ခြင်း နှလုံးသားကို ပေးသနားတော် မူပါဘုရား၊ ကိုယ်တော်နှင့် ပို၍ နီးစေပါ၊ စာတန်မာနတ်၏ စုံစမ်းနှောက်ယှက်ခြင်း များမှလည်း ကင်းလွှတ် စေပါ။
ကိုယ်တော်၏ ဘုန်းတော်၊ နာမတော် ကိုအမည်ပြု၍ ဆုတောင်းသော ကျွန်ုပ် ၏ နုတ်ခမ်း မှလည်း ပြည့်ဝသော ယုံကြည်ခြင်း ကို ဖော်ကျူးနိုင် မည့် အကြောင်း ဆုတောင်းပါ၏၊

အာမင်။


0 comments: