Tuesday, March 25, 2008

ရိုးသားသော သံသယ။

(မတ်ခ်ျလ ၂၅ ရက်၊ ၂၀၀၈၊ အင်္ဂါ နေ့)

ကိုယ်တော်ကို တွေ့မြင်၍ ပြပ်ဝပ် ကိုးကွယ်ကြ၏။ အချို့တို့သည် ယုံမှားခြင်း ရှိကြ၏။
( ရှင်မဿဲ ခရစ်ဝင် ၂၈း ၁၇ )

ကျွန်ုပ်တို့၏ အတွေ့အကြုံအရ လူသားတို့မည်သည်ကား၊ အုတ်ဂူမှ ပြန်လည် ရှင်ပြန်ထမြောက်လာ ခြင်းမရှိဟု ယုံကြည်ထားပါသည်။ အထီးကျန်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း ဆိုတဲ့ အမည်မဖော်နိုင်သော ခံစားချက်က ချစ်သောသူတဦး သို့မဟုတ် အသိတယောက်ယောက်က ဆုံးတယ်ဆိုတာနဲ့ ရင်ကိုလှိုင်းခတ် စေတတ်ပါတယ်၊ ဘယ်သောအခါမှ ပြန်လည်ဆုံးဆည်းတော့မှာ မဟုတ်တော့ဘူးဆိုတဲ့ အသိက နှလုံးသားတခုလုံးကို ဆွဲနုတ်သွားသလိုခံစားရတတ်တယ်။ ကျွန်ုပ်တို့ အသုဘ သွားတိုင်း သေဆုံးသူကို ဂုဏ်ပြုဖို့နဲ့၊ သူ့ကို အမှတ်ယသော် အားဖြင့် သွားတာပါ၊ သေဆုံးသူကိုယ်တိုင် တံခါးဝမှာ နုတ်ဆက်ကြိုဆို နေလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက် နဲ့မဟုတ်ပါဘူး။

ဒါကြောင့်မို့လည်း ခရစ်တော်ရဲ့ တပည့်တော်တွေဟာ ယေရူခရစ် ရှင်ပြန်ထမြောက်ခြင်းကို မေ့လျှော့နေကြတာပေါ့နော်၊ ယုံကြည်သူ အမျိုးသမီးတဦး လာပြောမှဘဲ၊ သွားကြည့်ကြတယ်။ တပည့်တော် ၁၁ ပါးက ဂါလိလဲပြည်ရှိ တောင်ပေါ်သို့ ယေရူခရစ်နဲ့ အတူလိုက်သွားကြတယ်၊ ယေရူခရစ်ကို မြင်ပြီး ပပ်ဝပ်ကိုးကွယ်ကြတယ်၊ ဒါပေမဲ့ သံသယရှိသူတွေလည်း ပါသေးတယ်လေ။

ယေရူခရစ်ရဲ့ မိန့်မှာချက်၊ သင်ကြားချက်၊ အံ့သြဖွယ်ရာ နမိတ်လက္ခဏာတွေကို မြင်တွေ့၊ ကြုံတွေ့နေတဲ့ တပည့်တော်များတောင် ယေရူခရစ် ရှင်ပြန်ထမြောက်ခြင်းကို သံသယဝင်နေကြသေးတယ်။ ရိုးသားသော် သံသယဟာ ခဏတွင်းမှာ ပျောက်ကွယ်သွားပြီး၊ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းတွေကို ရရှိစေပါတယ်။

ကျွန်ုပ်တို့သည်လည်း ခရစ်တော်ကို သံသယ ဝင်နေကြပါသလား၊ ကျွန်ုပ်တို့၏ အတွေ့အကြုံတွေက အတိတ်ရဲ့အမှား၊ ပစ္စုပန်ရဲ့ ရုန်းကန်မှု့ အခက်အခဲ၊ အနာဂတ်ရဲ့ မျှော်လင့်ချက် မပြောင်းနိုင်ဘူးလို့ ပြောနေကြသလား၊ အစ်စတာရဲ့ အထိမ်းအမှတ်က ဘုရားမတတ်နိုင်တဲ့ အရာ ဘာမှမရှိဘူးလို့ ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။....David McCasland

Where Jesus reigns there is no fear,
No restless doubt, no hopeless tear;
No raging sea nor tempest dread,
But quietness and calm instead......... Anon.


ကားတိုင်လမ်းကိုတချက်စောင်းငဲ့ ကြည့်လိုက်ရုံနဲ့ သင့်၌ရှိနေသော သံသယများ ပျောက်ကွယ်သွားပါလိမ့်မယ်မိတ်ဆွေ။

0 comments: