Wednesday, March 19, 2008

အမှတ်ရဖို့ရန်


ခမည်းတော်သည် ငါ့အား ပေးတော်မူသော်ခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။

( ရှင်ယောဟန်ခရစ်ဝင် ၁၈း ၁၁ )

သင့်ဘဝ၌ နာကျင်ခြင်း၊ ဆုံးရှုံးခြင်း ဆိုတဲ့ ခါးသီးတဲ့ အရာတွေကို မည်းစမ်းကြည့်ဖူးပါသလား၊ ဒုက္ခဆင်းရဲ၊ ကြမ်းတမ်းမှု့တွေကို ဘဝထဲက ကျော်လွန်၊ တွန်းထုတ်လိုက်ဖို့ ကြိုးစားဘူးသလား၊ အဲဒီချိန်မှာ ဖန်ဆင်းရှင် ဘုရားကိုယ်တိုင် ကျွန်ုပ်တို့ ကြုံတွေ့နေရတာတွေကို ကိုယ်ချင်းမစာဘူးလား ဆိုတဲ့ မေးခွန်းဖြစ်ပေါ်လာတတ်တယ်။ ဒီချိန်မှာ ကားတိုင်တော်ပေါ်က မှောင်မဲအတိ၊ အနီးစပ်ဆုံး သူတွေထံမှ လှည့်စားခံရမှု့ဆိုတဲ့ ခါးသီးမှု့ကို မမေ့ပါနဲ့။

ယေရူခရစ်တော်သည် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိကိုခံယူ ထားတာဖြစ်တယ် ဆိုတာမမေ့စေချင်ဘူး။ လူမဆန်စွာ ကားတိုင်ပေါ်မှာ ကျွန်ုပ်တို့ အပြစ်များစွာအတွက် အပြစ်မဲ့ အသေသတ်ခြင်းကို ခံရလိမ့်မယ်ဆိုတဲ့ အချိန်၊ လူ့ဇာတိအနေနဲ့ တုန်လှုပ်မိတာ အဆန်းပါဘူး။ "ဤခွက်သည် ကျွန်ုပ်ကို လွန်သွားနိုင်လျှင်လွန်သွားပါစေသော" (ရှင်မဿဲ ၂၆း၃၉) တဲ့ ကျမ်းပိုဒ်ကို ကြည့်ခြင်းအားဖြင့် ယေရှုခရစ်၏ လူ့ဇာတိသဘောကို သိနားလည်စေပါသည်။ ဘယ်ဘုရင်ကမှ ယေရှုခရစ်အား တရားစီရင်တာ မဟုတ်ဘဲ၊ ဘုရား၏ ချစ်ခြင်းမေတ္တာ ကို သိရှိနိုင်ပါသည်။

တုနှိုင်းမဲ့ ချစ်ခြင်းမေတ္တောကို အမှတ်ရခြင်းအားဖြင့် အောက့်မေ့လျက် ကားတိုင်လမ်း လျှောက်လှမ်းကြပါစို့။ ယေရူခရစ် အသေခံသွား ခြင်းသည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အပြစ်မဲ့ အသေတော်ခံသွားခြင်း ဖြစ်သည်။......Vernon Grounds


Death and the curse were in our cup
O Christ, 'twas full for Thee!
But Thou hast drained the last dark drop
Now blessings there for me...... Anon.

စုံစမ်းနှောက်ယှက်မှု့ ကြားမှ ယုံကြည်ခြင်း တိုးများလာသည်။



0 comments: