Wednesday, March 26, 2008

ကိုယ်ပိုင် ဘုရား ကိုဖန်ဆင်းယူခြင်း။

( မတ်ခ်ျလ၊ ၂ရ ရက်၊၂၀၀၈ )

ထာဝရအသက် ဟူမူကား၊ မှန်သော ဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရူခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။ (ရှင်ယောဟန် ခရစ်ဝင် ၁၇း၃ )

ကျွန်ုပ်သည် ရေချိုးခန်း၊ မြေအောက်ခန်းဆောက်လုပ်ပြီး၊ နောက်ဆောင်တွဲလေးမှာတောင် မီးကြိုးများကိုတပ်ဆင်နဲ့ ကိုယ်လက်နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ အရာအားလုံးကို စိတ်ကြည်နူးစွာ ကြည့်မိတယ်။ အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ ဆိုင်ရှိနေသ၍ ကျွန်ုပ်သည် မိမိကိုယ်တိုင် အိမ်ကို ပြုပြင်မွမ်းမံ တည်ဆောက်မှု့ကို အားရကျေနပ်နေအုံးမည်ဖြစ်သည်။

ဒါပေမဲ့ တချို့သောသူတွေသည်၊ မိမိကိုးကွယ်သော ဘုရားကိုပင် ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးယူတတ် ကြပါသည်။ ဆယ်ကျော်သက်ရွယ်များကို လူငယ်တာဝန်ခံ သင်းအုပ်ဆရာက ဘုရားသခင်ကို မည်ကဲ့သို့မြင်ကြောင်း မေးခွန်း အမေးအဖြေ၊ မေးပုံ ဖြေပုံကို တပတ်စာသတင်းများ မဂ္ဂဇင်းမှ သတင်းထောက်က ဤကဲ့သို့ပြန်လည် ပြောကြားပါသည်၊ လူငယ်တဦးက သူ၏အဖိုးဖြစ်သူကဲ့သို့ထင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ရှိနေကြောင်းကို သိသော်ငြားလည်း တွေ့ခွင့်မရသောကြောင့်။ နောက်တယောက်ကလည်း မကောင်းတဲ့သူ၊ သူ့ကိုအမြဲတမ်း ဆုံးမချင်သောသူ၊ နောက်ဆုံးတယောက်ရဲ့ အဖြေက၊ အားလုံးဟာမှန်တယ် အဘယ့်ကြောင့်လည်း ဆိုတော့ အားလုံးဟာ မိမိယုံကြည်သလို ထင်သော်ကြောင့်လို့ဖြေကြားသွားပါတယ်။

ကျွန်ုပ်တို့သည် မဲနိုက်သလို ဘုရားသခင် မည်သူမည်ဝါဖြစ်ကြောင်းကို အဆုံးအဖြတ် ပေးနေကြပါသလား၊ ကျွန်ုပ်တို့ ကြိုက်တဲ့ပုံစံတိုင်း ဘုရားကို ဖန်းတီးယူနေသူ ကျွန်ုပ်တို့ဖြစ်နေကြပြီလား၊ အစာလျှော့၊ အလှပြုပြင်ခြင်း ခောတ်စားနေရာယူလာသော် ဤခောတ်ကြီး၌ မိမိတို့၏ အဟာရများကို မိမိကိုယ်တိုင် ဖန်တီးယူမှု့သည် အန္တရယ် ရှိလာနိုင်သကဲ့သို့၊ ဘုရားသခင်ကို မိမိလိုသောပုံစံအတိုင်း ဖန်တီးယူမှု့သည် ကြောက်မက်ဖွယ်ရာ ဖြစ်ပါ၏။ (ရှင်ယောဟန် ၁၇း၃ )

ယုံကြည်ခြင်းကို အမှတ်ပြုသော သမိုင်းဝင် သူများပြောပြချက်အရ၊ ဘုရားသည် ဝိညာဉ်၊ မဆုံးနိုင်သော၊ ထာဝရ၊ မပြောင်းလဲနိုင်သောသူဖြစ်ကြောင်းကိုဖော်ပြထားပါ၏၊ ဘုရားသခင်ကို ရှာဖွေကြည့်ကြပါစို့၊ ဆုတောင်းခြင်းအားဖြင့် ယေရူအသွေးတော်ကို ပေါင်းကူးတံတားပြု၊ ဘုရားသခင်၏ ဂုဏ်ကျေးဇူးကိုပြန်လည် အောက်မေ့ပြီး အသက်ရှင်ကြပါစို့။........... Dave Branon

The gods of this world are empty and vain,
They cannot give peace to one's heart;
They living and trye One deserves all ourlove'
From Him may we never depart.......... D De Hann


အဆုံးမရှိသော ဘုရားကို၊ အဆုံးကိုရှိသော လူသားများက တိုင်းတာလို့မရပါဘူး။

0 comments: