Friday, March 28, 2008

ပညာကျေးဇူးတော်။

အချင်းလူ၊ ကောင်းသော လမ်းကို ပြတော်မူပြီ၊ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ဘုရားသခင့် ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကိုထာဝရဘုရားတောင်းတော်မူသနည်း။ (မိက္ခာအနာဂတ္တိကျမ်း ၆း၈)

အိုအဖ၊ ခုတလောကျမသည် အရာရာကို အလိုမကျ၊ စိတ်ဆိုး၊ စိတ်တိုလွယ်၊ ဘုရားအလိုတော်တိုင်း လျှောက်လှမ်းရင်း၊ လူ့ဇာတိပေါ်လာပြီး လူတွေအပေါ် အကောင်းမမြင်နိုင် ဖြစ်နေပါတယ်။ အိုအဖ၊ ကျွန်ုပ်အား လူတွေမှာရှိနေတဲ့ မကောင်းတဲ့ အရာအားလုံးကို အကောင်းဘက်က ကြည့်မြင်တတ်ပြီး၊ အဖဘုရား၏ အလိုတော်ကို လိုက်နာတတ်သော၊ အခြေအနေတွေ အားလုံးကို အကောင်းဆုံးဖြစ်အောင် ကျော်လွှားနိုင်သောခွန်အား၊ ဥာဏ်စွမ်း ပေးသနားတော်မူပါ။

ဖြောင့်မတ်ခြင်းနှင့် သနားကြင်နာခြင်းသည် ကျွန်ုပ် ယုံကြည်ခြင်း၏ အဓိကအရာများ ဖြစ်ကြောင်း သတိရစေပါ။ ကျွန်ုပ်၏ အမူအကျင့်တိုင်းသည် ထာဝရရှေ့မှောက်၌ တင့်တယ်သော ပူဇော်သက္ကာဖြစ်လျှက် လူအများကိုလည်း သက်သေပြနိုင်သော အခွင့်ပေး သနားပါမည့် အကြောင်း တပါးတည်းသော သားတော်ကိုအမည်ပြုလျှက် တောင်းလျှောက်ပါ၏ ဘုရား၊ အာမင်။

0 comments: