Monday, March 17, 2008

အကျွန်ုပ် ဆုတောင်းသံလက်ခံမူပါ၊

အကျွန်ုပ်သည် စေတနာစိတ်ရှိ၍၊ ကိုယ်နုတ်နှင့် ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။
ဆာလံကျမ်း ( ၁၁၉း ၁၀၈ )

အကျွန်ုပ်၏ ယုံကြည်ခြင်းနှင့် ဆုတောင်းသံများကို ပြည့်စုံတော်မူစေ၍ လက်ခံတော်မူပါ၊ အကျွန်ုပ်၏ ဆုတောင်းသံများသည် ကိုယ်တော့်ရှေ့၌ တင့်တယ်သော ပူဇော်သက္ကာ ဖြစ်စေမူပါ၊ အကျွန်ုပ်၏ နှလုံးသားကို လက်ခံတော်မူ၍ ကိုယ်တော်၏ အလိုနှင့်ပြည့်စုံစေမူပါ၊ နာမတော်ကိုအမှီပြုလျှက် တောင်းလျှောက်ပါ၏ အိုအဖ၊ အာမင်။

0 comments: