Sunday, March 16, 2008

အတွင်းစိတ်မှန်မြင်တွေ့ခြင်း။



လူအတွင်းမှထွက်သောအရာမူကား၊ လူကို ညစ်ညူးစေသော အရာဖြစ်၏။ လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤ ဆိုးညစ်သော အရာများတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည် ဟုမိန့်တော်မူ၏။ (ရှင်မာကု ၇း၂၁-၂၃)


ဖရဲသီးဝယ်ခြင်းသည် ကျွန်ုပ်အတွက် အခက်ခဲဆုံးသော တာဝန်တရပ်ဖြစ် ပါသည်၊ အဘယ့်ကြောင့်ဆိုသော် အပြင်ပန်းအားဖြင့် လှပပြေပြစ် နေသောငြားလည်း အတွင်း၌ ပုတ်နေတတ်သော ကြောင့်ဖြစ်သည်။ ဒါကြောင့် ကျွန်ုပ် ဖရဲသီးဝယ်မယ်ဆိုတိုင်း ပုတ်ကြည့်၊ ဖိကြည့်၊ လူတွေကြည့်မနေဘူး ဆို ရင်ညစ်တောင်ကြည့်လိုက်လုပ်မိပါသည်။

ယေရူခရစ်တော်နှင့် တပည့်တော်တို့ ရေမဆေးသောလက်နှင့် အစာစားခြင်းကို ဖာရိရှဲ တို့မြင်သောအခါ အပြစ်တင်ကြ၏၊ အဘယ့်ကြောင့်ဆိုသော် ရေမဆေးသောလက်နှင့် အစာစားခြင်းသည် ရှေးလူဟောင်းများ၏ ဓလေ့နည်းဥပဒေသနှင့် ဆန့်ကျင်သောကြောင့် ဖြစ်သည်။ ယေရူခရစ်ကလည်း ချက်ချင်း "သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို ကျင့်ရသော အခွင့်ရှိစေခြင်းဌါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။" (ရှင်မာကု ၇း၉) ဟုတုံ့ပြန်တော်မူ၏၊ ဖာရိရှဲ များကိုလည်း သူတော်ကောင်း အယောင်ဆောင်များ ဟုဆိုပြီး၊ လူအတွင်းမှ ထွက်သော အရာသည် လူကိုညစ်ညူးစေသော အရာဖြစ်၏ (၇း၁၆ ) ဟုရှင်းပြတော်မူ၏။

ကျွန်ုပ်တို့သည် ဆင်ခြင်တုံတရား မရှိပါက၊ အပေါ်ယံအမြင်၊ အလှ၊ သဘောထား ကိုသာ အလေးထား လျှက်၊ စိတ်နှလုံး၏ အရေးပါမှု့ကို မေ့လျော့နေတတ်ကြပါသည်။ ဒုစရိုက်အမှု့များ ရှောင်ရှားခြင်း၊ ဓလေ့ထုံးတမ်း များကို လိုက်နာခြင်းဖြင့် မိမိ ကိုယ်ကို အမှန်တရား၌ လျှောက်လှမ်း နေသူအဖြစ် မြင်လျှက် သူတပါး၏ အပြစ်များကို စီရင်ချက်ချလာတတ် ကြပါသည်။ ကျွန်ုပ်တို့၏တလွဲဆံပင် အတွေးအခေါ်၊ အမူအကျင့်များသည် ကိုယ့်ကိုယ်ကို အထင်ကြီးစေ၍ တသီးတခြားဖြစ်စေတတ်သည်၊ ထိုကဲ့သို့သော် သူများကို ယေရူခရစ်သည် သူတော်ကောင်းယောင်ဆောင်သူများ အဖြစ်ကဲ့ရဲ့ ရှုံ့ချခဲ့သည်၊

ကျွန်ုပ်တို့၏ ပင်ဂိုအရင်းခံစိတ်နှလုံး၊ အတွေး၊ အမူအကျင့်၊ သည်သာလျှင် သခင်ယေရူရှေ့၌ အရေးကြီးကြောင်း ဆင်ခြင်ကြပါစို့။ .........Joe Stowell

သင်၏စိတ်နှလုံး တခုတည်းသာလျှင် သခင်ယေရူ့ သည်အလေးထားပါ၏။


0 comments: