Thursday, March 27, 2008

နိကောဒင်နှင့် အမှောင်ည။

( မတ်ခ်ျလ ၂၇ ရက်၊ ၂၀၀၈ )

ငါ့ကို ယုံကြည်သမျှသော သူတို့ သည် မှောင်မိုက်၌ မနေစေခြင်းဌာ ငါသည် အလင်းဖြစ်လျှက် ဤလောကသို့ကြွလာပြီ။ ( ရှင်ယောဟန် ခရစ်ဝင် ၁၂း ၄၆ )

နိကောဒင် ကိုယ်တိုင်က ဖာရှိရှဲ(ကျမ်းသပ်ပုဂ္ဂိုလ်) ဖြစ်ပြီး၊ ရောမ တို့၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ပါဝင်သူ တယောက်ဖြစ်နေလို့၊ ရှက်တာလား၊ အကာအကွယ်ယူချင်လို့လား၊ မသိရပေမဲ့၊ ရှင်ယောဟန်၏ ကျမ်းအရ နိကောဒင်သည် ယေရူခရစ်ထံသို့ ညအချိန်၌ လာခဲ့သည်။

တချို့လူတွေက ညကအေးချမ်းလို့၊ တချိုကျပြန်တော့ ယေရူနဲ့တွေ့ရဖို့ မေးခွန်းတွေမေးဖို့ ပိုအဆင်ပြေလို့ ဆိုပြီးပြောကြတယ်။ နိကောဒင် ဘာကြောင့် ညအချိန်မှာမှ ယေရူခရစ်ထံသွားတယ်ဆိုတာ မသိပေမဲ့ ရှင်ယောဟန် က နိကောဒင် အကြောင်းပြောတိုင်း ယေရူကို ညအချိန် သွားတွေ့သူလို့ အမြဲသုံးတာတွေ့ရတယ်။

နိကောဒင်ကို လူတွေက မောရှေ၏ တရားများလိုက်နာလို့ လူကောင်းတယောက် အဖြစ်သတ်မှတ် ဆက်ဆံကြတယ်၊ လူ့အမူအကျင့်၊ ထုံးတမ်းစဉ်လာဟာ အဓိက မကျဘူး။ နိကောဒင် ကိုယ်တိုင်က ယေရူခရစ်ကို ရှင်းရှင်းလင်းလင်း မသိခြင်းက ပညာအမှောင်ထဲမှာ ကျင်လည်နေခြင်းဘဲဖြစ်တယ်။ ဒါပေမဲ့ သူဟာ အလင်းတရားရှိရာကို ယေရူခရစ်အားဖြင့် ဆွဲခေါ် ခြင်းခံရပါတယ်၊

ထိုနည်းတူစွာ ကျွန်ုပ်တို့ကိုလည်း အမှောင်ကမ္ဘာထဲက ရုန်းထွက်၊ လွတ်မြောက်နိုင်ဖို့ ဘုရားရှင်ကမိန့်မှာထားပါတယ်၊ ယုံကြည်သူအပေါင်းတို့ဟာ အမှောင်ထဲမှာ မနေဘဲ၊ အလင်း၌ ပျော်မွှေ့သောသူများသာဖြစ်ပါသည်။........... Cindy Hess Kasper

Our search for truth is hindered by
The darkness of the night,
Until the Bright and Morning Star
Reveals His brilliant light......... Sper

ယေရူခရစ်ကို ယုံကြည်ကိုးစားသူတိုင်းသည် အမှောင်၌ လဲကျနေသူများမဟုတ်၊ အလင်းသို့ လှမ်းလျှောက်နေသူများသာ တည်း။

0 comments: