Monday, March 31, 2008

In the driver's seat!

April 1, 2008.

Let your light so shine before men, that they may see your good works and glorify your Father in heaven. Matthew 5:16

I love the story of the stressed - out woman who was tailgating a man as they drove on a busy boulevard. When he slowed to a stop at a yellow light, the woman hit the horn, cussing and screaming in frustration and gesturing angrily. As she was still in mid-rant, she heard a tap on her window and looked up into the face of a police officer who ordered her to exit the car with her hands up. He took her to the police station and placed her in a holding cell.

An hour later, the officer returned and said, " I'm sorry, Ma'am. This has been a big mistake. When I pulled up behind you, I notice your ' What Would Jesus Do?' license plat holder and your 'Follow Me to Sunday School' bumper sticker. I assumed the car was stolen!'

Satan doesn't care so much if you're a Christian as long as you don't act like one. If he can get you to live by his signals, he can damage and disarm you every time and dishonor the name of Christ in the process.

Instead, Jesus calls believers to be "salt" and to "Let your light so shine before men, that they may see your good works and glorify your Father in Heaven" (Matt 5:16).

With Jesus in the driver's seat of our lives, we can show off the love and glory of God.......Joe Stowell

Called to be salt and light in this world,
Called to preserve and to shine,
Called to reflect the glory of God-
Oh, what a calling is mine!......Fitzhugh

Don't let Satan manage the details of your life.

Sunday, March 30, 2008

ယေရူခရစ်တော်အား ရှာဖွေခြင်း။

မတ်ခ်ျလ၊ ၃၁ ရက်၊ ၂၀၀၈

ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏၊ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ ( ဗျာဒိတ်ကျမ်း ၃း ၂၀ )

ကျွန်ုပ်သာ "ဝါဒို" ဘယ်မှာလဲလို့ မေးခဲ့ရင်၊ လူတော်များများက ၁၉၈၀လောက်က နာမည်ကြီး ကလေးပုံပြင်စာအုပ်မှ ပုံကိုသတိတရ ရှိကြမှာဘဲ။ အနီနဲ့ အဖြူစင်းကြား အကျီနဲ့ ဦးထုပ်ကို ဝတ်ဆင်ထားပြီး၊ ပုန်းနေတတ်သော၊ ပုညက်သေးလေးက ရှာဖွေရ အလွန်ခက်ခဲပါတယ်။

ဒါပေမဲ့ သခင်ယေရူဟာ ဝါဒိုပုံလေးလောက် ရှာဖွေရ မခက်ခဲပါဘူး၊ ယေရူက ငါသည်တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏ဟု ဆိုထားပါသည်။ သင်၏ နှလုံးသား တံခါးဝ၌ ရပ်လျက်ဝင်လာဖို့ရန်စောင့်နေပါသည်။ ဘုရားကျောင်းထဲမှာ တွေ့ဆုံဖို့တခုတည်းမဟုတ်၊ သင့်နှလုံးသား၊ ဘဝ၊ ရည်မှန်းချက်၊ အိမ်မက်၊ အရာအားလုံးမှာ အဓိကသောနေရာက ပါဝင်ဖို့ရန် နှလုံးသားတံခါးကို ခေါက်နေပါသည်။

အဘယ်မျှအံ့ဖွယ်သော ကျေးဇူးတော်နည်း။ ကျွန်ုပ်တို့၏ နှလုံးသားသည် မာကျောနေတတ်ပါသည်၊ ဘုရားအလိုတော်ကို လိုက်နာရန်ခက်ခဲ နေတတ်ပါသည်။ သို့သော် ဘုရားရှင်နှင့် အစဉ်အမြဲ နှလုံးသားနှင့် ဆက်သွယ်နေခြင်းသည် အဖိုးတန်ဆုံးဖြစ်ပါသည်။ ယေရူခရစ်တော်ကို သင်၏နှလုံးသားမှ လက်ခံ၍ သင်းပျံသော ရနံ့နှင့် ပြည့်စုံစေပြီး၊ ဘုရားရှင်၏ ဘုန်းတော်၊ သန့်ရှင်းစုံလင်ခြင်း၊ များ၌ ပျော်မွေ့နိုင်ပါစေ။

အဘယ်သူသည် သင်၏နှလုံးသားတံခါးကို လာရောက်ခေါက်နေ သနည်း၊ ဝမ်းမြောက်စရာ သတင်းစကားသည်၊ ယေရူရှင် ကိုယ်တိုင်သာ ဖြစ်နေသော ကြောင့်တည်း။........... Joe Stowell

Sweetest of all of life's blessings,
Communion with Christ above,
Assured of His constant presence,
His matchless, eternal love....... Anon

ယေရူရှင်သည် သင်၏နှလုံးသားတံခါးဝ၌ ရပ်နေပါ၏၊ ဝင်ခွင့်ပြုပါ။

Saturday, March 29, 2008

Thr Richness of Humility

March 30, Sunday 2008

Neither he who plants is anything, nor he who waters, but God who gives the increase. 1 Corinthians 3:7

She live out spiritual humility, yet she had much on a human level to be proud of. As an author of over 70 books and a translator of many others into Afrikaans, Annalou Marais had much cause to brag- but she was more concerned about honoring Christ than advancing herself. She worked behind the scenes of the Bible conference, doing a servant's tasks with a smiling face and a joyful heart. It would have been natural for her to desire, and even deserve, the spotlight. Instead, she quietly served, joyfully weeping as God worked in people's hearts. It was an impressive humility, because it was completely genuine.

I have heard it said, "It is amazing what can be accomplished when we don't care who gets the credit." this is certainly true of Christian service. Paul told the church at Corinth, " I planted, Apollos watered, but God gave the increase. So then neither he who plants is anything, nor he who waters, but God who gives the increase" ( 1 Cor 3:6-7). Paul had learned that great lesson of the servant's heart, as Annalou has learned-- it's entirely about God. What we do is accomplished by His power and grace, and all the glory must go to Him.

It was a lesson in humility watching Annalou, and one that reminded me of the richness of serving God...... Bill Crowder

God often uses lowly things
His purpose to fulfill,
Because it takes a humble heart
To carry out His will........ D.De Haan

Pride and grace cannot dwell in the same place.

အများထဲမှ တစ်ယောက်


အို ဘုရားသခင် ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ချီးမွမ်းရပါ၏ ။ ကိုယ်တော်အားလည်း သစ္စာဝတ်ကို ဖြေရပါ၏။ ပဌနာစကားကို နား ထောင်သော မူသော ဘုရား ၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရပါလိမ့်မည်။ မတရားသော အမှုသည် အလွန်များ၍ အကျွန်ုပ်သည် မတက်နိင်ပါ။ သို့သော်လည်း အကျွန်ပ်တို့ ပြစ်မှားခြင်း အပြစ်များကို ကိုယ်တော် ဖြေရှင်းတော်မူမည်။ (ဆာလံကျမ်း ၆၅း၁-၃)

အကျွန်ပ်သည် ကိုယ်တော် ဖန်ဆင်းထားသော အများထဲမှ တစ်ဦးဖြစ်ကြောင်း အကျွန်ုပ်သိပါ၏ ။ အကျွန်ပ်၏ ဆုတောင်းသံသည် ကိုယ်တော်နားတော်သို့ ရောက်ရှိလာသော အများထဲမှ တစ်ဦး၏ ချီးမွမ်းသံ ဖြစ်ပါသည်။ အကျွန်ုပ်ပြုသော အပြစ်သည် အသက်တာ၏ မြောက်မြားစွာသော အပြစ်ထဲမှ တစ်စုံတစ်ခုသာ ဖြစ်ပါသေး၏ ။ သို့သော်လည်း ကိုယ်တော်သည် နားထောင်တော် မူ၍ အကျွန်ုပ်ကို ချမ်းသာ ပေးတော်မူ၏။

အကျွန်ပ်သည် နှိမ့်ချခြင်း ၊ အလုံးစုံတို့နှင့် ကိုယ်တော့်ကို စစ်မှန်စွာ ကိုယ်တော်၏ အတောင်တော် ရိပ်မှာ ငြိမ်သက်ခြင်း ရရှိပါ၏။ အကျွန်ပ်ဆုတောင်းနေသော အချိန်၌် အကျွန်ပ်သည် အများထဲမှ တစ်ယောက်မဟုတ်တော့ဘဲ ကိုယ်တော်၏ ဂရုနာတော် ခံစားရသော် တစ်ဦးတည်းသောသူ ဖြစ်သွားပါ၏။


Friday, March 28, 2008

မကောင်းသော အမူအရာများ တွေ့မြင်နိင်ခြင်း

မတ်လ ၂၈ ၂၀၀၈ ခုနှစ်

အကြောင်းမူကား သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသော အမူအရာတို့ကို စကားပြောကာ မျှ၌ ညစ်ညူးခြင်း ပါသေး၏။ ( ဧဖက်သြ၀ါဒစာ ၅း၁၂ )

ကျွန်ုပ်သည် ဆရာဝန် ရုံးခန်း၌ မိမိအလှည့်အတွက် ထိုင်စောင့်နေစဉ် လွတ်လပ်စွာ ပြောဆိုခွင့်၏ အရေးကြီးပုံ စာမူတစ်ခုကို ဖတ်ရပါ၏။ ညစ်ညမ်းသော ရုပ်ပုံ ၊ ညစ်ညမ်းသော ဗီဒီယို ဇာတ်လမ်းများသည် အကျွန်ုပ်တို့ကို မိမိကိုယ်တိုင် အမှားပြုပြင်ခြင်းမှ ရှောင်ကျဉ်ဖို့ရန် အတွက် အကျိုးဝင်ကြောင်းကို စာရေးဆရာက ဖော်ပြထားပါသည်။ အမှားအမှန် ဝေဖန်ပိုင်းခြားနိင်မှု ရှိခြင်းသည် ဗဟုသုတ မရှိခြင်းထက် ပို၍ ကောင်းကြောင်းကို ရေးသားဖော်ပြ ထားပါသည်။ ယေရူကို လက်ခံယုံကြည်သော သူများအတွက် ဆာတန်မာန်နတ်၏ လုပ်ရှားမှုသည် အကြီးမားဆုံးသော အနှောင့်အယှက် ဖြစ်ပါသည်။ ဘုရားသခင် ကိုယ်တိုင်က ကျွန်ုပ်တို့ကို အပြစ်မှောင်မိုက်၌ ဖုံးလွှမ်းနေသော သူများကို ကူညီဖို့ရန်သာ အလိုရှိပါ၏။ ဒါပေမယ့် တမန်တော် ပေါလုဟာ ဧဖတ် သြ၀ါဒစာ၌ “ အကျိုးမဲ့သော မှောင်မိုက် အမှုတို့နှင့် မဆက်ဆံသည် သာမက ၊ ထိုအမှုတို့၏ အပြစ်ကို ပြလော့ ၊ အကြောင်းမူကား သူတို့သည် ဆိတ်ကွယ်ရာ၌ ပြုသော အမှုများတို့ကို စကားပြောကာမျှ၌ ညစ်ညူးခြင်း ပါသေး၏ ” ( ၅း၁၁-၁၂ ) ဟုဆိုထားပါ၏ ။

ကျွန်ုပ်တို့၏ စောင့်ထိန်းရမည့် တာဝန်မှာ အလင်းတော်၌ ကောင်းမွန်စွာ ၊ ဖြောင့်မတ်စွာ ၊ သစ္စာရှိစွာ ( ၉ ) အသက်ရှင် နေထိုင်ခြင်းနှင့် မကောင်းသော အမှုအရာများကို ရှောင်ရှားခြင်း ( ၁၁ ) ဖြစ်ပါသည်။ ဟန်းဒရစ်ဆင်း ၏ သမ္မာကျမ်း အနက်ဖွင့် ဆိုချက်စာအုပ်တွင် အလင်း၌ နေထိုင်သော သူများသည် မိမိကိုယ်တိုင် အလင်းဖြစ်စေဖို့ အမှောင်မိုက်၌ မိမိ၏ အလင်းကို ထွန်းလင်းပြနိင်ဖို့ ဖော်ပြထားပါသည်။

ကျွန်ုပ်တို့သည် ငါသာ မှန်၏ ငါသာ သန့်ရှင်း မြင့်မြတ်၏ဟု ဂုဏ်ယူ ၀င့်ကြွားဖို့ မဟုတ်ဘဲ မှောင်မိုက်၌ နေသောသူများကို ပုံသတ်သေ ပြနိင်ဖို့သာ ဖြစ်ပါသည်။.....Anne Cetas

Lord, keep us from entanglements
That choke Your Spirit's work within,
So we can then reflect Your light
Into a world that's dark with sin...... Sper

ထာဝရ၏ ဘုရားသခင်၏ သားသမီးများသည် အမှောင်လမ်း၌ မပျော်မွေ့ကြ ။


ပညာကျေးဇူးတော်။

အချင်းလူ၊ ကောင်းသော လမ်းကို ပြတော်မူပြီ၊ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ဘုရားသခင့် ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်း မှတပါး အဘယ်ပူဇော်သက္ကာကိုထာဝရဘုရားတောင်းတော်မူသနည်း။ (မိက္ခာအနာဂတ္တိကျမ်း ၆း၈)

အိုအဖ၊ ခုတလောကျမသည် အရာရာကို အလိုမကျ၊ စိတ်ဆိုး၊ စိတ်တိုလွယ်၊ ဘုရားအလိုတော်တိုင်း လျှောက်လှမ်းရင်း၊ လူ့ဇာတိပေါ်လာပြီး လူတွေအပေါ် အကောင်းမမြင်နိုင် ဖြစ်နေပါတယ်။ အိုအဖ၊ ကျွန်ုပ်အား လူတွေမှာရှိနေတဲ့ မကောင်းတဲ့ အရာအားလုံးကို အကောင်းဘက်က ကြည့်မြင်တတ်ပြီး၊ အဖဘုရား၏ အလိုတော်ကို လိုက်နာတတ်သော၊ အခြေအနေတွေ အားလုံးကို အကောင်းဆုံးဖြစ်အောင် ကျော်လွှားနိုင်သောခွန်အား၊ ဥာဏ်စွမ်း ပေးသနားတော်မူပါ။

ဖြောင့်မတ်ခြင်းနှင့် သနားကြင်နာခြင်းသည် ကျွန်ုပ် ယုံကြည်ခြင်း၏ အဓိကအရာများ ဖြစ်ကြောင်း သတိရစေပါ။ ကျွန်ုပ်၏ အမူအကျင့်တိုင်းသည် ထာဝရရှေ့မှောက်၌ တင့်တယ်သော ပူဇော်သက္ကာဖြစ်လျှက် လူအများကိုလည်း သက်သေပြနိုင်သော အခွင့်ပေး သနားပါမည့် အကြောင်း တပါးတည်းသော သားတော်ကိုအမည်ပြုလျှက် တောင်းလျှောက်ပါ၏ ဘုရား၊ အာမင်။

Thursday, March 27, 2008

နိကောဒင်နှင့် အမှောင်ည။

( မတ်ခ်ျလ ၂၇ ရက်၊ ၂၀၀၈ )

ငါ့ကို ယုံကြည်သမျှသော သူတို့ သည် မှောင်မိုက်၌ မနေစေခြင်းဌာ ငါသည် အလင်းဖြစ်လျှက် ဤလောကသို့ကြွလာပြီ။ ( ရှင်ယောဟန် ခရစ်ဝင် ၁၂း ၄၆ )

နိကောဒင် ကိုယ်တိုင်က ဖာရှိရှဲ(ကျမ်းသပ်ပုဂ္ဂိုလ်) ဖြစ်ပြီး၊ ရောမ တို့၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ပါဝင်သူ တယောက်ဖြစ်နေလို့၊ ရှက်တာလား၊ အကာအကွယ်ယူချင်လို့လား၊ မသိရပေမဲ့၊ ရှင်ယောဟန်၏ ကျမ်းအရ နိကောဒင်သည် ယေရူခရစ်ထံသို့ ညအချိန်၌ လာခဲ့သည်။

တချို့လူတွေက ညကအေးချမ်းလို့၊ တချိုကျပြန်တော့ ယေရူနဲ့တွေ့ရဖို့ မေးခွန်းတွေမေးဖို့ ပိုအဆင်ပြေလို့ ဆိုပြီးပြောကြတယ်။ နိကောဒင် ဘာကြောင့် ညအချိန်မှာမှ ယေရူခရစ်ထံသွားတယ်ဆိုတာ မသိပေမဲ့ ရှင်ယောဟန် က နိကောဒင် အကြောင်းပြောတိုင်း ယေရူကို ညအချိန် သွားတွေ့သူလို့ အမြဲသုံးတာတွေ့ရတယ်။

နိကောဒင်ကို လူတွေက မောရှေ၏ တရားများလိုက်နာလို့ လူကောင်းတယောက် အဖြစ်သတ်မှတ် ဆက်ဆံကြတယ်၊ လူ့အမူအကျင့်၊ ထုံးတမ်းစဉ်လာဟာ အဓိက မကျဘူး။ နိကောဒင် ကိုယ်တိုင်က ယေရူခရစ်ကို ရှင်းရှင်းလင်းလင်း မသိခြင်းက ပညာအမှောင်ထဲမှာ ကျင်လည်နေခြင်းဘဲဖြစ်တယ်။ ဒါပေမဲ့ သူဟာ အလင်းတရားရှိရာကို ယေရူခရစ်အားဖြင့် ဆွဲခေါ် ခြင်းခံရပါတယ်၊

ထိုနည်းတူစွာ ကျွန်ုပ်တို့ကိုလည်း အမှောင်ကမ္ဘာထဲက ရုန်းထွက်၊ လွတ်မြောက်နိုင်ဖို့ ဘုရားရှင်ကမိန့်မှာထားပါတယ်၊ ယုံကြည်သူအပေါင်းတို့ဟာ အမှောင်ထဲမှာ မနေဘဲ၊ အလင်း၌ ပျော်မွှေ့သောသူများသာဖြစ်ပါသည်။........... Cindy Hess Kasper

Our search for truth is hindered by
The darkness of the night,
Until the Bright and Morning Star
Reveals His brilliant light......... Sper

ယေရူခရစ်ကို ယုံကြည်ကိုးစားသူတိုင်းသည် အမှောင်၌ လဲကျနေသူများမဟုတ်၊ အလင်းသို့ လှမ်းလျှောက်နေသူများသာ တည်း။

Wednesday, March 26, 2008

ကိုယ်ပိုင် ဘုရား ကိုဖန်ဆင်းယူခြင်း။

( မတ်ခ်ျလ၊ ၂ရ ရက်၊၂၀၀၈ )

ထာဝရအသက် ဟူမူကား၊ မှန်သော ဘုရားသခင် တဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရူခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။ (ရှင်ယောဟန် ခရစ်ဝင် ၁၇း၃ )

ကျွန်ုပ်သည် ရေချိုးခန်း၊ မြေအောက်ခန်းဆောက်လုပ်ပြီး၊ နောက်ဆောင်တွဲလေးမှာတောင် မီးကြိုးများကိုတပ်ဆင်နဲ့ ကိုယ်လက်နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ အရာအားလုံးကို စိတ်ကြည်နူးစွာ ကြည့်မိတယ်။ အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ ဆိုင်ရှိနေသ၍ ကျွန်ုပ်သည် မိမိကိုယ်တိုင် အိမ်ကို ပြုပြင်မွမ်းမံ တည်ဆောက်မှု့ကို အားရကျေနပ်နေအုံးမည်ဖြစ်သည်။

ဒါပေမဲ့ တချို့သောသူတွေသည်၊ မိမိကိုးကွယ်သော ဘုရားကိုပင် ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးယူတတ် ကြပါသည်။ ဆယ်ကျော်သက်ရွယ်များကို လူငယ်တာဝန်ခံ သင်းအုပ်ဆရာက ဘုရားသခင်ကို မည်ကဲ့သို့မြင်ကြောင်း မေးခွန်း အမေးအဖြေ၊ မေးပုံ ဖြေပုံကို တပတ်စာသတင်းများ မဂ္ဂဇင်းမှ သတင်းထောက်က ဤကဲ့သို့ပြန်လည် ပြောကြားပါသည်၊ လူငယ်တဦးက သူ၏အဖိုးဖြစ်သူကဲ့သို့ထင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ရှိနေကြောင်းကို သိသော်ငြားလည်း တွေ့ခွင့်မရသောကြောင့်။ နောက်တယောက်ကလည်း မကောင်းတဲ့သူ၊ သူ့ကိုအမြဲတမ်း ဆုံးမချင်သောသူ၊ နောက်ဆုံးတယောက်ရဲ့ အဖြေက၊ အားလုံးဟာမှန်တယ် အဘယ့်ကြောင့်လည်း ဆိုတော့ အားလုံးဟာ မိမိယုံကြည်သလို ထင်သော်ကြောင့်လို့ဖြေကြားသွားပါတယ်။

ကျွန်ုပ်တို့သည် မဲနိုက်သလို ဘုရားသခင် မည်သူမည်ဝါဖြစ်ကြောင်းကို အဆုံးအဖြတ် ပေးနေကြပါသလား၊ ကျွန်ုပ်တို့ ကြိုက်တဲ့ပုံစံတိုင်း ဘုရားကို ဖန်းတီးယူနေသူ ကျွန်ုပ်တို့ဖြစ်နေကြပြီလား၊ အစာလျှော့၊ အလှပြုပြင်ခြင်း ခောတ်စားနေရာယူလာသော် ဤခောတ်ကြီး၌ မိမိတို့၏ အဟာရများကို မိမိကိုယ်တိုင် ဖန်တီးယူမှု့သည် အန္တရယ် ရှိလာနိုင်သကဲ့သို့၊ ဘုရားသခင်ကို မိမိလိုသောပုံစံအတိုင်း ဖန်တီးယူမှု့သည် ကြောက်မက်ဖွယ်ရာ ဖြစ်ပါ၏။ (ရှင်ယောဟန် ၁၇း၃ )

ယုံကြည်ခြင်းကို အမှတ်ပြုသော သမိုင်းဝင် သူများပြောပြချက်အရ၊ ဘုရားသည် ဝိညာဉ်၊ မဆုံးနိုင်သော၊ ထာဝရ၊ မပြောင်းလဲနိုင်သောသူဖြစ်ကြောင်းကိုဖော်ပြထားပါ၏၊ ဘုရားသခင်ကို ရှာဖွေကြည့်ကြပါစို့၊ ဆုတောင်းခြင်းအားဖြင့် ယေရူအသွေးတော်ကို ပေါင်းကူးတံတားပြု၊ ဘုရားသခင်၏ ဂုဏ်ကျေးဇူးကိုပြန်လည် အောက်မေ့ပြီး အသက်ရှင်ကြပါစို့။........... Dave Branon

The gods of this world are empty and vain,
They cannot give peace to one's heart;
They living and trye One deserves all ourlove'
From Him may we never depart.......... D De Hann


အဆုံးမရှိသော ဘုရားကို၊ အဆုံးကိုရှိသော လူသားများက တိုင်းတာလို့မရပါဘူး။

Tuesday, March 25, 2008

ရိုးသားသော သံသယ။

(မတ်ခ်ျလ ၂၅ ရက်၊ ၂၀၀၈၊ အင်္ဂါ နေ့)

ကိုယ်တော်ကို တွေ့မြင်၍ ပြပ်ဝပ် ကိုးကွယ်ကြ၏။ အချို့တို့သည် ယုံမှားခြင်း ရှိကြ၏။
( ရှင်မဿဲ ခရစ်ဝင် ၂၈း ၁၇ )

ကျွန်ုပ်တို့၏ အတွေ့အကြုံအရ လူသားတို့မည်သည်ကား၊ အုတ်ဂူမှ ပြန်လည် ရှင်ပြန်ထမြောက်လာ ခြင်းမရှိဟု ယုံကြည်ထားပါသည်။ အထီးကျန်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း ဆိုတဲ့ အမည်မဖော်နိုင်သော ခံစားချက်က ချစ်သောသူတဦး သို့မဟုတ် အသိတယောက်ယောက်က ဆုံးတယ်ဆိုတာနဲ့ ရင်ကိုလှိုင်းခတ် စေတတ်ပါတယ်၊ ဘယ်သောအခါမှ ပြန်လည်ဆုံးဆည်းတော့မှာ မဟုတ်တော့ဘူးဆိုတဲ့ အသိက နှလုံးသားတခုလုံးကို ဆွဲနုတ်သွားသလိုခံစားရတတ်တယ်။ ကျွန်ုပ်တို့ အသုဘ သွားတိုင်း သေဆုံးသူကို ဂုဏ်ပြုဖို့နဲ့၊ သူ့ကို အမှတ်ယသော် အားဖြင့် သွားတာပါ၊ သေဆုံးသူကိုယ်တိုင် တံခါးဝမှာ နုတ်ဆက်ကြိုဆို နေလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက် နဲ့မဟုတ်ပါဘူး။

ဒါကြောင့်မို့လည်း ခရစ်တော်ရဲ့ တပည့်တော်တွေဟာ ယေရူခရစ် ရှင်ပြန်ထမြောက်ခြင်းကို မေ့လျှော့နေကြတာပေါ့နော်၊ ယုံကြည်သူ အမျိုးသမီးတဦး လာပြောမှဘဲ၊ သွားကြည့်ကြတယ်။ တပည့်တော် ၁၁ ပါးက ဂါလိလဲပြည်ရှိ တောင်ပေါ်သို့ ယေရူခရစ်နဲ့ အတူလိုက်သွားကြတယ်၊ ယေရူခရစ်ကို မြင်ပြီး ပပ်ဝပ်ကိုးကွယ်ကြတယ်၊ ဒါပေမဲ့ သံသယရှိသူတွေလည်း ပါသေးတယ်လေ။

ယေရူခရစ်ရဲ့ မိန့်မှာချက်၊ သင်ကြားချက်၊ အံ့သြဖွယ်ရာ နမိတ်လက္ခဏာတွေကို မြင်တွေ့၊ ကြုံတွေ့နေတဲ့ တပည့်တော်များတောင် ယေရူခရစ် ရှင်ပြန်ထမြောက်ခြင်းကို သံသယဝင်နေကြသေးတယ်။ ရိုးသားသော် သံသယဟာ ခဏတွင်းမှာ ပျောက်ကွယ်သွားပြီး၊ ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းတွေကို ရရှိစေပါတယ်။

ကျွန်ုပ်တို့သည်လည်း ခရစ်တော်ကို သံသယ ဝင်နေကြပါသလား၊ ကျွန်ုပ်တို့၏ အတွေ့အကြုံတွေက အတိတ်ရဲ့အမှား၊ ပစ္စုပန်ရဲ့ ရုန်းကန်မှု့ အခက်အခဲ၊ အနာဂတ်ရဲ့ မျှော်လင့်ချက် မပြောင်းနိုင်ဘူးလို့ ပြောနေကြသလား၊ အစ်စတာရဲ့ အထိမ်းအမှတ်က ဘုရားမတတ်နိုင်တဲ့ အရာ ဘာမှမရှိဘူးလို့ ကျွန်ုပ်တို့ကို သတိပေးနေပါတယ်။....David McCasland

Where Jesus reigns there is no fear,
No restless doubt, no hopeless tear;
No raging sea nor tempest dread,
But quietness and calm instead......... Anon.


ကားတိုင်လမ်းကိုတချက်စောင်းငဲ့ ကြည့်လိုက်ရုံနဲ့ သင့်၌ရှိနေသော သံသယများ ပျောက်ကွယ်သွားပါလိမ့်မယ်မိတ်ဆွေ။

Monday, March 24, 2008

သခင်ယေရူ၏ အုတ်ဂူ။

( မတ်ခ်ျလ ၂၅ ရက်၊ ၂၀၀၈ )

ဤအရပ်၌ မရှိ၊ ထမြောက်တော်မူပြီ။ ( ရှင်လုကာခရစ်ဝင် ၂၄း ၆ )

ရှေးဟောင်းသုသေတန ပညာရှင် ဆင်မ်ချာ ဂျာကိုဘိုဗီဆီ သည် ယေရူခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း ကိုလက်မခံကြောင်း သူ၏စာအုပ် ပျောက်ဆုံးနေသော ယေရူအုတ်ဂူ ( The Lost Tomb of Jesus) ၌ဖော်ပြရေးသားခဲ့ပါ၏။ ယေရုစလင်မြို့အနီး အုတ်ဂူတခု၌ ယောသပ်၏ သားယေရူ ဆိုတဲ့ အမည်ကို တွေ့တယ်၊ သခင်ယေရူရဲ့ ဒီအင်အေ (DNA) ကိုရလို့ရှိရင် သက်သေပြနိုင်တယ် ဆိုပြီး၊ ဒီအင်အေ ကို တောင်းသတဲ့။

က္ကုသရေလ ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး အဖွဲ့ ( The Israel Antiquities Authority ) တွေက အဓိပါယ် မရှိကြောင်း ပြန်လည်ပြောဆိုခဲ့တာကို သိပံ ညာရှင်များနဲ့ ဘာသာရေး ပညာရှင်များကပါ ထောက်ခံကြတယ်။ ဒါပေမဲ့ ဆင်မ်ချာက သခင်ယေရူရဲ့ ဒီမင်အေ လိုအပ်ကြောင်း၊ အုတ်ဂူမှာရှိနေတဲ့ အရိုးစုနဲ့ နှိုင်းယှဉ်ပြီး သူသက်သေပြနိုင်ကြောင်း တသွင်သွင် ပြောနေတယ်၊ ရာစုနှစ်တခုမှာ ယေရူ နဲ့ ယောသပ်ဆိုတဲ့နာမည်ဟာ လူတိုင်းလိုလို မည့်ထားတဲ့ နာမည်ဖြစ်တယ်။

ဒါပေမဲ့ အဲဒီဖြစ်ရပ်လေးက အတော့်ကို ဂရက်ရိုက်သွားလေရဲ့။ သခင်ယေရူရဲ့ တပည့်တော်တွေမှာ ဂျွန်ကလွှဲ ကျန်တဲ့သူတွေ အားလုံးဟာ မိမိ၏ ယုံကြည်ခြင်းကြောင့် အသေခံခဲ့ကြရတာတွေကြီးပါ၊ ယေရူခရစ်တော်ဟာ ရှင်ပြန်ထမြောက်တော်မူခြင်း မရှိခဲ့ဘူးဆိုရင် သူတို့တွေဟာ ဘာကြောင့်များ ကိုယ့်အသက်ကို အသေခံပြီး ရှင်ပြန်ထမြောက်တော်မူခြင်း၊ နဲ့ ကယ်တင်ခြင်း တရားကို လိုက်လံဟောပြော ကြပါသလဲ၊ ငြင်းဆိုကြမှာပေါ့။

ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ပျက်ရယ်ပြုခြင်း၊ ရူတ်ချခြင်း များစွာတို့ကိုခံရပါလိမ့်မယ်၊ စိန်ဓာတ်မယိမ်းမယိုင်နဲ့ ကိုယ့်ယုံကြည်ခြင်းကို မြဲမြံစွာဆုပ်ကိုင်ထားကြပါစို့၊ တမန်တော် ပြောခဲ့တဲ့ အတိုင်း, " သင်တို့သည် အသေကောင်ရှိရာ အရပ်၌ အသက်ရှင်သောသူကို အဘယ့်ကြောင့် ရှာရသနည်း။ ဤအရပ်၌ မရှိ၊ ထမြောက်တော်မူပြီ, (လုကာ ၂၄း၅-၆)" ကို အမှတ်ယပြီး ယုံကြည်ခြင်းကို လက်ကိုင်ထား လျှောက်လှမ်းကြပါစို့။ ........ Denni Fisher


Up from the grave He arose,
With a mighty triumph o'er His foes;
He arose a Victor from the dark domain,
And He lives forever with His saints to reign.............Lowry

ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရားတခုရဲ့ ရောင်ပြန် ဟပ်မှု့တရပ်ဖြစ်၏။

Sunday, March 23, 2008

လက်ဝတ် ရတနာတွေ အဖြစ်ဘဲလား?

( မတ်ခ်ျလ ၂၄ရက်၊ တနင်္လာနေ့။)

ငါဖြစ်လျှင်၊ ငါတို့သခင် ယေရူခရစ်၏ လက်ဝါးကားတိုင်တော် မှတပါး အဘယ်အရာ၌မျှ ဝါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကားတိုင်တော်မှာ ဤလောကအဘို့ ရိုက်ထားခြင်းခံလျှက် ရှိ၏။ (ဂလာတိသြဝါဒစာ ၆း၁၄ )

တချို့သော ခရစ်ယာန်တွေဟာ လက်ဝါးကားတိုင်ပါတဲ့ လက်ကောက်၊ လည်ဆွဲ၊ ရင်ထိုး စတဲ့အရာတွေကို ဝတ်ဆင်တတ်ကြပါတယ်၊ မိမိ၏ ယုံကြည်ကို ဖော်ပြဖို့ဆိုတာထက်၊ အလှတန်ဆာ ဆင်ဖို့ဝတ်တာက ပိုများလိမ့်မယ်လို့ထင်ပါတယ်။

၂၀၀၆ ခုနှစ်၊ ဧပြီလ မှာ အင်္ဂလန်ပြည်၊ ဒပ်လေ မြို့မှာ ရှိတဲ့၊ မက်ဒသစ်ဒ် ဘုရားရှိခိုးကျောင်း တခုက၊ ဘုရားကျောင်းဆောင် ဆောက်လုပ်ရာမှာ လက်ဝါးကပ်တိုင် တွေထည့်ရင် အခွန်ငွေထည့်ရတယ် ဆိုတာကို စုံစမ်းသိရှိခဲ့ရတယ်။ ဒါက ဗြိတိသျှတွေရဲ့ လက်ဝါးကားတိုင်ကို ကြေငြာ ပစ္စည်းတခုလို သတ်မှတ်ထားပြီး ချမှတ် ထားတဲ့ တရားဥပဒေတခုပါ။ ကျွန်ုပ်တို့ လူသားအားလုံးကိုလည်း အသိတရားတခုရရှိစေခဲ့ တာက၊ လူ့ကိုယ်ပေါ်မှာဖြစ်စေ၊ အဆောက်အအုံ မှာဖြစ်စေ၊ သွေးတော်စွန်းထားခြင်းကို ပြသခဲ့တဲ့၊ ဒီလက်ဝါးကားတိုင်တော်ဟာ ကျွန်ုပ်တို့ရဲ့ အပြစ်တွေကို ဆေးကြောပြီး၊ ကယ်တင်ခြင်းဆိုတဲ့ ထာဝရ အသက်တာကို ပေးခဲ့ ပြီဆိုတဲ့ အသိတရားလေးပါ။

ကျမ်းစာတော်မှာလည်း လက်ဝါးကားတိုင်တော်ဟာ ဘုရားရှင်ရဲ့ အခမဲ့ ပေးသနားခဲ့သော၊ ကယ်တင်ခြင်းတရားကိုပုံဖော်ဖို့ တန်ဆာတခုဘဲဖြစ်တယ်။ ( ရှင်မဿဲ ၂၇း၂၂-၂၆ )၊ လူထုကြီးက ယေရူကို ကားတိုင်ပေါ် အသေသတ်ဖို့ ကြွေးကြော်ကြတယ်၊ တကယ်တော့ ဒါဟာ ယေရူခရစ်ကိုယ်တိုင်အတွက် မလွယ်ပါဘူး၊ အဲဒါကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်၏ ပုံသက်သေများဖြစ်ကြပြီလား? ခရစ်တော်၏ နုတ်ကပတ်တော် အတိုင်းလိုက်လျှောက်သူများ ဖြစ်ကြပြီလား? ဆန်းစစ်ရင်း ဘုရားရှင်၏ အလိုတော် အတိုင်း၊ ပုံသက်သေယူ၍ ကားတိုင်လမ်းကို အလိုတော် နှင့်အညီ လိုက်လျှောက်ကြပါစို့လို့........ Vernon Grounds

"Take up thy cross and follow me,"
I hear the blessed Savior call;
How can I make a lesser sacrifice
When Jesus gave His all?....... Ackley

ယေရူခရစ်သည်၊ ကားတိုင်တော်ကို ကျွန်ုပ်တို့ အတွက်ထားခဲ့ပြီ၊ ပြည့်ဝတဲ့ဆန္ဒ များနဲ့လိုက်လျှောက်ကြပါစို့။

ဝမ်းမြောက်ဖွယ်သော အစ်စတာ တနင်္ဂနွေဖြစ်ပါစေ။

အားလုံးကို ပျော်ရွှင်သော အစ်စတာ တနင်္ဂနွေဖြစ်ပါစေ လို့နုတ်ခွန်းဆက်သ လိုက်ပါတယ်။
ထာဝရဘုရားရှင်သည် ကျနော်၊ ကျမတို့၏ အပြစ်များကို ဆေးကြောပေးဖို့ရာ လူဇာတိကို ခံယူလျက် ကြွဆင်းလာပြီးနောက်၊ သာသနာပြုခြင်း များကို ဆောင်ရွက်အပြီး၊ လက်ဝါး ကားတိုင်မှာအသေခံခဲ့ ပါပြီ၊ ဤတနင်္ဂနွေသည် လူ့ဇာတိကို ခံယူပြီး ကြွလာသော အရှင်၊ အသေခံပြီး၊ သုံးရက်သောနေ့မှာပြန်လည် ရှင်သန်၊ ထမြောက်တဲ့နေ့ပါ။ အားလုံးကို ဝမ်းမြောက်စေရာ သတင်းကောင်းပါး လိုက်ပါတယ်။ ကျွန်ုပ်တို့၏ အပြစ်များ သည် မိုးပွင့် ကဲ့သို့ ဖြူစင်ပြီး၊ ကယ်တင်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းများ ရရှိပါပြီ။ ကျွန်ုပ်တို့ ပြန်လည် ပေးဆပ်ရမှာက၊ ယုံကြည်စွာ ခရစ်တော်ကို ကယ်တင်ရှင် အဖြစ် လက်ခံ၊ လိုက်လျှောက်ဖို့ဘဲ လိုပါတယ်၊ ဝမ်းမြောက်ရွှင်လန်း၊ ငြိမ်သက်ခြင်း ရ ရှိပါစေ။
ခရစ်တော်၌.....
လားရှိုးသူ

We believe!

Blessed be the God and Father of our Lord Jesus Christ, who.... has begotten us again to a living hope through the resurrection of Jesus Christ. 1 Peter 1:3

In 2005, Hurricane Katrina put New Orleans underwater. But an unlikely event gave the city a new lease on life just 17 months later. The New Orleans Saints, a perennially woeful football team, made a run at the Super Bowl championship. The whole region grasped the excitement. Signs saying " We believe" reflected a new day.

Commenting on the phenomenon, producer Quint Davis said, "When the season is over, the miles of devastation are still going to be devastated." But he added, "If this can happen for New Orleans, this miracle, then anything can happen for New Orleans."

The Saints fell one game short, but the idea remained enticing. Ah " impossibility" had so captured the hearts of a people, they began thinking anything was possible.

In an infinitely more important way, this is what we have in Jesus' bodily resurrection from the dead. Christ defeated death on mortality's own turf, declaring the power of God to give us new life and hope. Paul wrote, "He who raise Christ from the dead will also give life to your mortal bodies through His Spirit who dwells in you" (Rom 8:11).

No other event in human history is more significant. No other event is so full of immediate hope and ultimate victory for the saints in Christ Jesus..... Mart De Haan

Jesus Christ today is risen,
And o'er death triumphant reigns;
He has burst the grave's strong prison,
Leading sin herself in chains...... Luther

Christ's resurrection is the bud of promise.... our resurrection is the flower of fulfillment!

Saturday, March 22, 2008

A VIRTUOSO IGNORED

Since the creation of the world His invisible attributes are clearly seen. Romans 1:20

A man wearing jeans, a T-shirt, and a baseball cap positioned himself against a wall beside a trash can at the L'Enfant Plaza station in Washington, DC. He pulled out a violin and began to play. In the next 43 minutes, as he performed six classical pieces, 1,097 people passed by, ignoring him.

No one knew it, but the man playing outside the Metro was Joshua Bell, one of the finest classical musicians in the world, playing some of the most elegant music ever written on a $3.5 million Stradivarious. But no crowd gathered for the virtuoso. "It was a strange feeling, that people were actually.... ignoring me," said Bell.

God also knows what it feels like to be ignored. The apostle Paul said that God has sovereignly planted evidence of His existence in the very nature of man. And creation delivers an unmistakable message about His creativity, beauty, power, and character. Although God has revealed His majesty, many refuse to acknowledge and thank Him. But God will hold everyone responsible for ignoring who He is and what He has revealed: "They are without excuse, because, although they knew God, they did not glorify Him as God, nor were thankful" (Romans 1:20-21)

Let us acknowledge and thank the Virtuoso of heaven, who has wonderfully revealed Himself to us........ Marvin Williams


The treasure o the crystal snows,
And all the wonders nature shows,
Speak of a mighty Maker's hand
That all in love and wisdom planned..... Bosch


All creation is an outstretched finger pointing toward God.


Friday, March 21, 2008

ံGreeting to you all!


Happy Good Friday to you all. Today is the day Jesus was crucified sinlessly for our sin. Lift up our prayer for every each of us and the nation. Nothing speaks more clearly of God's love than the cross. The cross itself reveals God's heart for the lost.

The nail-pierced hands of Jesus reveal the love-filled heart of God. Share the love of God with others, let everybody knows this is the day Jesus died for us and will be resurrected on the third day, it's going to be on Sunday and we call Easter Sunday. See you again.
God loves you all.

In Christ, Lashiothu

Thursday, March 20, 2008

နွံနှစ်ချိန်။


မာနထောင်လွှား၊ ငါမသေဘူး
မမှားဘူးဟေ့၊
ကြွေးကြော်ရင်းနဲ့၊
မှားနေတဲ့လမ်း၊ တန်းတန်းလျှောက်လို့...

ဘေးဘီငဲ့စောင်း
မျက်လုံးသော်မျှ၊
ဝေ့မကြည့်ဘဲ၊
တံလျှပ်ရေထင်၊ လှမ်းလို့ပြေးခဲ့....

ခလုပ်တိုက်လို့၊
လဲပြိုကျပြီ
ခြေလှမ်းတဖက်၊
နွံထဲနှစ်လို့၊ ရုံး ရုံုး မရပြီ...

ကူပါ၊ ကယ်ပါ
ဘုရား၊ ဘုရား၊
ငိုရှိုက်သံများ.ကြား..
တစာစာနဲ့၊အော်ခေါ်နေမိ...

အေးမြအပြုံး၊
နွေးထွေးလက်အစုံ၊
ကမ်းကာပေးခဲ့၊
တုနိုင်းမဲ့တဲ့၊ချစ်ခြင်းပိုင်ရှင် ယေရှုခရစ်တည်း......


Wednesday, March 19, 2008

အမှတ်ရဖို့ရန်


ခမည်းတော်သည် ငါ့အား ပေးတော်မူသော်ခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။

( ရှင်ယောဟန်ခရစ်ဝင် ၁၈း ၁၁ )

သင့်ဘဝ၌ နာကျင်ခြင်း၊ ဆုံးရှုံးခြင်း ဆိုတဲ့ ခါးသီးတဲ့ အရာတွေကို မည်းစမ်းကြည့်ဖူးပါသလား၊ ဒုက္ခဆင်းရဲ၊ ကြမ်းတမ်းမှု့တွေကို ဘဝထဲက ကျော်လွန်၊ တွန်းထုတ်လိုက်ဖို့ ကြိုးစားဘူးသလား၊ အဲဒီချိန်မှာ ဖန်ဆင်းရှင် ဘုရားကိုယ်တိုင် ကျွန်ုပ်တို့ ကြုံတွေ့နေရတာတွေကို ကိုယ်ချင်းမစာဘူးလား ဆိုတဲ့ မေးခွန်းဖြစ်ပေါ်လာတတ်တယ်။ ဒီချိန်မှာ ကားတိုင်တော်ပေါ်က မှောင်မဲအတိ၊ အနီးစပ်ဆုံး သူတွေထံမှ လှည့်စားခံရမှု့ဆိုတဲ့ ခါးသီးမှု့ကို မမေ့ပါနဲ့။

ယေရူခရစ်တော်သည် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိကိုခံယူ ထားတာဖြစ်တယ် ဆိုတာမမေ့စေချင်ဘူး။ လူမဆန်စွာ ကားတိုင်ပေါ်မှာ ကျွန်ုပ်တို့ အပြစ်များစွာအတွက် အပြစ်မဲ့ အသေသတ်ခြင်းကို ခံရလိမ့်မယ်ဆိုတဲ့ အချိန်၊ လူ့ဇာတိအနေနဲ့ တုန်လှုပ်မိတာ အဆန်းပါဘူး။ "ဤခွက်သည် ကျွန်ုပ်ကို လွန်သွားနိုင်လျှင်လွန်သွားပါစေသော" (ရှင်မဿဲ ၂၆း၃၉) တဲ့ ကျမ်းပိုဒ်ကို ကြည့်ခြင်းအားဖြင့် ယေရှုခရစ်၏ လူ့ဇာတိသဘောကို သိနားလည်စေပါသည်။ ဘယ်ဘုရင်ကမှ ယေရှုခရစ်အား တရားစီရင်တာ မဟုတ်ဘဲ၊ ဘုရား၏ ချစ်ခြင်းမေတ္တာ ကို သိရှိနိုင်ပါသည်။

တုနှိုင်းမဲ့ ချစ်ခြင်းမေတ္တောကို အမှတ်ရခြင်းအားဖြင့် အောက့်မေ့လျက် ကားတိုင်လမ်း လျှောက်လှမ်းကြပါစို့။ ယေရူခရစ် အသေခံသွား ခြင်းသည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အပြစ်မဲ့ အသေတော်ခံသွားခြင်း ဖြစ်သည်။......Vernon Grounds


Death and the curse were in our cup
O Christ, 'twas full for Thee!
But Thou hast drained the last dark drop
Now blessings there for me...... Anon.

စုံစမ်းနှောက်ယှက်မှု့ ကြားမှ ယုံကြည်ခြင်း တိုးများလာသည်။



Tuesday, March 18, 2008

ကျိုးပဲ့သော် နှလုံးသား၊

ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့် နာကျင်စွာ ထိုးခြင်း ၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသော် ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်၍ ရှိကြ၏။ (ဟေရှာယ အနာဂတ္တိကျမ်း ၅၃း ၅ )

အက်စတာ ကြက်ဥများ နှင့် လက်ဆောင်ချင်းများ နေရာချထားပြီးနောက်
ကျွန်တော့် ဦးလေးဂျေးက အဖြူရောင် ချောကလက် မီးအိမ်လေး အထဲ၌ မည်သည့်အရာများ ရှိနေသနည်း ဆိုသည့် သိချင်သည့် စိတ်ကို ထိန်းချုပ်၍ မရဖြစ်နေသည်။ ထိုကြောင့် မည့်သည့်အရာကိုမှ မစဉ်းစားတော့ဘဲ ထိုမီးအိမ်လေးကို ကိုင်ကြည့်လိုက်မိသည်။ ထိုအခါ အကြောသေ စေသော အဆိပ်ကို ထိုးပေးသကဲ့သို့ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ နောက်ဆုံး၌ သူလုပ်ရပ်အား မည်သူများ မြင်သွားသလဲ ဆိုသည်ကို မျက်လုံးဝေ့ပြီး လိုက်ကြည့်နေခဲ့သည်။ သို့သော် သူ၏ လက်မသည် မီးအိမ်လေးထဲ၌ ရှိနေဆဲဖြစ်သည်။

ကျွန်တော်တို့ တစ်အိမ်လုံးကလဲ ဘယ်သူဘာများ ပြောလိုက်မလဲ၊ ဘာဆက်ဖြစ်လာမလဲ ဆိုသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ တစ်စုံတစ်ယောက်များ အော်ဟစ်လိုက်မလား...။ လူကြီးများက ထိုဖြစ်ရပ်အတွက် ဖြေသိမ့်စရာ စကားရှာမရ ဖြစ်နေခဲ့ကြသည်။ ထိုအချိန်၌ (၃) နှစ်အရွယ် သမီးလေး ဂျီနာ၏ စကားက ကျွန်ုပ်တို့အားလုံးအား ဖြေသိမ့်ပေးနိင်ခဲ့သည်။

“ ရပါတယ်...ဦးလေးဂျေးရေ ၊ အဲဒီမီးသီးလေးက ကျမ စားလိုက်ရင်လည်း ကွဲသွားရမှာပါ။ ”

လူအများအနေဖြင့် အီစတာ၏ ထုံးတမ်းအစဉ်အလာ တရပ်၌ အထိတ်တလန့် ဖြစ်ခဲ့ကြပေမယ့် ( ၃ ) နှစ်အရွယ် ကလေးက ကျွန်တော်အပါဝင် လူအားလုံးကို အသိတရား တစ်ခုပေးအပ်ခဲ့ပါတယ်။ အီစတာ ဆိုသည်မှာ ထုံးတမ်း အစဉ်အလာအရ ကြက်ဥဖွက် ၊ ပန်းခြင်း ၊ အစားအသောက် လက်ဆောင်ခြင်းတောင်းများ အချင်းချင်း ပေးအပ်ဖလှယ် ရုံမျှသာမဟုတ် ဘုရားသခင်၏ သားတော်သည် ကျွန်တော့်တို့ အသက်တာ ပြည့်ဝစုံလင်ရန် အတွက် ကျိုးပျက်ခံခဲ့ခြင်းကို ပြန်လည်အမှတ်ရ စေခဲ့ပါသည်။

ယေရူခရစ်၏ နောက်ဆုံးညစာ စားပွဲ၌ မိန့်ဆိုခဲ့သော် စကားကိုလည်း ပြန်လည် အမှတ်ယစေခဲ့ပါသည်။ ဤမုန့်က သင်တို့အဖို့အလို့ငှာ ချိုးဖဲ့သော ငါ၏ ကိုယ်ဖြစ်၏။ ( ကောရိန္တုသြဝါဒစာ ပဌမစောင် ၁၁း ၂၄ )......Julie Ackerman Link


See, from His head, His hands, His feet,
Sorrow and love flow mingled down;
Did e'er such love and sorrow meet
Or thorns compose so rich a crown?..... Watts

ယေရူ၏ ကားတိုင်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ချစ်ခြင်း မေတ္တောအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါ၏


Monday, March 17, 2008

သူတပါးအသက်ရှင်ရန် အလိုဌါ။

အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကို တို့အတွက် ငါသည် ကိုယ်တိုင်ခရစ်တော်နှင့်ခွာ၍ ကျိန်ခြင်းကိုခံချင်လောက်အောင် စိတ်ရှိ၏။ ရောမသြဝါဒစာ ( ၉း ၃)

The Guardian ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတခုက အမေရိကန် ပင်လယ်ကမ်းရိုးတန်း ကယ်ဆယ်ရေးသမား တွေအကြောင်းဖော်ပြထားပါတယ်။ သင်တန်းကာလ ၁၈ ပတ်မှာ လေရဟပ်ယာဉ်မှ ဆင်းပြီး ပင်လယ်ထဲမှာ ဒုက္ခရောက်နေသူများကို သင်ကြားလေ့ကျင့် ရပါတယ်။ သူတို့ကိုယ်တိုင် ကိုယ်ခန္ဓာအပူချိန်ကျဆင်းခြင်း၊ ရေနှစ်ခြင်း ဆိုတဲ့ ဘေးအန္တရယ် ကြုံရမယ်ဆိုတာ သိပေမဲ့ စွန့်စားသင်ကြား နေကြတဲ့ ရည်ရွယ်ချက်က သူတပါး၏ အသက်ကို ကယ်တင်ရန် အဖို့ ဘဲဖြစ်ပါတယ်။

စာရေးဆရာ ဖော့ဆီ၏ စာအုပ်ထဲမှာလည်း မိမိယုံကြည်ခြင်းကြောင့် ရရှိသော ငြင်းပန်းနှိပ်စက်ခြင်းများ၊ အမျိုးမတူတဲ့ ကယ်တင်ခြင်း၊ ပေးဆပ်မူ့ စသည်တို့ကို များစွာ တွေ့မြင်ရပါတယ်။ ဖော့ဆီဟာ ယေရူခရစ်တော်၏ ချစ်ခြင်းမေတ္တာတရားကို ဝေဌမူ့ကြောင့် အသက်ပေးလိုက်ရသူများ စရင်းကိုလည်း တတ်နိုင်သမျှ ဖော်ပြထားပါတယ်။ အသက်ကိုစတေးရမယ် ဆိုတာ သိပေမဲ့ မိမိ၏ ယုံကြည်ခြင်းကို ဝေဌခဲ့ကြတယ်။

တမန်တော်ရှင်ပေါလု ကိုယ်တိုင်လည်း သူ၏နှလုံးသားထဲမှ ခရစ်တော်အကြောင်းကို ညီအစ်ကိုတို့ သိစေရန်အလို့ဌါ အသက်အန္တာရယ်ကို မထောက်ဟောကြားခဲ့တယ်၊ (ရောမ ၉း၃)

ကျွန်ုပ်တို့ သည်လည်း ထာဝရအသက်တာ ကိုမျှော်ကိုးလျှက် တပါးသူ အတွက် မိမိအသက်ကို စတေးခဲ့သော သူများကို အတုယူ လျှောက်လှမ်းကြပါစို့........Bill Croder

Rescue the perishing,duty demands it...
Strength for thy labor the Lord will provide;
Back to the narrow way patiently win them,
Tell the poor wanderer a Savior has died...... Crosby

ကားတိုင်တော်သည် ဘုရားရှင် ချစ်မြတ်နိုးသော လူသားများအတွက် နှလုံးသားပေတည်း။

အကျွန်ုပ် ဆုတောင်းသံလက်ခံမူပါ၊

အကျွန်ုပ်သည် စေတနာစိတ်ရှိ၍၊ ကိုယ်နုတ်နှင့် ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက်တော်မူပါ။ စီရင်တော်မူချက်တို့ကိုလည်း၊ အကျွန်ုပ်၌ သွန်သင်တော်မူပါဟု တောင်းပန်ပါ၏။
ဆာလံကျမ်း ( ၁၁၉း ၁၀၈ )

အကျွန်ုပ်၏ ယုံကြည်ခြင်းနှင့် ဆုတောင်းသံများကို ပြည့်စုံတော်မူစေ၍ လက်ခံတော်မူပါ၊ အကျွန်ုပ်၏ ဆုတောင်းသံများသည် ကိုယ်တော့်ရှေ့၌ တင့်တယ်သော ပူဇော်သက္ကာ ဖြစ်စေမူပါ၊ အကျွန်ုပ်၏ နှလုံးသားကို လက်ခံတော်မူ၍ ကိုယ်တော်၏ အလိုနှင့်ပြည့်စုံစေမူပါ၊ နာမတော်ကိုအမှီပြုလျှက် တောင်းလျှောက်ပါ၏ အိုအဖ၊ အာမင်။

Sunday, March 16, 2008

ရှင်ပက်ထရစ် နေ့။


မတ်ခ်ျလ ၁၇ ရက်နေ့၌ ကျင်းပသော ရှင်ပက်ထရစ်နေ့ (St.Patrick's day) အကြောင်းကို အနည်းငယ် ဖော်ပြပေးလိုက်တယ်၊ ဗဟုတုတနဲ့ ဘိုးဘွားတို့၏ ယုံကြည်ခြင်းကို အတုယူနိုင်ကြပါ စေလို့။


ခရစ်သက္ကရစ် ၃၈၅ ဝေလမြို့မှာ မွေးဖွားလာသူ မေရီဝုန် (Maewyn) ဆိုသူ လူငယ်တဦးသည် ထုံတမ်းအစဉ်အလာ အရ ရှင်ပက်ထရစ် ဖြစ်လာခဲ့ ပါသည်။ ပညာသင်စရိတ် အခက်အခဲ ကြောင့် လက်လွတ် ဆုံးရှုံးခါနီးမှ အိုင်ရီလန် နိုင်ငံ၏ ပုဒ်ရဟန်း ဘဝကို ပြန်လည် ရရှိထားခြင်းဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို ခရစ်ယာန်ဖြစ်ခါစ အဖြင့်သတ်မှတ်ထားသော အသက် ၁၆ နှစ်အရွယ်တွင် သူနေထိုင်ရာ ရွာလေးကို လာရောက်သိမ်းပိုက်သူများ လက်အောက်၌ ကျွန်အဖြစ် ရောင်းစားခြင်း ခံခဲ့ရပါသည်။ ဖမ်းဆီးခံနေရစဉ်အတွင်း ဘုရားသခင်ကို ယုံကြည်သောစိတ် ပိုမိုပြင်းထန်လာခဲ့ သည်။

၆ နှစ်အကြာ၌ ကျွန်ဘဝမှလွတ်မြောက်၍ ဂေါလ် (Gaul) သို့သွား၍ ရှင်ဂျာမိန်း(St.Germain) လက်အောက်၌ ၁၂ နှစ်မျှ စဉ်ဆက်ပညာကို သင်ယူခဲ့ပါသည်။ ပညာသင်ကြားနေစဉ်တွင်း ခရစ်ယာန်အကြောင်း မသိသေးသူ၊ ကောင်းကောင်းနားမလည်သေးသော်သူ များကို ခရစ်ယာန်ဘာသာဝင်အဖြစ်သို့ ပြောင်းလဲပေးရန် ပိုမိုစိတ်အားထက်သန်လာခဲ့၏။

သူ၏အကြီးမားဆုံးသော ရည်ရွယ်ချက်မှာ မွေးရပ်မြေ အိုင်ယာလန်သို့ ပြန်၍ ခရစ်ယာန်သာသနာ ဖြန့်ဝေဖို့ဘဲဖြစ်ပါသည်၊ ဒါပေမဲ့ သူ့ကိုယ်စား ရှင်ပါလာဒီးယက် (St.Palladius) ကအိုင်ယာလန် နိုင်ငံသို့ သွားဖို့ တာဝန် ကျသွားသည်။ နောက်ထပ်၂ နှစ်ကြာမှ ရှင်ပါလာဒီးယက် က စကော့တလန် ဘက်သို့ တာဝန်ကျသွားသော်ကြောင့် ရှင်ပက်ထရစ်သည် အိုင်ယာလန် နိုင်ငံသို့ ဒုတိယမြောက် ပုဒ်ရဟန်း ဖြစ်လာရပါသည်။

သူ၏ကြိုးပမ်းမှု့ကြောင့် လူအတော်များများ ခရစ်ယာန် ဘာသာဝင် အဖြစ်သို့ ပြောင်းလဲလာသော်ငြားလည်း၊ အတိုက်အခံများကြောင့် ဖမ်းဆီးမှု့ အကြာခဏ ခံရပေမဲ့ ပြန်လည် လွတ်မြောက်လာခြင်းလည်း အကြိမ်ကြိမ် ရှိခဲ့ ပါသည်။ အိုင်ယာလန် နိုင်ငံတခွင် လှည့်လည်ယုံတင်မက စာသင်ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများ ကိုလည်း ဆောက်လုပ်ပေးခဲ့ပါသည်။ သူ၏သာသနာပြုခရီးစဉ်ဟာ နှစ်၃၀ မျှကြာမြင့်ခဲ့ ပြီးနောက် သူဟာ မတ်ခ်ျလ ၁၇ ခရစ်သက္ကရစ် ၄၆၁ မှာအသက်သေဆုံးသွားခဲ့ပါသည်။ ထိုအချိန်မှစ၍ စိန့်ပက်တရစ်နေ့ ဟုသူ့အားဂုဏ်ပြုခြင်းအားဖြင့် စတင်ကျင်းပခဲ့ပါသည်။

တခုသော ထုံးတမ်းစဉ်လာက အနား ၃ခုပါသော် ရွက်ကျပင်ပေါက်၏ သဏ္ဍာန်ဖော်ဆောင်ပါတယ်၊ ဒါကလည်း စိန့်ပက်ထရစ်က ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော် ဆိုသော် သုံးပါးတဆူ အကြောင်းရှင်းပြရာမှာ အမြဲပုံပမာ အားဖြင့်သုံး၍ ရှင်းပြသော်ကြောင့်ဖြစ်သည် ဟုဆိုထားပါသည်။


စိန့်ပက်ထရစ်နေ့ အမေရိကန်ပြည်မှာ ပထမဆုံး အကြိမ်အဖြစ် ၁၇၃၇ ဘောစတွန်မြို့၌ ကျင်းပခဲ့ ပါသည်။ ယနေ့မှာတော့ အလှပြယာဉ်များ စီတန်းလှည့်လည်ခြင်း၊ အစိမ်းရောင်ဝတ်စုံများ ဝတ်ခြင်း၊ ဘီယာများသောက်ခြင်း စသည်ကဲ့သို့ ကျင်းပ ကြပါသည်၊ စိန့်ပက်ထရစ်နေ့ အလွန်တရာမှ ကြီးကျယ်ခမ်းနားလာရခြင်း အကြောင်း အရာတခုသည် ဆောင်းကုန်ကာလ၏ ပထမနေ့ရက်ဖြစ်သောကြောင့် လို့ဆိုထားကြပါသေးသည်။.....Jerry Wilson



အတွင်းစိတ်မှန်မြင်တွေ့ခြင်း။



လူအတွင်းမှထွက်သောအရာမူကား၊ လူကို ညစ်ညူးစေသော အရာဖြစ်၏။ လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤ ဆိုးညစ်သော အရာများတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေကြသည် ဟုမိန့်တော်မူ၏။ (ရှင်မာကု ၇း၂၁-၂၃)


ဖရဲသီးဝယ်ခြင်းသည် ကျွန်ုပ်အတွက် အခက်ခဲဆုံးသော တာဝန်တရပ်ဖြစ် ပါသည်၊ အဘယ့်ကြောင့်ဆိုသော် အပြင်ပန်းအားဖြင့် လှပပြေပြစ် နေသောငြားလည်း အတွင်း၌ ပုတ်နေတတ်သော ကြောင့်ဖြစ်သည်။ ဒါကြောင့် ကျွန်ုပ် ဖရဲသီးဝယ်မယ်ဆိုတိုင်း ပုတ်ကြည့်၊ ဖိကြည့်၊ လူတွေကြည့်မနေဘူး ဆို ရင်ညစ်တောင်ကြည့်လိုက်လုပ်မိပါသည်။

ယေရူခရစ်တော်နှင့် တပည့်တော်တို့ ရေမဆေးသောလက်နှင့် အစာစားခြင်းကို ဖာရိရှဲ တို့မြင်သောအခါ အပြစ်တင်ကြ၏၊ အဘယ့်ကြောင့်ဆိုသော် ရေမဆေးသောလက်နှင့် အစာစားခြင်းသည် ရှေးလူဟောင်းများ၏ ဓလေ့နည်းဥပဒေသနှင့် ဆန့်ကျင်သောကြောင့် ဖြစ်သည်။ ယေရူခရစ်ကလည်း ချက်ချင်း "သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို ကျင့်ရသော အခွင့်ရှိစေခြင်းဌါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။" (ရှင်မာကု ၇း၉) ဟုတုံ့ပြန်တော်မူ၏၊ ဖာရိရှဲ များကိုလည်း သူတော်ကောင်း အယောင်ဆောင်များ ဟုဆိုပြီး၊ လူအတွင်းမှ ထွက်သော အရာသည် လူကိုညစ်ညူးစေသော အရာဖြစ်၏ (၇း၁၆ ) ဟုရှင်းပြတော်မူ၏။

ကျွန်ုပ်တို့သည် ဆင်ခြင်တုံတရား မရှိပါက၊ အပေါ်ယံအမြင်၊ အလှ၊ သဘောထား ကိုသာ အလေးထား လျှက်၊ စိတ်နှလုံး၏ အရေးပါမှု့ကို မေ့လျော့နေတတ်ကြပါသည်။ ဒုစရိုက်အမှု့များ ရှောင်ရှားခြင်း၊ ဓလေ့ထုံးတမ်း များကို လိုက်နာခြင်းဖြင့် မိမိ ကိုယ်ကို အမှန်တရား၌ လျှောက်လှမ်း နေသူအဖြစ် မြင်လျှက် သူတပါး၏ အပြစ်များကို စီရင်ချက်ချလာတတ် ကြပါသည်။ ကျွန်ုပ်တို့၏တလွဲဆံပင် အတွေးအခေါ်၊ အမူအကျင့်များသည် ကိုယ့်ကိုယ်ကို အထင်ကြီးစေ၍ တသီးတခြားဖြစ်စေတတ်သည်၊ ထိုကဲ့သို့သော် သူများကို ယေရူခရစ်သည် သူတော်ကောင်းယောင်ဆောင်သူများ အဖြစ်ကဲ့ရဲ့ ရှုံ့ချခဲ့သည်၊

ကျွန်ုပ်တို့၏ ပင်ဂိုအရင်းခံစိတ်နှလုံး၊ အတွေး၊ အမူအကျင့်၊ သည်သာလျှင် သခင်ယေရူရှေ့၌ အရေးကြီးကြောင်း ဆင်ခြင်ကြပါစို့။ .........Joe Stowell

သင်၏စိတ်နှလုံး တခုတည်းသာလျှင် သခင်ယေရူ့ သည်အလေးထားပါ၏။


Let you know!


I know some of you have difficult to read in Myanmar. I'm trying to build a place you can download Myanmar font for you.

In Christ, Lashiothu

သိစေရန်။


ကျမ၏ ရည်ရွယ်ချက် အချို့ကို ဖော်ပြချင်ပါတယ်၊ ဘုရားရှင် ပေးသနားတော်မူသော ၂၄နာရီ ဆိုတဲ့ အချိန်ထဲမှ၊ မိမိနှင့်သက်ဆိုင်ရာ လုပ်ငန်းဆောင်တာများ နှင့် ရှုပ်ထွေးနေတဲ့ နေ့ရက်တိုင်း အတွက် အနည်းငယ်သော မိနစ်ကို ပြန်လည်ပေးဆပ်ရင်း ဝိညာဉ်ခွန်အား ရရှိစေရန် နှင့်၊ တစ်မိနစ်သော ဆုတောင်းချက် အားဖြင့် ဘုရားရှင်ထံ တိုင်တည်နိုင်ဖို့၊ နေ့ရက်စဉ်တိုင်း ကားမောင်းရင်း၊ လမ်းလျှောက်ရင်း၊ ထိုင်နေရင်း၊ နားနေရင်း၊ နေ့စဉ်ကျမ်းပိုဒ်အား ပြန်လည် တွေးတော၊ရွတ်ဖတ်ခြင်း အားဖြင့်၊ စာတန်၏ အနှောက်အယှက်မှ သော်၎င်း၊ ရက်သတ္တပတ်လုံး ရွတ်ဖတ်ခြင်းဖြင့် ကျမ်းပိုဒ် တခုကို အလွတ်ရသွားစေရန်သော် ၄င်း ရည်ရွယ်ပါတယ်။ ကျမ ကိုအကြံပေးခြင်းအားဖြင့် ထာဝရဘုရား အိမ်တော်ကို တူတကွ တည်
ဆောက် သွားကြရအောင်လို့။

နာမတော်၌

ူလားရိုးသူ

ကရုဏာတော် နေ့ရက်များ၊

ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့်၊ ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲ နေကြ၏။ နံနက်တိုင်း ကရုဏာတော် အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။ (ယေရမိ မြည်တမ်းစကား ၃း၂၂-၂၃)

အသက်တာ တခုလုံး၊



အကျွန်ုပ်ကို မျက်နှာလွဲတော် မမူပါနှင့်။ အမျက်ထွက်၍ ကိုယ်တော်၏ ကျွန်ကို ပယ်တော် မမူပါနှင့်၊ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ ကိုယ့်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။ အိုထာဝရဘုရား ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြသ သွန်သင်တော်မူပါ။ အကျွန်ုပ် ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ (ဆာလံကျမ်း ၂၇း၉-၁၁)


ကျွန်ုပ် အသက်တာတွင် လူအများ၏ အထင်လွဲမှားမူ့၊ နားလည်မူ့မဲ့ခြင်း မြောက်မြားစွာ ခံရခဲ့ဘူး၏၊ ကျွန်ုပ် အသက်တာ တပိုင်းတစကို ကြည့်ပြီး ဝေဖန်ပိုင်းခြားခြင်း အများကြီးကိုလည်း ကြုံခဲ့ရပါ၏။ ဒါပေမဲ့ ထာဝရဘုရားသည် ကျွန်ုပ်ကို အရှိအတိုင်း လက်ခံတော်မူ၍ လမ်းပြတော်မူခြင်း အစဉ်အမြဲ ရရှိပါ၏၊

ကျွန်ုပ်သည် နီးစပ်ရာဆွေမျိုး၊ အပေါင်းအသင်းများ ထံမှ၎င်း၊ လတ်တလောတွင်မှ ခင်မင်ခဲ့သော်၊ တွေ့ဆုံခဲ့သောသူများ ထံမှ၎င်း ကူညီဖေးမမှု့များကို မျှော်လင့်ခဲ့ဘူး ပါ၏။ ကျွန်ုပ်၏ မျှော်လင့်ချက်များ သူတို့ထံမှ မရရှိသောအခါ၌ ကျွန်ုပ်ကို နားလည်နိုင်သော ခွန်အား ကိုယ်တော် ပေးသနားတော်မူပါ၊ ကိုယ်တော် ကျွန်ုပ်အတွက် ပြင်ဆင်ပေးသော လမ်းမှလည်း သွေဖယ်စေတော် မမူပါနှင့်၊ ကျွန်ုပ်သည် ကိုယ်တော်ရှေ့မှောက်၌ တင့်တယ်သော ယဇ်ဖြစ်လျှက် ကိုယ်တော်၏ နိုင်ငံတော်အတွက် အကျိုးဝင်သောသူ ဖြစ်စေမည့် အကြောင်း လက်ခံတော်မူပါ၊ နာမတော်အမည် ပြုလျှက်တောင်းလျှောက်ပါ၏ အဖ၊ အာမင်။


Saturday, March 15, 2008

ဘာကြောင့် ပြောင်းလဲသွားတာလဲ


နူးညံသိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော် မူသည်ကို ကြည့်ရှု့လော့

( ရှင်မဿဲ ၂၁း ၅ )

တစ်ခုသော တနင်္ဂနွေနေ့တွင် ယေရူခရစ်တော်သည် ယေရုစလင်မြို့သို့ အောင်ပွဲရ ဘုရင်တစ်ပါး၏ခမ်းနားထည်ဝါမှု့ မျိုးဖြင့်ဝင်ရောက်လာခဲ့သည်။ မြို့သူမြို့သား အပေါင်းတို့ကလည်း သံလွင်ခက်များ ခင်းကျင်းဝှေ့ယှမ်းလျက် ဟောရှဏ္ဍ ဟုအော်ဟစ်လျက် ၀မ်းပမ်းတသာ ကြိုဆိုခြင်းကို ခံခဲ့ရသည်။

တပတ်အတွင်း ဘာတွေများ မှားယွင်းခဲ့ပြီလဲ ဟောရှဏ္ဍ ဖြစ်စေသတည်းဟု ချီးမြှောက်ဂုဏ်ပြုခံရပြီးမှ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်း ခံပါစေလေဟု ဆိုပြီး အဘယ်ကြောင့် ပြောင်းလဲ သွားသနည်း။ ယေရူခရစ်တော်ဟာ လူအများမကြားချင်သော မှန်ကန်သော တရားများကို ဟောပြောရာမှ စတင် ခဲ့ပါသလား.....?

ယေရူခရစ်သည် ဗိမာန်တော်၌ ရောင်းဝယ်သော သူအပေါင်းတို့ကို နှင်ထုတ်၍ ငွေလဲသော သူတို့၏ ခုံများကိုလည်းကောင်း ၊ ချိုးငှက် ရောင်းသော သူတို့၏ ထိုင်နေရာကို လည်းကောင်း ၊ တွန်းလှဲလိုက်တော်မူ၏။ (ရှင်မဿဲ ၂၁း ၁၂ ) ။ အခွန်ခံနှင့် ပြည့်တန်ဆာတို့သည် မိမိတို့၏ ယုံကြည်ခြင်းအားဖြင့် ကောင်းကင်နိင်ငံသို့ ၀င်စားရလတ္တံ ( ၂၂း ၃၁ ) ။ ထိုမျှမက ဘုရားသခင်နှင့် စပ်ဆိုင်သော အခွန်ဘဏ္ဍာကို ထည့်ဝင်ဖို့ ဟောကြားတော်မူ၏ ။ ( ၂၂း ၂၁ ) ။
ဖာရိရှဲ နှင့် ဇဒ္ဒု ကဲ တို့အားလည်း အမင်္ဂလာ ရှိသောသူများဟု ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်။ ( ၂၃း ၁၃ - ၃၁ ) ။

သန့်ရှင်းမြင့်မြတ်သောသူ ၊ လူ့ဇာတိကို ခံယူလျက် ကြွလာသောသူ ၊ တပါးတည်းသော စုံလင်သော အရှင် ၊ ခရစ်တော် ဖြစ်ပါသည်။ ကိုယ်တော်၏ လုပ်ဆောင်ချက်သည် မှန်ကန်သောတရားကို ဟောကြားဖို့ရန်နှင့် ကယ်တင်ခြင်းကို ဝေငှရန်သာ ဖြစ်ပါသည်။ သို့သော် သူ၏ အသက်ကို စတေးခံခဲ့ရသည်။ ယေရုစလင်မြို့၌ ရှိနေစဉ် တပတ်အတွင်း အဖြစ်အပျက်အား ပြန်လည်စဉ်းစားကြည့်လျှင် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာနှင့် ကားတိုင်ပေါ်မှာ အသက်သွေးစွန်းခဲ့ရခြင်းအတွက် ဘုရားရှင်၏ နာမတော်အား အစဉ်အမြဲ ချီးမွမ်းထိုက်ပေသည်။ ........Dave Branon

Jesus, Thou art my righteousness,
For all my sins were Thine;
Thy death hath brought of God my peace,
Thy life hath made Him mine..... Anon.

လက်ဝါးကပ်တိုင်၌ သံမှို ရိုက်ခံခဲ့ရသော ခရစ်တော်၏ လက်များသည် ထာဝရ ဘုရားသခင်၏ ပြည့်ဝသော် ချစ်ခြင်းမေတ္တာ တံခါးကို
လှစ်ဟ ပြသထားပါ၏


အရှိအတိုင်း လက်ခံတော်မူပါ။


ပဌနာ စကားကို ပြင်ဆင်၍ ထာဝရဘုရား ထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသော အပြစ်တို့ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်း တည်းဟူသော နွားသငယ် တို့ကို ပူဇော်ပါမည်။
( ဟောရှေအနာဂတ္တိကျမ်း ၁၄း၂ )

အကျွန်ုပ် အား လက်ခံတော်မူ ပါဘုရား၊ အကျွန်ုပ်၏ စိတ်အား ထက်သန်မှု့၊ များစွာသော မေးခွန်း၊ အလိုဆန္ဒ များကို ကိုယ်တော် ၏အလိုတော် အတိုင်း ပြုပြင်လျှက် ကိုယ်တော် ၏နိုင်ငံတော် အတွက် အသုံးချတော် မူပါ။ အကျွန်ုပ် အပြစ်များကိုလည်း ဆေးကြောဖြူစင်စေ တော်မူပါ။


အကျွန်ုပ် ဆုတောင်း သံများကိုလည်း ကိုယ်တော် ၏ကျေးဇူးတော်နားနှင့် ကြားနာတော် မူ၍နားဝင်ချို စေတော်မူပါ၊ အကျွန်ုပ် အတွေး၊ ဆုတောင်းသံ များသည် ဂတိတော်နှင့် အညီ ဖြစ်စေတော် မူပါ၊ အကျွန်ုပ် လိုအင်ဟူ သမျှတို့သည် ကိုယ်တော့် ဂုဏ်တော် ကိုချီးမြောက်ဖို့ ဖြစ်စေမည့် အကြောင်း နာမတော် ကို အမည်ပြု၍ တောင်းလျှောက်ပါ၏ အဖ၊ အာမင်။


ပကတိရိုးသားခြင်း

အဘယ်ကြောင့်ဤသို့ ကြံစည်သနည်း ။ လူကိုသာ မုသာပြောသည်မဟုတ် ဘုရားသခင်ကိုလည်း မုသာပြောပြီ။ တမန်တော်ဝတ္တု (၅း ၄ )

မီးရထားသံလမ်း ဖောက်လုပ်ရာတွင် မြေအောက်ရထားလှိုင်ဂူထဲ၌ ပြိုကြ၍ သေဆုံးခဲ့သော လူ ( ၆ ) ယောက်နှင့်ပတ်သက်၍ ထိုသူတို့၏ မိသားစုဝင် ၊ သူငယ်ချင်း
များက သေဆုံးမှုနှင့်ပတ်သက်ပြီးမေးမြန်းခဲ့ကြသည်။ ထို့အပြင် မိမိနှင့်သက်ဆိုင်သူ၊ ချစ်ခင်နှစ်သက်သူ များကိုကယ်တင်ရန် ရောက်လာကြသူများသည် မြေအောက်ရထား လုပ်ငန်းပိုင်ရှင် နှင့် အာမခံသူများက ချက်ခြင်း သတင်းပို့ခြင်း မလုပ်မှု့ကြောင့် တနာရီ ခန့် နောက်ကျကာ ရောက်ရှိလာကြ၏။ ထို့အပြင် ထိုလုပ်ငန်း ပိုင်ရှင်တို့သည် အဖြစ်အပျက်အား သက်ဆိုင်ရာသို့ အချိန်နှင့် တပြေးညီ သတင်းပို့ရမည့်အလုပ်အား လုပ်ဆောင်ခြင်း မရှိဘဲ ၊ အဖြစ်အပျက်အား ထိန်ချန်ပဖျောက်ခဲ့ကြသည်။ ဤမရိုးသားသော လုပ်ရပ်ကြောင့် အချိန်မှီ မကယ်ထုတ်နိင်ဘဲ လူ ( ၆ ) ဦးသေဆုံးခဲ့ရသည်။

တမန်တော်ဝတ္တု၌ ထာဝရဘုရားသည် ရိုးသားမှု မရှိခြင်းအပေါ် မြင်သည့်အမြင်ကို ကျွန်ုပ်တို့အား ဥပမာ ပြထားပါသည်။
(၄း၃၂-၅း၁၁)

အချို့သော ယုံကြည်သူများသည် မိမိပိုင်ဆိုင်သော လယ်မြေများကို ရောင်း၍ ဘုရားကျောင်းတွင် လာရောက် လှူဒန်းကြသော်ငြားလည်း၊အာနနိ နှင့် ရှဖိရေ တို့သည် မိမိရောင်းရငွေထံမှ မိမိတို့အတွက် ငွေတစ်ချို့တစ်ဝက်ကို ထိန်ချန်ထားခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ချီးမွမ်း ခံရမည့်အစား အသက်သေဆုံးသွားခဲ့သည်။

သူတို့၏ လုပ်ရပ်နှုင့် ပြစ်ဒဏ်ကျခံခဲ့ရမှု့သည် သိပ်ကိုကြီးမားနေခဲ့ပါသလား..........?
အဆုံး၌သော်ကား သူတို့၏ မဆိုသလောက်သော လိမ်လည်ခဲ့မှုသည် အသက်ပေးဆပ်ရလောက်အောင် ထိုက်တန်ခဲ့ပါသလာ........?
ပေးမည်ဟု ၀ါကြွား၍ မပေးဘဲနေသောသူသည် မိုးရေမပါသော တိမ်နှင့် လေကဲ့သို့ ဖြစ်၏။သုတ္တံကျမ်း ( ၂၅း ၁၄ )

ရှုင်ပေတရုသည် အာနနိအား မေးသော်မှုသည်ကား စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။ လူကိုသာ မုသာ ပြောမည်မဟုတ် ဘုရားသခင်ကိုလည်း မုသာပြောပြီ။ မိမိကိုယ်ကို မိမိရိုးသားစွာ နေထိုင်ရုံဖြင့် ဘုရားသခင်ရှေ့တော်၌လည်း ရိုးသားနေပြီဟု ပြောနိင်ပါသလား........

Albert Lee

Lord, by Your Spirit grant that we
In word and deed may honest be;
All talse hood we would cast aside-
From You, O Lord, we cannot hide- D. De Haan

Thursday, March 13, 2008

ခိုလှုံရာ



အကျွန်ုပ် အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည် အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက် ဖြစ်တော်မူ၏။ (ဆာလံကျမ်း ၇၁း၃)

အောင်မြင်ကျော်ကြားသော ဂျွန်းဘားမောင် တစ်ယောက်ဟာ အိပ်ခန်း ရှစ်ခန်းပါဝင်၍ နန်းတော်တမျှ ခမ်းနားသော အိမ်ကို တစ်ဦးတည်းနေထိုင်ရန် အလို့ဌာ တည်ဆောက်ခဲ့သည်။ သူနေထိုင်သော အိမ်တွင် ရုပ်ရှင်ရုံ ၊ အားကစားခန်းမ ၊ ရေကူးကန် နှင့် ကားဂိုထောင် ငါးခုပါဝင်၏ ။ နယူးယောက်ခ်တိုင်းမ်စ် နှင့် အင်တာဗျုးခဲ့ရာ ဒေါ်လာ ၈ သန်းတန်သော ထိုအိမ်ကို တည်ဆောက်ခဲ့ရာ၌ အောင်မြင်ကျော်ကြားမှု ကိုဝါကြွားဖို့အတွက် မဟုတ်ကြောင်း ၊ သူ၏ ငယ်ဘ၀တွင် စိတ်နာကျည်းဖွယ်ရာများ ၊ သူတပါး၏ နှိမ့်ချဆက်ဆံမှုများနှင့် ကြုံတွေ့ခဲ့၍ လုံခြုံအေးမြသော နေရာရရှိရန် အလို့ဌာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သူသည် စည်းစိမ်းဥစ္စာများ သာယာဖျော်ဖြေမှုများ ခံစားနိင်ရန်အတွက် တည်ဆောက်ခဲ့ခြင်း မဟုတ်ဘဲ စစ်မှန်၍ လေးနက်သော အရာတစ်ခုကို ရှာဖွေနေခြင်း ဖြစ်ကြောင်း ၊ ငါ့ကိုယ်ပိုင် အေးချမ်း ၊ ငြိမ်သက်မှု့ရဖို့အတွက်သာဟု ပြောခဲ့သည်။ အကျွန်ုပ်တို့ အားလုံးဟာအတိတ်တစ္ဆေ၏ ခြောက်လှန့်ခြင်း ၊ ပစ္စုပန်၏ ဖိဆီးနှိပ်စက်ခြင်းကြောင့် ထွက်ပေါက်မရှိသော ၀င်္ကဘာလို ကြုံတွေ့နေရပါတယ်။ ကျွန်ုပ်တို့၏ ငြိမ်သက်မှု့ ၊ အေးချမ်းသော နေရာကို အဘယ်မှာ ရှာတွေ့နိင်မည်နည်း။

(ဆာလံကျမ်း ၇၁း ၂-၃ ) တရားတော်နှင့်အညီ အကျွန်ပ်ကို နုတ်ယူ၍ လွှတ်တော်မူပါ ၊ နားတော်ကို ကျွန်ုပ်ဘက်သို့လှည့်၍ ကယ်တင်တော်မူပါ။
အကျွန်ုပ် အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည် အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက် ဖြစ်တော်မူ၏။ ဆာလံဆရာက သူ၏ ယုံကြည်ချက် ၊ မျှော်လင့်ချက် ၊ ဘ၀မုန်တိုင်းကြားမှ ခိုလှုံနားခိုရာသည် ထာဝရဘုရားတစ်ပါးတည်းသာ ဖြစ်ကြောင်း ဖွင့်ဟ၀န်ခံထားခဲ့သည်။ ခမ်းနားထည်ဝါ၍ အဆင့်အတန်းမြင့်သော အိမ်ကြီးအိမ်ကောင်းများသည် ပိုက်ဆံချမ်းသာသော လူတစ်ချို့သာ ၀ယ်ယူနေထိုင်နိင်သော်လည်း ထာဝရဘုရား၏ အတောင်တော် အရိပ်အောက်၌ လူတန်းစားမရွေး ဆင်းရဲချမ်းသာ မရွေး လာရောက်ခိုလှုံနိင်ပေသည်။

ကျွန်ုပ်တို့၏ ဒုက္ခဟူ သမျှကို ထာဝရဘုရားထံ အပ်နှံထားပါ။ ဘုရားရှင်ထံမှ ငြိမ်သက်ခြင်း ကျေးဇူးတော်သည် သင့် ထံ၌ အစဉ်အမြဲ တည် နေလိမ့်မည်။
........David McCasland

A little sanctuary art Thou to me;
O Jesus Christ, beloved, I live with Themm;
My heart has found its everlasting home,
Its sure abiding place where'er I roam.

သိစေရန်


ကျွန်ုပ်၏ နေ့စဉ်ခွန်အားကို Daily Bread by RBC မှ ဘာသာပြန် ထားပါ၏၊
ထိုနည်းတူ ဆုတောင်းချက်များ ကိုတော့ One-minute prayers from the Bible by Hope Lyda မှ ဘာသာပြန်ဆိုထားပါ၏။ အလည် ရောက်လာသူတိုင်း၊ ဘုရားရှင်ထံမှ ဝိညာဉ်ခွန်အား ရလျှက် ကောင်းချီးမင်္ဂလာများ ခံစားရရှိကြပါစေလို့။

ခရစ်တော် နာမ ၌
လားရှိုးသူ






ယုံကြည်ခြင်းအတွက် အသင့်ရှိနေသူ


ယေရှု
ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့် ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ပြုနိုင်သည် သာမက၊ ထိုတောင်ကို ပင်နေရာမှ ရွှေ့လော့၊ ပင်လယ်၌ ကျလော့ဟု ဆိုလျှင် ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်၊ ယုံကြည်ခြင်းပါလျက် ပဌနာ ပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

(ရှင်မဿဲ ၂၁း၂၁-၂၂)


ကျွန်ုပ် ဆုတောင်းသံများသည် ပြည့်ဝသော ယုံကြည်ခြင်းမှ သွေဖယ်နေတတ်ပါ၏၊ ကိုယ်တော် နားညောင်းနေကြောင်းကို သံသယ ရှိနေခြင်းကိုလည်း ကျွန်ုပ်ကိုယ်၌ တွေ့နေရပါ၏ဘုရား၊ သံသယ မြူမှုန်မှ မရှိသော ယုံကြည်ခြင်း နှလုံးသားကို ပေးသနားတော် မူပါဘုရား၊ ကိုယ်တော်နှင့် ပို၍ နီးစေပါ၊ စာတန်မာနတ်၏ စုံစမ်းနှောက်ယှက်ခြင်း များမှလည်း ကင်းလွှတ် စေပါ။
ကိုယ်တော်၏ ဘုန်းတော်၊ နာမတော် ကိုအမည်ပြု၍ ဆုတောင်းသော ကျွန်ုပ် ၏ နုတ်ခမ်း မှလည်း ပြည့်ဝသော ယုံကြည်ခြင်း ကို ဖော်ကျူးနိုင် မည့် အကြောင်း ဆုတောင်းပါ၏၊

အာမင်။


အလိုရှိသည်

ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာ နေလျှင် ကျောက်ခဲတို့သည် ချက်ခြင်းကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
(ရှင်လုကာ ၁၉း၄၀)

ယေရှုသည် တမန်တော် များနှင့်တကွ ယေရုရှလင် မြို့သို့နောက်ဆုံး ခရီးစဉ် အဖြစ် သွားချိန် ဗေသနိရွာအနီး၌ ရောက်သော အခါ၊ တပည့်တော်နှစ်ဦး ကို မြို့တွင်းသို့ စေလွှတ်၍ စီးရန် အတွက် မြည်းတကောင်ကို ယူဖို့စေလွှတ်လိုက်တယ်၊ သူတပါးက မေးခဲ့ရင် သခင်အလိုရှိတယ် လို့ဖြေပါလို့မှာကြားလိုက်တယ် ။
(ရှင်လုကာ ၁၉း၃၁)

ကျွန်ုပ်တို့လည်း ဘဝရဲ့နေဝင်ချိန် နဲ့နီးကပ်လာတာနဲ့အမျှ ငါဘုရား အတွက်အကျိုးမှရှိသေးရဲ့လား၊ ငါဟာအသုံးကျအုံးမလား ဆိုတဲ့ မေးခွန်းလေးတွေ မေးမိကြမှာဘဲ ၊
ကျွန်ုပ်တို့ဟာ ဘုရားရှင်မြည်းကို လိုအပ်ခဲ့သလို ဘုရားရှေ့၌ အမြဲဘဲ အသုံးကျပါတယ်၊ တစ်စုံတခုသော်၎င်း၊ တစ်စုံတယောက်သော်၎င်း၊ ကိုယ်တော်၏နိုင်ငံတော် အတွက်အမြဲဘဲ လိုအပ်နေပါ၏၊အယောက်စီတိုင်းကို ပေးအပ်သော တာဝန်ဟာ အတူညီနိုင်ဘူး၊ သေးငယ်ရင်လည်း သေးငယ်မယ်။

ဒါပေမဲ့ ကိုယ်တော် ကျွန်ုပ်တို့ကိုခေါ်တဲ့ အချိန်ကာလတိုင်အောင် ပေးအပ်ထားတဲ့ တာဝန်ကိုကျေပြွန်အောင်ထမ်းဆောင်ဖို့ အယောက်စီတိုင်းမှာ တာဝန်ရှိပါတယ်၊
ဘုရားရှင်ပေးထားတဲ့ ကိုယ့်အတွက်တာဝန်က ဘာလဲဆိုတာ မသိသေးဘူး ဆိုရင်တော့၊ ဆုတောင်းရင်း ကိုယ့်ကိုယ်ကို ပြင်ဆင်လို့စောင့်နေကြပါလို့။ ဘုရားရှင် လိုအပ်လာတဲ့ အချိန်အတွက် သင်အသင့်ဖြစ်ပြီလား?

အသက်နှင့် ကိုယ်စွမ်း၊ဥာဏ်တွေပေါ်မတည်ဘဲ၊ သ္မီားများအတွက်ပေးအပ်ထားတဲ့ တာဝန်ကိုယ်စီ ထာဝရဘုရား၌ အသင့်ရှိပါ၏။ -David Roper

I'm available for God to use me, Available, if God should choose me; Should it be now or them, it doesn't matter when; I want to see lost souls be born again._Anthony

Wednesday, March 12, 2008

ပဌနာတော်

ကောင်းကင်ဘုံ၌ ရှိတော်မူသော် ကျွန်ုပ်တို့၏ အဖ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော်၊ နိုင်ငံတော် တည်ထောင်ပါစေသော်၊ အလိုတော်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသကဲ့သို့ မြေကြီး ပေါ်၌လည်း ပြည့်စုံပါစေသော်၊ အသက်မွေးလောက်သော အစာကို ကျွန်ုပ်တို့အား နေ့ရက်စဉ်အတိုင်း ပေးသနား တော်မူပါ။

သူတပါး တို့သည် ကျွန်ုပ်တို့ အား ပြစ်မှားသော် အပြစ်များကို ကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ ကျွန်ုပ် တို့၏အပြစ်များကို လွှတ်တော်မူပါ၊ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ အကောင်းသော် အမူ့အရာတို့မှ လွှတ်တော်မူပါ၊ အုပ်စိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်တော်သည် ကမ္ဘာ အဆက်ဆက်၌ တည်ရှိပါ စေသော၊ အာမင်။

No one is hopeless who hope is in God.


Your people shall be my people, and your God, my God. Ruth 1:16

On May31, 1889, a massive rainstorm filled Lake Conemaugh in Pennsylvania until its dam finally gave away. A wall of water 41 feet high traveling at 41 mph rushed down the valley toward the town of Johnstown. The torrent picked up buildings, animals, and human beings and sent them crashing down the spillway.

When the lake had emptied itself, debris covered 30 acres, and loved ones, survivors felt hopeless. But later, community leaders gave speeches about how local industry and homes could be rebuilt. This acted like a healing balm, and the survivors energetically got to work. Johnstown was rebuilt and to day is thriving town with a population of approximately 28,000.

The Bible tells us that when Naomi despaired over the loss of her husband and sons, her daughter-in-law Ruth refused to leave her. Instead, Ruth focused on God, her relationships, and the future. God rewarded her faith by providing for them and making Ruth an ancestor of Jesus Christ (Matt. 1:5-16).

After a tragic loss, we should look at the resources and relationships that remain and trust God to use them. THis can inspire the hope of rebuilding a new life. Dennis Fisher


Beyond the losses of this life
That cause us to despair
New hope is born within our heart

Because our God is there. ----D.De Hann