Tuesday, March 18, 2008

ကျိုးပဲ့သော် နှလုံးသား၊

ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့် နာကျင်စွာ ထိုးခြင်း ၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်း ချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသော် ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်၍ ရှိကြ၏။ (ဟေရှာယ အနာဂတ္တိကျမ်း ၅၃း ၅ )

အက်စတာ ကြက်ဥများ နှင့် လက်ဆောင်ချင်းများ နေရာချထားပြီးနောက်
ကျွန်တော့် ဦးလေးဂျေးက အဖြူရောင် ချောကလက် မီးအိမ်လေး အထဲ၌ မည်သည့်အရာများ ရှိနေသနည်း ဆိုသည့် သိချင်သည့် စိတ်ကို ထိန်းချုပ်၍ မရဖြစ်နေသည်။ ထိုကြောင့် မည့်သည့်အရာကိုမှ မစဉ်းစားတော့ဘဲ ထိုမီးအိမ်လေးကို ကိုင်ကြည့်လိုက်မိသည်။ ထိုအခါ အကြောသေ စေသော အဆိပ်ကို ထိုးပေးသကဲ့သို့ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ နောက်ဆုံး၌ သူလုပ်ရပ်အား မည်သူများ မြင်သွားသလဲ ဆိုသည်ကို မျက်လုံးဝေ့ပြီး လိုက်ကြည့်နေခဲ့သည်။ သို့သော် သူ၏ လက်မသည် မီးအိမ်လေးထဲ၌ ရှိနေဆဲဖြစ်သည်။

ကျွန်တော်တို့ တစ်အိမ်လုံးကလဲ ဘယ်သူဘာများ ပြောလိုက်မလဲ၊ ဘာဆက်ဖြစ်လာမလဲ ဆိုသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ တစ်စုံတစ်ယောက်များ အော်ဟစ်လိုက်မလား...။ လူကြီးများက ထိုဖြစ်ရပ်အတွက် ဖြေသိမ့်စရာ စကားရှာမရ ဖြစ်နေခဲ့ကြသည်။ ထိုအချိန်၌ (၃) နှစ်အရွယ် သမီးလေး ဂျီနာ၏ စကားက ကျွန်ုပ်တို့အားလုံးအား ဖြေသိမ့်ပေးနိင်ခဲ့သည်။

“ ရပါတယ်...ဦးလေးဂျေးရေ ၊ အဲဒီမီးသီးလေးက ကျမ စားလိုက်ရင်လည်း ကွဲသွားရမှာပါ။ ”

လူအများအနေဖြင့် အီစတာ၏ ထုံးတမ်းအစဉ်အလာ တရပ်၌ အထိတ်တလန့် ဖြစ်ခဲ့ကြပေမယ့် ( ၃ ) နှစ်အရွယ် ကလေးက ကျွန်တော်အပါဝင် လူအားလုံးကို အသိတရား တစ်ခုပေးအပ်ခဲ့ပါတယ်။ အီစတာ ဆိုသည်မှာ ထုံးတမ်း အစဉ်အလာအရ ကြက်ဥဖွက် ၊ ပန်းခြင်း ၊ အစားအသောက် လက်ဆောင်ခြင်းတောင်းများ အချင်းချင်း ပေးအပ်ဖလှယ် ရုံမျှသာမဟုတ် ဘုရားသခင်၏ သားတော်သည် ကျွန်တော့်တို့ အသက်တာ ပြည့်ဝစုံလင်ရန် အတွက် ကျိုးပျက်ခံခဲ့ခြင်းကို ပြန်လည်အမှတ်ရ စေခဲ့ပါသည်။

ယေရူခရစ်၏ နောက်ဆုံးညစာ စားပွဲ၌ မိန့်ဆိုခဲ့သော် စကားကိုလည်း ပြန်လည် အမှတ်ယစေခဲ့ပါသည်။ ဤမုန့်က သင်တို့အဖို့အလို့ငှာ ချိုးဖဲ့သော ငါ၏ ကိုယ်ဖြစ်၏။ ( ကောရိန္တုသြဝါဒစာ ပဌမစောင် ၁၁း ၂၄ )......Julie Ackerman Link


See, from His head, His hands, His feet,
Sorrow and love flow mingled down;
Did e'er such love and sorrow meet
Or thorns compose so rich a crown?..... Watts

ယေရူ၏ ကားတိုင်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ ချစ်ခြင်း မေတ္တောအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါ၏


0 comments: