Monday, April 28, 2008

ဟင်ဒူ ဘုရားဝင်စား

မတ်ခ်ျလ ( ၅) ရက်နေ့က နယူးဒေလီမှ (၅၅) ကီလိုမီတာကွာဝေးသော၊ နွိုင်းဒမြို့၊ ဆိုင်းနိကျေးရွာတွင် မျက်နှာနှစ်ခုပါ ကလေးမွေးဖွားခဲ့ပါသည်။ ကလေးသည် ပါးစပ်ပေါက် နှစ်ခုလုံးမှ အစာစား၍၊ မျက်လုံးလေးခုစလုံး မှိတ်တုပ်၊ မှိတ်တုပ်နှင့် လုပ်တတ်ပါသေး၏။ ကလေးမိဘများက ဟင်ဒူဘုရားမ ဝင်စားသည်ဟုဆိုကာ ခွဲစိပ်ဖို့ရန် လက်မခံပါ။
A girl born with two faces rests in her house at Saini village ...

ကျေးရွာလူများသည်လည်း ဘုရားပွင့်သည်ဟုဆိုကာ လာရောက်ပူဇော်၊ ကောင်းချီးများလာယူ လျှက်အုတ်အုတ် သည်းသည်းဖြစ်နေသည်ဟု သတင်းရထားပါသည်။ သိပံ္ပ ပညာအရ ဦးခေါင်းခွံ၌ မျက်နှာနှစ်ခုပေါ် နေခြင်းကို ဘယ်နေရာမှ ဖြတ်ထုတ်ခြင်းဖြင့် ပုံမှန်ပြန်လည် ဖြစ်နိုင်မည်ကို စမ်းသပ်လိုသောလည်း၊ မိဘများအနေဖြင့် ဘာသာရေး အယူအရ လုံးဝခွဲစိတ်မည် မဟုတ်ကြောင်းတဲ့ ဗျိုး၊ ပြောကြပေတော့... အမြင်လေးတွေ။



5 comments:

ဆိုးသွမ်း said...

မြန်မာဘာသာရေး အယူအရရော ၊ ယခုခေတ် နည်းပညာတွေ အရပါ ဒါဆို ဘုရားဝင်စား တယ်လို့ လက်ခံနိင်စရာ အကြောင်းကို မရှိပါဘူး လို့ထင်မြင် မိပါတယ် အမရေ။ မြန်မာမှာဆို ဒါကို ၀ဋ္ဋ်နာကံနာ အဖြစ်သက်မှတ် ကြမှာပါ။ ကျွန်တော်လည်း ဒါဆို လက်မခံနိင်ပါဘူး။ ဟိုတလောက အိန္ဒိယမှာလည်း မြန်မာဘုရား ၀င်စားတယ် ဆိုပြီး ကောင်လေးတယောက် ဟစ်တိုင်မဂ္ဂဇင်းမှာ တွေ့မိလိုက်ပါသေးတယ်။ သတင်းအတွက် ကျေးဇူးပါ ခင်ဗျာ။ အဆင်ပြေပါစေ။

စိုးထက် - Soe Htet ! said...

ဒီလိုပါပဲ ... ရှေး အယူစွဲ တွေ သိပ်ကြီးနေရင် အမှန် မမြင် နိုင်ကြတော့ ဘူး ... :)

ထွန်း said...

အမှန်ကတော့ သားဥသနွေတည်တဲ့ အချိန်မှာ ပုံမှန်မဖြစ် တဲ့ အတွက်ကြောင့် မူမမှန်ဖြစ်တဲ့ အမွှာသနွေသားက နေ မျက်နာ၂ခုဖြစ်သွားတာပါ။ ဟိဒူကုလားတွေကဘုရားပေါင်း သောင်းခြောက်ထောင် ကိုးကွယ်ပါတယ်၊ မျက်နှာများတာ ရော လက်များ ခြေများ အစုံပါဘဲ။ ဘုရားတိုင်းက အစွယ်ပါတယ်၊ ပြန်တွေးကြည့်ရင် ဒသဂီရီကို ကိုးကွယ်ခဲ့သလားဘဲ။ ဘီလူးတွေကို ကိုးကွယ်နေသလား လို့တောင် တွေးမိသေးတယ်။ ညီမရေးတဲ့ ခေါင်းစဉ်က သိပံပညာနဲ့ ဆန့် ကျင်ပြီး လက်တွေ့ နဲ့  ကွာဟနေမလားဘဲ။ ညီမကို ပညာတတ် ခေတ်လူငယ်တဦးလို့ ထင်မိပါတယ်။ လက်တွေ့ ကျကျ သိပံပညာအတွေးနဲ့ တွေးစေလိုပါတယ်။ ဒီအမွှာမိန်းခလေးသာ မဟုတ်ပါဘူး။ ကျနော့်ဆိုဒ်မှာ ကိုယ်အင်္ဂါများစွာပါတဲ့ တိရိစ္ဆာန်တွေ အကြောင်းတင်ထားပါတယ်။
http://joyful4all.blogspot.com/2008/02/news-two-faced.html
မျက်နာများတဲ့မောင် ခြေများတဲ့ မောင်ဆိုတဲ့ ပို့ စ်ကို ဖတ်ပြီးရင် ညီမနားလည်လာပါလိမ့်မယ်။

ဒါနဲ့  ညီမရဲ့ ဒီပို့ စ်ခေါင်းစဉ်ကို ပြင်လိုက်ပါလား။

Anonymous said...

To j 's comment,
I don't think the blogger is trying to point out that she is believing in what she posted. she is just trying to inform this extraordinary news for knowledge sake. she is even asking what others think about this issue. J , if I were you , I would not say that she is not thinking scientifically because she did not mention that she believes in this. Actually, asking people to change her title is more unethical than not thinking scientifically I guess.

ထွန်း said...
This comment has been removed by a blog administrator.