Tuesday, April 22, 2008

မာကျူရီဂြိုလ်


ဧပြီလ ၂၃ ၊ ၂၀၀၈ ခုနှစ် ဗုဒဟူးနေ့ ညနေခင်း နေ၀င်တရီရော အချိန်နှင့် မိုးစုန်းစုန်း မချုပ်ခင် ကြားကာလ ကျွန်မတို့ ကမ္ဘာမြေကြီးမှ မြင်ရရန် အလွန်ခက်ခဲသော် အကျယ်အ၀န်း ( - ၁.၆ ) အရွယ်အစား ရှိပြီး ကြည်လင်သော ကောင်းကင်ယံ၌ ထွန်းလင်း တောက်ပဆုံးသော Sirius ကြယ်ထက် အနည်းငယ် တောက်ပသော မာကျူရီဂြိုလ်ကြီးကို သာမာန်မျက်စိဖြင့် တွေ့မြင်နိင်မှာ ဖြစ်ပါသည်။




မာကျူရီဂြိုလ်အား အမည်နာမ ( ၂ ) မျိုးဖြင့်ခွဲခြား ခေါ်ဆိုနိင်ပါတယ်။ နေထွက်ခါနီး အချိန်တွင် မြင်ရပါက အာပိုလို ၊ နေ၀င်ပြီး နောက်ပိုင်းတွင် မြင်တွေ့ရပါက မာကျူရီဟု သက်မှတ်ပါသည်။ ဧပြီလ ( ၃၀ ) ရက်နေ့တွင်းလည်း ထိုမာကျူရီဂြိုလ်အား ( ၈၅ ) မိနစ်တိုင်တိုင် နေ၀င်ပြီးနောက် မြင်တွေ့နိင်မှာ ဖြစ်ပါသည်။ ကမ္ဘာအရပ်ရပ်မှ ဘလော့ဂ်ဂါ အစ်ကိုမောင်နှမအစ်မများ စောင့်မျှော်ကြည့်ရှု့နိင်ရန် သတင်းကောင်း ပါးအပ် ပါသည်ရှင်။



0 comments: