Monday, April 21, 2008

စာရေးရကျိုးနပ်ပါပြီ။


ကျမတို့ရဲ့ ကမ္ဘာမြေ


နှစ်စဉ်နှစ်တိုင်း ဧပြီလ (၂၂) ရက်နေ့ကို ၁၉၇၀ ခုနှစ်မှာ စတင်ခဲ့တဲ့ ခေတ်သစ် ပတ်ဝန်းကျင် လှုပ်ရှားမူ့ရဲ့ နှစ်ပတ်လည် အဖြစ် ပြုလုပ်ကျင်းပ ပါတယ်။ အဲဒါကို ကမ္ဘာမြေကြီးနေ့ လို့သတ်မှတ်ကြတာ ယခုချိန်ထိတိုင်အောင်ပါဘဲ။


ဝက်စကွန် ( Wisconsin)ရဲ့ အမေရိကန်လွတ်တော်အမတ် ဂေလောဒ့် နယ်လ်ဆင် ( Gaylord Nelson) မှ အမေရိကန်ရဲ့ နိုင်ငံရေး သမိုင်းကြောင်းမှသည် ကမ္ဘာ တခုလုံးသိနားလည်အောင် တင်ပြဆွေးနွေးခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များ ပိုင်ဆိုင်သော စက်ရုံကြီးမှ ဓါတ်ငွေ့၊လောင်စာ၊ အညစ်အကြေးများ၊ စည်းမဲ့၊ကမ်းမဲ့ စွန့်ပစ်ခြင်း၏ ရလာဒ်ဆိုးများမှ ကိုလျစ်လျှူရှုနေသော လူများကလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းများကို ပြောသောငြားလည်း ညနေခင်းရဲ့ သာမန် သတင်းတခု အဖြစ်သာ နားထောင်လေ့ရှိပါတယ်။ ထိုသို့သော အခြေအနေမှ ၁၉၇၀ ခုနှစ်မှာကမ္ဘာတခုလုံးက ပါဝင်လှုပ်ရှားလာခဲ့ခြင်းဖြစ်ပါတယ်။

ဧပြီလ (၂၂) ရက်နေ့မှာ သန်းပေါင်း၂၀လောက်ရှိတဲ့ အမေရိကန်ပြည်သူလူထုက လမ်း၊ ပန်းခြံ၊ ခန်းမတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုဘယ်ပုံတည်ဆောက်ရတယ်ဆိုတာကို လက်တွေ့ပြ၊ ပါဝင်လှုပ်ရှားမှု့များ ပြုလုပ်ခဲ့ပါတယ်။ မြောက်မြားစွာသော ကောလိပ်၊ တက္ကသိုလ်များကလည်း ပတ်ဝန်းကျင် ညစ်ညမ်းမှု့မှ ရရှိနိုင်သောဆိုးကျိုးများကို တင်ပြ၊ လှုပ်ရှားမှု့များတွင် ကိုယ်တိုင်ပါဝင်ခဲ့ ပါတယ်။


လောင်စာဆီယိုမှု့၊ သဘာဝတောတောင် ဆုံးရှုံးခြင်း၊ ဓါတ်ငွေ့ညစ်ညမ်းမှု့၊ နေအိမ်များမှ ရေစီးမျှောမှု့ စသည်တို့သည် သဘာဝ လောင်စာ၊ တွင်းထွက်များ၊ ကမ္ဘာမြေကြီးတခုလုံးကို ပျက်စီးစေပါတယ် ဒါကို ထိန်းသိမ်းပြီး၊ ပြန်လည်အသုံးချနိုင်ဖို့ အကြောင်းအရာများကို တင်ပြ၊ ရှင်းလင်းပြခဲ့ကြပါတယ်။ နယ်လ်ဆင် ကိုယ်တိုင်ကလည်း အရပ်သူများကိုချီးမြှင့်တဲ့ ဆုတံဆိပ်မှ (Presidential Medal of Freedom ) အမြင့်ဆုံးဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံရခဲ့ပါတယ်။

၁၉၉၀ ခုနှစ်မှာ ကမ္ဘာမြေကြီးနေ့ဟာ ကမ္ဘာ တဝှမ်းထိအောင် ကျယ်ပြန့်ခဲ့ပြီး၊ နိုင်ငံပေါင်း (၁၄၁) နိုင်ငံ ပါဝင်တဲ့ လှုပ်ရှားမှု့ကြီးဖြစ်ခဲ့ ပါတယ်။ စွန့်ပစ် ပစ္စည်းများကို ပြန်လည် အသုံးချခြင်းဆိုတဲ့ အရာက ၁၉၉၂ ခုနှစ် ကစတင်ဆောင်ရွက်နေကြတာ၊ ဒီနေ့ဒီချိန်ထိတိုင်အောင်ပါဘဲ။

အမေရိကန် သန်းခေါင်စရင်းအရ ၁၈၀၀ ခုနှစ်မှာ ကမ္ဘာတခုလုံး လူဦးရေ ၁ ကုဋေရှိခဲ့တယ်၊ ၁၉၂၂ ခုနှစ်မှာ ၂ ကုဋေ၊ ၂၀၀၀ ခုနှစ်မှာ ၆ ကုဋေရှိနေပါပြီ၊ ဤအခြေအနေအရ ဆိုရင် ၂၀၅၀ ခုနှစ်တွင် လူဦးရေပေါင်း ၉ ကုဋေ ဖြစ်လာတော့မှာပါ၊ ပြီးတော့လူတယောက်စီဟာလည်း သဘာဝမြေကြီးမှ သယံဇာတ၊ တွင်းထွက်ပစ္စည်းများ ကို ၁၉၅၀ ခုနှစ်မှာ လူတယောက် သုံးခဲ့တာရဲ့ ၂၅% ဘဲသုံးရတော့မှာဖြစ်ပါတယ်၊ ကျမတို့ရဲ့ နောင်လာနောက်သားတွေ အတွက်ကျမတို့ဘယ်လို၊ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။ ကောလိပ်ပညာသင်စရိတ်၊ မင်္ဂလာဆောင်စရိတ်၊ အိမ်ဝယ်ပေးဖို့စရိတ် တွေစုဆောင်းပေးနေတဲ့ ချိန်မှာ သန့်ရှင်းသော ပတ်ဝန်းကျင်၊ ရေ၊ သဘာဝ ဓါတ်ငွေ့၊ လောင်စာဆီ၊ ဓါတ်စာပြည့်သော ကမ္ဘာမြေကြီး ကိုချန်ထားပေးနိုင်အောင် လုပ်ဖို့မမေ့ရင်ဘဲ အိပ်ရေးပျက်ခံပြီး ဤစာကိုရေးရကျိုးနပ်ပါပြီ။ http://green.yahoo.com/earth-day ဒါလေးကို လက်ဆောင်အဖြစ်တော့ ချန်ထားလိုက်တယ်။


0 comments: