Wednesday, April 2, 2008

နေရာမှန်

ဧပြီလ ၃ ၊ ၂၀၀၈

လူသည် မိမိသွားရာလမ်းကို ကြံစည်၏။ သို့သော်လည်း သူ၏ ခြေရာတို့ကို ထာဝရဘုရား စီရင်တော် မူ၏။ သုတ္တံကျမ်း ၁၆း၉

တခါတရံ၌ ကျွန်ုပ်တို့သည် နေရာမှန်တွင် ရောက်ရှိနေသော်လည်း အချိန်အခါ မှားယွင်း ကို ကြုံနေတတ်သည်။ ခရီးသွား အထက်တန်းကျောင်း သီချင်းဆိုအဖွဲ့ ( ဒေးစပရင်း ) သည် တစ်ခုသော လူအိုရုံ၌ ကြာသပတေးနေ့တွင် သီချင်းသီဆို၍ ဖြေဖျော်ရန် ရောက်ရှိလာပါ၏။ အမှန်စင်စစ် သောကြာနေ့မှ ရောက်ရှိလာရန် လူအိုရုံမှ မျှော်လင့်ထားကြပါသည်။ သို့သော် အချိန်တိုအတွင်းမှာ ပြင်ဆင်စရာများကို ပြင်ဆင်ပြီး မိနစ် ( ၂၀ ) ခန့်မျှ ဖျော်ဖြေခွင့်ရခဲ့ပါ၏ ။ ထို့နောက် တစ်ခုသော အောက်မေ့သတိရခြင်း ဆုတောင်းပွဲ အစီအစဉ်၌ ၀င်ရောက်သီဆို ဖျော်ဖြေကြရန် ဖိတ်ကြားမှု့ကို လက်ခံခဲ့ ရ၏။


သီချင်းဆို အဖွဲ့သည် ကဗျာကယာ ပြင်ဆင်ဖျော်ဖြေခဲ့ရသော် ငြားလည်း သီချင်းသံကို ကြားရသော ကွယ်လွန်သူ၏ သားက အောက်မေ့သတိရ ဆုတောင်ခြင်း အစီအစဉ်၌ လာရောက်သီဆိုပေးဖို့ ဖိတ်ကြားခြင်း ခံရ၏။ ထာဝရ ဘုရားသည် သီချင်းဆို အဖွဲ့လူငယ်များကို တဖက်တလမ်းမှ အသုံးချခဲ့ခြင်းဖြစ်ပါ၏။ သီချင်းဆို အဖွဲ့စောပြီး ရောက်လာခြင်းသည် လူအိုရုံ အတွင်းရေးမှုး၏ ပေါ့လျော့မှု့သာ ဖြစ်သော်ငြားလည်း အမှားတစ်ခုဟု ဆိုနိင်ပါသလား ။

အကျွန်ုပ်တို့သည် ဘယ်အချိန်ဘယ်နေရာ ဘယ်လိုဟု တိကျသော အစီအစဉ်များ ချမှတ်ထားသော်လည်း မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာတတ်ကြောင်းကို ဆော်လမွန်မင်းကြီး၏ စကားအရ သတိရသင့်ပါ၏။ "လူသည် မိမိသွားရာလမ်းကို ကြံစည်၏။ သို့သော်လည်း သူ၏ ခြေရာတို့ကို ထာဝရဘုရား စီရင်တော် မူ၏။ (သုတ္တံကျမ်း ၁၆း၉)"

အကျွန်ုပ်တို့၏ အသက်တာ၌ အစီအစဉ် လွဲချော်မှုများ ရှိနိင်ခြင်းကို လက်ခံဖို့ အသင့်ဖြစ်ပြီလား ။ အကယ်၍ ထာဝရ ဘုရား၏ အလိုတော်အတိုင်း လိုက်လျှောက်ပါက ကျွန်ပ်တို့သည် အချိန်အခါလွှဲမှားနေတတ် သော်လည်း နေရာမှန်၌ ရောက်ရှိနေကြမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘယ်နေရာမှာပဲ ရောက်ရောက် ထာဝရဘုရား၏ သက်သေများ ဖြစ်ဖို့ရန် အရေးကြီးပါ၏။......Dave Branon

Sometimes our plan does not unfold
The way we thought it would;
But God is always in control
To use it for our good..... Sper

မမျှော်လင့်သော် အခြေအနေ ပြောင်းလဲမှုကြီးသည် သက်သေခံဖို့ရန် အခွင့်အရေး ဖြစ်လာတက်ပါ၏


0 comments: