Thursday, April 3, 2008

ကျွန်ုပ်၏ ရွေးချယ်မှု့။

ဧပြီလ ၄ ၊ ၂၀၀၈

အကြောင်းမူကား၊ ထာဝရဘုရားသည် ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏။ သုတ္တံကျမ်း ၂း၆

ကျွန်ပ်၏ သူငယ်ချင်း ခရစ်စတီးနားသည် သူ၏ ကားအဟောင်းကို နေ့စဉ် ပြန်လည် မွန်းမံ၍ အသုံးပြုရ ကောင်းနိးနိး ။ သို့မဟုတ် ကားအသစ် ၀ယ်ရ ကောင်းနိးနိး ဟု စဉ်းစားနေမိသည်။ သူမ ပိုင်ဆိုင်သော ငွေကြေး အတိုင်းအတာ ပမာဏကို တိကျ စေ့စပ်စွာသုံးချ တာလည်းဖြစ်ချင်နေရှာတယ်။ ဘုရားရှင်ရဲ့ ဘုန်းတော်ကို ထင်ရှားစေချင်တာက ပထမပေါ့။

ငွေကြေးကို အသုံးပြုရာမှာ ဘယ်လို၊ ဘယ်လောက်၊ ဆိုတဲ့အရာက အခက်ခဲဆုံး သောဆုံးဖြတ်ချက်ဖြစ်ပါတယ်။ တခါ အောင်မြင်သော သာသနာပြုဆရာဘီလီဂရေဟမ် (ကျမတချိန်ကျရင် သူ၏အထ္ထုပတ္တိကို ဖော်ပြပါအုံးမည်) က "ငွေကိုသေချာ တိကျစေ့စပ်စွာ သုံးတတ်သောသူသည် အခြားသော အရာများတွင်ပါ တိကျစေ့စပ်မည် ဖြစ်သည်" လို့ ပြောခဲ့ဘူးပါသည်။

ကျွန်ုပ်တို့ဟာဘုရားအလိုတော်အတိုင်း ငွေကြေးကို ပညာရှိနည်းဖြင့်၊ အကောင်းဆုံး၊ အမှန်ကန်ဆုံး သုံးစွဲတတ်ဖို့လိုအပ်ပါသည်။ အထူးသဖြင့် ဘုရားအလိုတော် အတိုင်းလိုက်လျှောက်၊ လိုက်နာဖို့က အရေးကြီးဆုံးဖြစ်ပါသည်။ သင်သည်ဘုရား၊ ဘုရားနှင့် သက်ဆိုင်သောသူအား ပေးကမ်းစွန့်ကြဲခြင်းပြုနေ သလား၊ ( ၁ ကော ၁၆း ၂) ။ မိသားစုကို ကောင်းမွန်စွာပြုစုနေသလား (မိမိအိမ်သူ အိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ငြင်းပယ်၏၊ ၁တိမောသေ ၅း ၈)၊ ငွေကြေး၏ အစေခံမဖြစ်စေဖို့ သတိပြုရမည် (ရှင်လုကာ ၁၆း ၁၃)။

အဓိကနှင့် ပဓါန ကိုခွဲခြားသိမြင်၍ သုံးစွဲတတ်ပါစေ။
ဘုရားထံမှ ပညာခွန်အား တောင်းခံ၍၊ လမ်းပြမှု့ကို ရယူပါ။
ဘုရားထံ အလုံးစုံကို အပ်နှံ၍ ဆုံးဖြတ်ပါ။
ဆုံးဖြတ်ချက် အလုံးစုံတို့သည် ဘုရားနှင့် ပိုမိုနီးကပ်လာစေဖို့သာဖြစ်စေပါ။......Anne Cetas

When you're facing a decision
And it seems a daunting task,
Trust the Lord for true discernment...
He'll give wisdom if you ask...... Hess

ဘုရား၏ အလိုတော်အတိုင်း လိုက်လျှောက်လေလေ၊ ဘုရားနှင့် ပိုမိုနီးကပ်လာ၍၊ စောင်မ မှု့ကို ပိုမိုခံရလေ ဖြစ်သည်။




0 comments: