Friday, April 4, 2008

နားညောင်းတော်မူသော ဘုရား (၂)

ဧည့်သည်တွေကို မြန်မြန်လေး အပြီးစား ခိုင်းလိုက်တယ်၊(ပြောချင်တာ မရောက်မှာစိုးလို့) အားလုံးလည်း အာရှအစာဆိုတော့ စားကြတာ တဝတပြဲဘဲ၊ ဧည့်သည် တချို့ပြန် ပေမဲ့ များသောအားဖြင့် ရှိနေသေးတယ်၊ ကျမက တနာရီလောက် ကားမောင်းပြန်ရမှာလေ၊ မောလည်းမောနေပြီ ပြန်တော့မယ်ဆိုတော့၊ အင်း စိုက်ထားတဲ့ ငွေတွေတွက်ပေးအုံး၊ ချက်တခါတည်းယူသွားအုံးတဲ့။ (အကြားချင်ဆုံးပေါ့) ကျမကကိုယ်စိုက်ထားတဲ့ ငွေတွေတွက်ပေးလိုက်တယ်၊ ကျမရဲ့လုပ်အားခက ထည့်မရေးပေးလိုက်ဘူး၊ ကျမအချိန်တွေ တွက်ပြီးပေးပါစေပေါ့၊ ချက်တစောင်ရပြီးပြန်လာတယ်၊ ကျမကြည့်မနေတော့ဘူးလေ၊ အိမ်ရောက်ရော ဖွင့်ကြည့်လိုက်တော့၊ အာ.... စိုက်ထုတ်ထားတဲ့ ငွေတွေအတွက်ဘဲရေးပေးလိုက်တယ်၊(ရေးတာက နောက်တယောက်ပါ)၊ အင်းသူတို့ အချင်းချင်းနားလည်မှု့ လွဲယုံမက၊ လုပ်ပေးတဲ့သူအတွက် လုပ်အားခမရ။ ဒုက္ခ ကျမဘယ်လိုပြောရမလဲ၊ အားနာတယ်၊ တောင်းရမလား၊ အီးမေးလ်နဲ့ဘဲ ပြောလိုက်ရမလား ဘယ်လိုစပြောမလဲ ပြာယာခတ်ပြီ၊ အရမ်းမောထားတော့၊ ရ ရမှာပေါ့ ကိုယ့်လုပ်အားခ။

ကျမ မစဉ်းစားတတ်တော့ဘူး၊ ပြောရမှာလည်း အရမ်းအားနာတယ်၊ ဘုရားဆီဆုတောင်းယုံမျှ တပါး၊ သူတို့သတိယပါစေပေါ့၊ မနက်ဖန် ကျမကို တယောက်ယောက် ဖုန်းခေါ်လာပါစေ ဆုတောင်းတယ်။ စိတ်ထဲတော့ ရိုးရိုး ရွရွ ဘဲ နေထိုင်လို့ မကောင်းဘူး။ မနက်အလုပ်လည်း စိတ်မဝင်စားနိုင်ဘူး၊ ဆုထပ်ခါထပ်ခါတောင်းနေမိတယ်။ ကိုးနာရီလောက်လည်းရောက်ရော၊ ကျမဖုန်း ဒီဒီ ဒီ တဲ့(vibrate) လုပ်ထားတာ၊ ခေါ်လာသူကို မကြည့်မိဘူး၊ မအားလို့၊ နားကြပ်ထဲကဘဲ နိပ်လိုက်တယ်။ ဟဲလို.... ဟာမျှော်နေသူပါလား၊ ကျေးဇူးဘဲ ဘုရားလို့ အကြိမ်ကြိမ် ဆိုမိတယ်။

ကျမ ဒီမနက် တရေးနိုးတော့စဉ်းစားတယ်၊ တခုခု မှားယွင်းနေလားလို့တဲ့၊ မင်းပေးတဲ့စရင်းမှာ မင်းလုပ်အားခ ထည့်မထားတာ ခုမှ သေချာကြည့်မိလို့တဲ့၊ ဒီနေ့ သို့မဟုတ် မနက်ဖန်လာခဲ့မယ်၊ လာပေးမယ်တဲ့။ ကျမ ယုံကြည်သောဘုရားက အသေးအဖွဲက အစ ကျမတို့ ဆုတောင်းသံကို နားညောင်းတော်မူတယ်လေ။ ဘုရားကျေးဇူးတော်ကို အကြိမ်ကြိမ် ချီးမွမ်းမိတယ်။ ဘုရားက ကျမတို့အတွက် အစဉ်အမြဲ ရှိနေပါတယ်၊ ကျမတို့လိုအပ်တဲ့ အရာကို တောင်းခံ၊ ခိုကိုးဖို့သာ လိုပါတယ်။ ဘုရားမတတ် နိုင်တဲ့အရာ ဘယ်အရာမှ မရှိပါဘူး။ အစဉ်သတိယ အောင်းမေ့လျှက် ဘုရားထံ ခိုကိုးဖို့သာ လိုအပ်ပါတယ်။ "တောင်းလော့တောင်းလျှင်ရလိမ့်မည်၊ ( ရှင်မဿဲ ရး ရ )"

နာမတော်မြတ်၌ ....... လားရှိုးသူ

1 comments:

Anonymous said...

နားညောင်းတော်မူသည့် ဘုရား၊ တစ်ဆူတည်းသော ထာဝရဘုရားသခင်ဖြစ်တော်မူသည်း

ဒီစာကို ဖတ်ပြီး အမေ့ကို သတိရမိတယ်။ သားမိုက်ကျနော့် အတွက် အမြဲဆုတောင်းတယ်။ အမေ့ မောင်နှမ ဆွေမျိုးသားချင်းတွေ အတွက်ရောပဲ။ အိပ်တောင်ငိုက်တယ်။

အမေ့ဆုတောင်းပဲ ညောင်သလား... ဒီသားမိုက်က ခုဆိုရင် အရင်ကလောက် မမိုက်တော့ပါဘူး။

အိမ်တော်သို့ မပြန်ခင် လူ့လောကအတွက် အကျိုးရှိတာလေးတွေ လုပ်ထားချင်နေခဲ့မိပေါ့။

နောက်လည်း ဒီလို သက်သေခံချက်တွေကို ဝေမျှပေးပါ။ ယော် ... yaw ...