Friday, May 9, 2008

ဆုတောင်းချက်

ကျမတို့ မတတ်နိုင်သော အရာအားလုံးကို ဘုရားသခင်လက်တော်မှာ အပ်နှံကြရအောင်၊ အားလုံးကို ဆုတောင်းပေးဖို့ ဖိတ်ခေါ်ပါတယ်။ ( သင်သည်ဆုတောင်းသောအခါ ဆိတ်ညံရာ အခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသောသင်၏ အဘကိုဆုတောင်းလော့၊ မထင်ရှားသော အရာကို မြင်တော်မူသောသင်၏ အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ။ ရှင်မဿဲ ၆း၆ )
မုန်တိုင်းဒဏ်ကြောင့် မသေမပျောက် ကျန်ရစ်သူများ အချိန်မှီအကူအညီများရရှိနိုင်ရန် မြန်မာအစိုးရက ကူညီမဲ့သူများကို အလျှင်အမြန် ဗီဇာများထုတ်ပေးနိုင်ပါစေ။ သံမဏိကဲ့သို့ မိမိ၏ အတ္တ အတွက်ခိုင်မာနေသော စိတ်ဓာတ်များ လူလူခြင်း ကိုယ်ချင်းစာစိတ်၊ သနားညှာတာသောစိတ်၊ ကြင်နာယိုင်းပင်းတတ်သောစိတ်၊ ဖြင့်ပျော့ပြောင်းလာနိုင်ပါစေလို့။ နောက်တချက်က သူတို့ဘာလုပ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို မသိသောသူများကို အပြစ်မှလွှတ်ဖို့ ဆုတောင်းကြရအောင်၊ မေတ္တာပို့ရအောင်နော်။
( အိုအဘ၊ သူတို့၏အပြစ်ကိုလွှတ်တော်မူပါ၊ သူတို့သည်ကိုယ်ပြုသောအမှုကို မသိကြဟု မြွတ်ဆိုတော်မူ၏။ ရှင်လုကာ ၂၃း ၃၄)

မသေမပျောက် ကျန်ရစ်သူများလည်း၊ ဗဟုတုတ နည်းပါးသော်ငြားလည်း ရေကို ကျိုချက်သောက်ဖို့ရန်လောက်တော့ အသိဥာဏ်ရှိပါစေ၊ ဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ လိုအပ်တဲ့ အကူအညီများ အလျင်အမြန်ရပါစေ၊ ဝိုင်းဝန်းဆုတောင်းပေးကြပါ။

ကျမလည်း သိသမျှဘုရားကျောင်းကန်၊ ခရစ်ယာန်ဘုရားကျောင်း၊ အသင်းအဖွဲ့ အားလုံးကို အကူအညီတောင်းထားပါတယ်၊ အားလုံးဟာ မြန်မာ့မုန်တိုင်း ဘေးဒဏ်ခံနေရသော် သူများအတွက် ဆုတောင်းပေးကြမှာဖြစ်ပါတယ်။ ( တောင်းလော့၊ တောင်းလျှင်ရလိမ့်မည်။ ရှင်မဿဲ ၇း ၇)

0 comments: