Thursday, July 24, 2008

ယုံကြည်ခြင်း

သူငယ်၏ အဘသည် ချက်ခြင်းဟစ်ကြော်၍ အကျွန်ုပ် ယုံကြည်ပါ၏သခင်၊ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့်လျှောက်ပြန်လေ၏။
ရှင်မာကု ခရစ်ဝင် ၉း ၂၄

အကျွန်ုပ်၏ ယုံကြည်မှု့ တရပ်နဲ့ ဘဝကိုရင်ဆိုင် ဖြတ်သန်းနေချိန် ကိုယ်တော်ရှင်ဘုရား မပါဘဲ အကျွန်ုပ် အသက်ရှင်မရ၊ ကိုယ်တော်မှတပါး၊ အခြားမရှိ၊ အကျွန်ုပ်၏ ခိုလှုံရာ ဖြစ်ကြောင်းကို သိစေတော်မူသော်ကြောင့် ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ ကိုယ်တော်ရှင်ဘုရားသည် ဂတိသစ္စာတော်နှင့်ပြည့်စုံသော ဘုရား ဖြစ်ပါ၏။ အကျွန်ုပ်၏ ဇာတိပဂတိ အားဖြင့် အရာရာကို အကျွန်ုပ်သည် စိုးရိမ်ပူပန်လျှက်ရှိပါ၏။ အကျွန်ုပ်၏ နုတ်ထွက်စကား၊ အလုပ်အကိုင်၊ ရာထူး၊ ငွေကြေး အားလုံးတွက်ပူပန်နေရတတ်ပါ၏။ ကိုယ်တော်ရှင်ဘုရား အကျွန်ုပ်အတူရှိတော်မူ၍ စိတ်၏ငြိမ်သက်ခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ စည်းစိမ်သုခချမ်းသာပြည့်စုံ၍ ကိုယ်တော်ကို ပိုမိုယုံကြည်လျှက် အသက်ရှင်နိုင်သောခွင့် ပေးသနားတော်မူပါ။

အကျွန်ုပ်၏ သံသယ အတွေးများကို ပယ်ဖျက်ပြီး၊ ကိုယ်တော်ရှင်ထံ ချဉ်းကပ်နိုင်သော ပြည့်ဝသော ယုံကြည်ခြင်းကိုပေးသနားမူပါဘုရား။ ။ အာမင်

0 comments: