Tuesday, July 22, 2008

ခွန်အားပေးပါ

ရှေ့တော် ၌ သီချင်းဆိုသော အခါ၊ ရွှင်လန်းသော နှုတ်ရှိပါလိမ့်မည်။ ရွေးတော်မူသော အကျွန်ုပ်၏ ဝိညာဉ်လည်းရွှင်လန်းပါလိမ့်မည်။ အကျွန်ုပ်၏ လျှာသည်လည်း ဖြောင့်မတ်တော်မူခြင်းတရားကို အစဉ်မြွက်ဆိုပါလိမ့်မည်။
ဆာလံကျမ်း ၇၁း ၂၃


ကျွန်ုပ်၏ သူငယ်ချင်းကြား၊ လုပ်ဖော်ကိုင်ဖက်ကြား၊ ကလေးသူငယ်ကြား၊ ကျွန်ုပ်ကိုယ်တိုင်ကြား ပြောဆိုသောနုတ်ထွက်စကားတို့သည် ကိုယ်တော်ရှင်ဘုရား ဘုန်းတော်ကိုချီးမွမ်းခြင်းဖြစ်စေပါ။ သိလျှက်နှင့်ပင် ကြမ်းတမ်းသော နုတ်ထွက်စကားကို ဆိုမိတတ်သော အကျွန်ုပ်ကို ဝိညာဉ်တော်တံခိုးဖြင့် သွန်သင်သော်မူပါ။ နုတ်ထွက်စကားမှန်သမျှတို့သည် ကိုယ်တော်နှင့် တိုက်ရိုက်ဆက်သွယ်နေခြင်းဖြစ်ကြောင်း သိနားလည်စေမူပါဘုရား။ အကျွန်ုပ်၏ နုတ်ထွက်စကားများဖြင့် ဝိညာဉ်ခွန်အား ရရှိလျှက်၊ လုံခြုံစေမူပါဘုရား။

အကျွန်ုပ်ကို တရားမှန်ကန်သော စကားလုံးများ ရွေးချယ်ပေးသနားပါဘုရား၊ အကျွန်ုပ် ပြောဆိုသော စကားတိုင်းသည် ကိုယ်တော်ရှင်ဘုရား၏ တံခိုးတော်ကို ချီးမြောက်ခြင်းဖြစ်ပါစေသော်။ ။ အာမင်

0 comments: