Monday, June 30, 2008

လက်ဆာ အဖျား

ဖတ်ရန်။ ။ ရောမသြဝါဒစာ ၃း ၁၉ - ၂၆

သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ရောက်မည်ဟု သာ၍မြော်လင့်စရာရှိ၏။
(ရောမသြဝါဒစာ ၅း ၉)

တခါက သာသနာပြု သူနာပြုဆရာမ လီလီ ပီနီအို (Lily Pinneo) အနောက် အာဖရိကနိုင်ငံသို့ ရောက်ရှိနေချိန်တွင် လက်ဆာအဖျား (Lassa fever) လို့ခေါ်တဲ့ ရောဂါကြောင့် သေလုမျှောပါးဖြစ်ခဲ့ပါတယ်။ နယူးယောက်မြို့ကို ပျံသန်းစဉ်ခရီးမှာ အဖျားက ၁၀၇ံ ရှိခဲ့ပါတယ်။ အပူကျဖို့ ဆရာဝန်များက သူမကို ရေခဲနဲ့ထုတ်ပြီး ခေါ်ဆောင်လာခဲ့ရပါတယ်။ ကိုးပတ်ကြာသောအခါမှာတော့ သူမ၏ ကိုယ်အလေးချိန်ပေါင် ၂၈ ပေါင်ကျပြီး ဆံပင်များလည်း ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ သူမအသက်ရှင်ခဲ့ပါတယ်။

ဓါတ်ခွဲခန်းတွင်းက ဆရာဝန် ကာဆယ်လ် (Dr. Casals) ကတော့ သူမ၏ ရောဂါကို ဂရုတစိုက်လေ့လာ၊ စစ်ဆေး၊ ဖွေရှာဖော်စပ်ရင်းက ရောဂါပိုးမွား ကူးစက်ကာ အကြီးအကျယ်ဖျားနာခဲ့ပါတယ်။ လီလီဟာ သူမ၏သွေးကို သွေး ( ပလပ်စမာ ) ကို လှူဒါန်းပြီး ဓါတ်ခွဲပြု၊ ရှာဖွေပြီး ဆရာဝန်ကြီး ကာဆယ်လ်၏ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

ကျမတို့ အယောက်ဆီတိုင်းလည်း အပြစ်ဆိုတဲ့ ရောဂါကူးစက်ခြင်းကိုခံရကြပါတယ်(ရောမ ၆း ၂၃ )။ ကျမတို့ကို ကုသပေးနိုင်သူ တဦးတည်းရှိပါတယ်။ ယေရှုခရစ်တော်၏ ကားတိုင်ပေါ်မှာ သွန်းခဲ့သော အသွေးတော်သည် ကျမတို့ အယောက်တိုင်းဆီမှာ ရှိတဲ့ အပြစ်ကို ဆေးကြောပေးလိုက်ပါသည်။ တမန်တော်ရှင်ပေါလုရေးထားတဲ့ အတိုင်း
(ရောမသြဝါဒစာ ၅း ၉) သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ရောက်မည်ဟု သာ၍မြော်လင့်စရာရှိ၏။ ကျမတို့၏ လုပ်ဆောင်ရမည့်တာဝန်က စိတ်နှလုံးသားမှ မိမိအပြစ်ကို ဝန်ခံပြီး ယေရှုရှင်ကို ကယ်တင်ရှင်မဖြစ်လက်ခံ၊ ယုံကြည်၊ လိုက်လျှောက်ခြင်းအားဖြင့် ဝိညာဉ်ကို ကုသခြင်းခံယူဖို့ဘဲဖြစ်ပါတယ်။ ...... Dennis Fisher

Redeemed ... how I love to proclaim it!
Redeemed by the blood of the Lamb;
Redeemed throught His infinite mercy,
His child, and forever, I am. ..... Crosby
ကျမတို့၏ အပြစ်နွံထဲမှ လွတ်မြောက်ဖို့ရန် အဖိုးအခသည် ယေရှုခရစ်တော်၏ အသွေးတော်တည်း။

0 comments: