Tuesday, June 17, 2008

အများသိစေရန်


ကျမ ဘလောဂ့်ရေးရခြင်း၏ ရည်ရွယ်ချက်က အလုပ်တွေ အများကြီးလုပ်ရင်း၊ လောကီအရာမှာ မွေ့လျှော်ရင်း ဘုရားနဲ့ စကားပြောဖို့၊ ဆုတောင်း ခွန်အားယူဖို့ လျှော့ရဲလာတယ်။ ဒါကြောင့် ကျမယုံကြည်ရာ ထာဝရ ဘုရားသခင်ပေးထားတဲ့ ၂၄ နာရီဆိုတဲ့ အချိန်ကာလ အားလုံးကို ကိုယ်ပိုင် တဦးတည်း အတွက် မသုံး၊ ၂နာရီနဲ့ ၄၀ မိနစ်ဆိုတဲ့ ချိန်တိတိ ကျကျ မဟုတ်ရင်တောင်၊ ရတဲ့အချိန်အနည်းငယ်ကို မိမိရဲ့ ဝိညာဉ်ခွန်အားရဖို့သတ်သတ်မှတ်မှတ်လေး အချိန်ယူလုပ်ချင်လို့ပါ၊ ဒါပေမဲ့ ကိုယ်တယောက်တည်း ဆုတောင်း၊ ကျေးဇူးတော်ချီးမွမ်းတာထက် ကိုယ့်ရဲ့ ယုံကြည်ခြင်းကို လည်း ဝေဌချင်လာတယ်၊ ဒါကြောင့် ကျမရဲ့ယုံကြည်ခြင်း၊ ဝိညာဉ်ခွန်အား ရယူခြင်းကို ဘလောဂ့်လေး တခုအနေနဲ့ ရေးသားရခြင်းဖြစ်တယ်။


စိတ်ထဲမှာခံစားရတာတွေ၊ တခြားသော် ဘာသာရေးဆရာတွေရဲ့ တရားဟောချက်လေးတွေ ကိုယ်တယောက်တည်း ဖတ်မဲ့ အစား အားလုံးနဲ့ ဝေဌ ဖတ်ရခြင်းပါ။ ခံစားချက်ဖော်ပြရာမှာ မည်သူ့ကိုမျှ ဘက်မလိုက်၊ နိုင်ငံရေး၊ လူမျိုးရေး မပါဘဲ ကိုယ့်ရဲ့ယုံကြည်ရာတခုတည်းကိုဘဲ တင်ပြရခြင်းဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်။

ငယ်ငယ်ကတည်းက ဆဲရေးတိုင်းထွာမှု့ကို မကြိုက်တဲ့သူပါ၊ မိဘကလည်း မကြိုက်တတ်အောင် သွန်သင်ဆုံးမခဲ့ပါတယ်၊ ယခုချိန်ထိ တိုင်းတပါးသူတွေရှေ့မှာ သူတို့ ဆဲရေးတိုင်းထွာရင်တောင်၊ ကျမမကြောက်မရွံ့ ရှုံ့ချသူပါ၊ တိုင်းတပါးသူ များတောင် ကျမရှေ့မှာ ဆဲရေးတိုင်းထွာမိရင် ကျမကို ပြန်ပြီးတောင်းပန်နေကျပါ၊ ဒါကလည်း အချင်းချင်း လေးစားသမှု့ပြုခြင်းတခုဘဲဖြစ်ပါတယ်။ အဲဒါကြောင့် ကျမဘလောဂ့်မှာ လာလည်ကြသောသူများကိုလေးစားပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်၊ ဘယ်သူမို့လို့၊ ဘယ်ဝါမို့လို့ ဆိုတာမခွဲခြားဖိတ်ခေါ်ပါတယ်၊ ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံပြောဆိုခြင်းကိုလည်း လိုလားပါတယ်လို့၊


ဘုရားသခင်၏ မြတ်သောနာမ၌ ..... လားရှိုးသူ


0 comments: