Sunday, June 15, 2008

ဖခင်ကောင်း တစ်ယောက်


ဖြောင့်မတ်သော သူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက်၍၊ သူ၏ သားစဉ် မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။
သုတ္တံကျမ်း ၂၀း ၇

“ မင်း ငယ်ငယ်တုန်း ကပေါ့ ငါကခရီး တော်တော်ထွက်ပြီး အိမ်နဲ့ ခွဲခွာရတာကွ ” ဟု ကျွန်တော်၏ဖခင် တခါက ဝန်ခံခဲ့ပါသည်။ ဒါပေမဲ့ ကျွန်ုပ်အနေနဲ့တော့ အမှုမဲ့ အမှတ်မဲ့သာ ဖြစ်ခဲ့ပါသည်။ အဘယ့်ကြောင့် ဆိုသော်၊ အဖေသည် အချိန်ပြည့် တာဝန်ထမ်းဆောင်မှု့ ၊ ညနေပိုင်း သီချင်း ဦးဆောင်မှု့၊ တခါတရံ အမျိုးသား သံစုံသီချင်း အဖွဲ့နှင့် ခရီးထွက်မှု့များ ကြားထဲက ကျွန်တော့်ဘဝ၏ အမှတ်တရနေ့ရက် ကြီးကြီး ငယ်ငယ် အဖေသည် အမြဲရှိနေခြင်းကြောင့် အဖေအိမ်နဲ့ ခွဲခွါရတယ် ဆိုတာကို ကျွန်ုပ် မမှတ်မိခြင်းဖြစ်ပါလိမ့်မည်။

ကျွန်တော် အသက် ( ၈ ) နှစ်အရွယ်တွင် ကျွန်တော်ပါဝင်ခဲ့သော ကျောင်းပြပွဲ၌ လာရောက်ကြသော မိဘတွေများ ကြား၌ အဖေသည် တစ်ဦးတည်းသောဖခင် ဖြစ်ခဲ့ပါသည်။ အကြောင်းအမျိုးမျိုး ပုံစံအသွယ်သွယ်ဖြင့် အဖေသည် ကျွန်တော်တို့ မောင်နှမများအား သူ၏ဘ၀တွင် ကျွန်တော်တို့သည် မည်မျှ အရေးပါကြောင်းကို ဖော်ထုတ် ပြသလေ့ရှိပါသည်။ အမေ ဆုံးပါးခါနီး အချိန်တွင်လည်း အဖေ၏ အမေ့အပေါ်တွင် ထားသော အတ္တမဲ့သော ချစ်ခြင်းကို ကျွန်တော် ခံစားနားလည်ခဲ့ရသည်။ သို့သော် အဖေသည် သာမာန်လူတစ်ယောက်သာ ဖြစ်သောကြောင့် သူသည်လည်း အရာအားလုံး ပြီးပြည့်စုံသော သူတစ်ယောက် မဟုတ်ခဲ့ပါ။ ဒါပေမယ့် ကောင်းကင်ဘုံ၌ ရှိသော အဖဘုရားသခင်၏ အရိပ်ကို ထင်ဟပ်ပြနိင်သော ဖခင်ဖြစ်ပါသည်။

ဤကမ္ဘာမြေပေါ်တွင် ရှိသော ဖခင်တိုင်းသည် မိမိ၏ သားသမီးအပေါ်တွင် ချစ်ခြင်း ၊ ကြင်နာခြင်း ၊ မေတ္တော ၊ ဂရုဏာနာများ မပြသနိင်ဘူးဆိုလျှင် သားသမီးများ အနေဖြင့် အထက်ကောင်းကင်တွင် ရှိသော အဖဘုရား၏ ချစ်ခြင်း မေတ္တောကို သိနားလည်နိင်လိမ့်မည် မဟုတ်ပေ။ ( ထာဝရ ဘုရားသည် သနားတက်သော သဘော ၊ ကျေးဇူး ပြုတက်သော သဘော ၊ စိတ်ရှည်၍ ဂရုဏာ ကြွယ်ဝသော သဘော ရှိတော်မူ၏။ ဆာလံကျမ်း ၁၀၃း အခန်းငယ် ၈ ) ။

ဖခင် တစ်ဦး အနေဖြင့် သားသမီးများကို သွင်သင် ၊ ဆုံးမ ၊ ပြုပြင် ၊ ချင်ခင် ၊ ကြင်နာ ၊ ဂရုပြုခြင်းဖြင့် ပြီးပြည်စုံ ကုံလုံသော အဖဘုရားရှင်ထံသို့ လမ်းပြ ပို့ဆောင် နိင်မည် ဖြစ်ပါသည်။......Cindy Hess Kasper

how blessed are the children
Who in their fathers see
The tenderFather-love of God,
And find their way to Thee... Johnson

အဖဘုရားအလိုတော်အတိုင်း အသက်ရှင်သော အသက်တာသည် သားသမီးများအတွက် အကောင်းဆုံး အမွေတည်း။




0 comments: