Sunday, June 29, 2008

စစ်မှန်သောဝန်ခံချက်

ဖတ်ရန်။ ။ ဆာလံကျမ်း ၅၁း ၁ - ၁၃

အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာပဋ္ဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏။
( ဆာလံကျမ်း ၅၁း ၅ )

ကျမသည် အုန်းသီးကို အရမ်း နှစ်သက်ပါ၏၊ အမြဲတမ်းလည်း စွဲစွဲလမ်းလမ်း မက်မက်မောမော ရှိပါသည်။ ကျမ ဒုတိယတန်းကျောင်းတက်ချိန်၏ တညနေ၌ ခြစ်ပြီးသား မဖြေရသေးသော အုန်းသီးထုတ်ကို မီးဖိုချောင်ရဲ့ စဥ့်နီတုန်းပေါ်မှာ တွေ့လိုက်ရခြင်းက အမောလည်းပြေစေ၊ အဆာလည်းပြေစေခဲ့ပါ၏။ ကျမအမေ မီးဖိုချောင်ထဲ မုန့်ဖုတ်နည်းလေ့လာမယ်ဆိုပြီးဝင်သွားရော
၊ ကျမကြားလိုက်ရတဲ့ အသံက ဒီကအုန်းသီး ဘယ်သူစားသွားလည်း ဆိုတာပါဘဲ။ ကျမရဲ့ ချက်ခြင်းအဖြေက မသိဘူးကလွဲ ကျန်တာ ရှိနိုင်အုံးမလား။

အမေကညီမလေးကို လည်းစစ်ဆေးပါ၏၊ ညီမလေးကလည်း သူမစားတော့ မစားဘူးလို့ဘဲဖြေပါတယ်။ ဘယ်သူ့ကိုမှ မေးမရတဲ့ဆုံး နင်တို့အဖေလာပါစေအုံး ဆိုတာနဲ့မေမေထွက်သွားပါတယ်။ ကျမရဲ့ လိမ်ညာ ငြင်းဆန်ခြင်းအမှု့ ကျဆုံးခါနီးမှာ ကျမယူစားလိုက်မိကြောင်း ဝန်ခံခဲ့ပါတယ်။

ဘယ်သူကမှ ကျမကို လိမ်ညာဖို့ မသင်ခဲ့ပါဘူး၊ ဆာလံကျမ်းမှာ ဆိုတာတဲ့အတိုင်း ကျမဟာ ပဋ္ဋိသန္ဓေ တည်ကတည်းက အပြစ်နဲ့မကင်းသူပါ။ ဒါပေမဲ့ ဆာလံကျမ်းကို ရေးတဲ့ ဒေးဗစ်ကတော့ မိမိရဲ့ အပြစ်တွေကို ဆေးကြော၊ ဝန်ခံဖို့ ဘယ်သူဆီ ချဉ်းကပ်ရမယ်၊ ဝန်ခံ၊ တောင်းပန်ရမယ်၊ ဘယ်သူက အပြစ်တွေကို ဆေးကြောပေးနိုင်တယ် ဆိုတာ သိထားခဲ့ပြီး ဖော်ပြခဲ့ပါတယ်။

ကျမတို့အသက်တာမှာလည်း ဆက်ဆက်ပြီးကျူးလွန်နေသော အမှားအတွက်၊ ဘုရားသခင်ထံတော်ပါး အစဉ်အမြဲ ချဉ်းကပ်၊ ခွန်အားယူရမှာဖြစ်ပါတယ်။ ထာဝရဘုရားသခင်သည် နွေးထွေးသောလက်အစုံဖြင့် အပြစ်မှလွတ်မြောက်နိုင်ဖို့ ကမ်းလင့်ကြိုဆိုနေပါတယ်။ ကျမတို့အပြစ်ကို ဝန်ခံပြီဆိုရင် တဖက်မှာ နွေးထွေးသောရင်ခွင်နဲ့ ထာဝရဘုရားသခင် ကမ်းလင့်ကြိုနေကြောင်းကို သတိရကြပါစို့..... Joe Stowell

ကျမတို့အပြစ်သည် ညစ်ညူးလှပါ၏။
ယေရှုရှင် ကြွလာပါ၊
ကားတိုင်တော်၏ တန်ခိုး၊ အာနုဘော်နှင့်
ကယ်မဖို့ရန်ကြွဆင်းတော်မူပါ။ ........ Sleeper

အပြစ်ဝန်ခံခြင်းဖြင့် စစ်မှန်သော ပျော်ရွှင်ခြင်း ရရှိပါစေ။


0 comments: