Wednesday, January 7, 2009

အဘယ်အရာမှ မတားဆီးနိုင်။

ဖြောင့်မတ်သောသူသည် စွန်ပလွံပင် ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။
ဆာလံကျမ်း ၉၂း ၁၂

လေပြင်းမုန်တိုင်းထန်သော်လည်း မကျိုး၊ ကျေ မပျက်ဆီးတတ်သော စွန်ပလွံပင်ကို တွေ့မြင်ဘူးကြသုများ သိကြမှာ။ လေပြင်းဒဏ်ကြောင့် ကိုင်းညွတ်ပြီး မြေပြင်နှင့် ထိလုမတတ် ကိုင်းညွတ်သွားသော်လည်း၊ လေငြိမ်သော အချိန်၌ ပြန်လည် ထောင်မတ်၊ ကြီးထွားလာသောအကြောင်း၊ ကျမတို့ မှတ်သားနိုင်ပါတယ်။ စွန်ပလွံပင်၏ လှို့ဝှက်ချက်ကတော့၊ လေပြင်းရဲ့ဒဏ်ကြောင့် ကြီးထွားနှုန်း ပိုမိုကောင်းမွန်ခြင်းဘဲ ဖြစ်ပါတယ်။


ထာဝရဘုရားသခင် ကျမတို့ကို စွန်ပလွံပင်နှင့် ပုံပမာ ပေးခြင်းကို ပြန်လည်ဆန်းစစ်ကြည့်မယ်ဆိုရင်၊ ဘဝရဲ့ အသက်တာမှာ အခက်အခဲ၊ ဒုက္ခ၊ ကြမ်းတမ်းမှု့ ပေါင်းကို ကြုံရမှာ ဖြစ်ကြောင်း သတိပေးခြင်းဖြစ်ပါတယ်။ ဘယ်လောက်ဘဲ ဘဝရဲ့ လှိုင်းဒဏ်ကြီးမားပါစေ၊ ကျမတို့ဟာ အသက်တာသစ်၊ ရင့်ကျက်၊ ကောင်းမွန်လာမှာ ဖြစ်ကြောင်းကို ပုံပမာ ပြောချင်ကြောင်းဖြစ်ပါတယ်။ ဘယ်အရာဘဲဖြစ်ဖြစ် သင့်ရဲ့ တိုးတက်မှု့ကို အနှောက်အယှက်၊ အဟန့်အတားဖြစ်စေနေသလို ဖြစ်နေသော်ငြားလည်း စိတ်ဓာတ်မကျဘဲ၊ ထာဝရဘုရားပေးသနားတော်မူတော်၊ ကျေးဇူးတော်၊ ဆုကျေးဇူးများကို လက်ခံယူကြပါစို့။

ဆုတောင်းချက်။ ။ ကျမတို့၏ အသက်တာကို ခိုင်မာ၊ ရင့်ကျက်၊ ကောင်းမွန်လာစေသော်ကြောင့် ကျေးဇူးတော်ကို ချီးမွန်းပါ၏။ အာမင်။


0 comments: