Monday, January 5, 2009

ခရစ်တော်၌ မျှော်လင့်ခြင်းရှိလော့။


လူပျိုတို့သည် မော၍ပင်ပန်းခြင်းသို့ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍လဲကြ လိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။ ဟေရှာယအနာဂတ္တိကျမ်း ၄၀း ၃၀-၃၁


ကျမတို့ အယောက်ဆီတိုင်း နေ့စဉ်အသက်တာကြား၊ ဖိအားပေးမှု့၊ ပင်ပန်းဆင်းရဲမှု့မျိုးစုံတို့ကို ခံစားရ၊ ပိနေတတ်ကြပါတယ်။ ဒါပေမဲ့ ဒီကျမ်းပိုဒ်လေးကို အမှတ်ယ စေချင်ပါတယ်။ ကျမတို့ဟာ ငွေကြေး၊ အလုပ်ကောင်းရဖို့၊ ကျမတို့ရဲ့ လူလူခြင်းဆက်ဆံခြင်း၊ ချစ်သူခြင်း၊ မိဘ၊ မောင်နှမဆက်ဆံရေး ပိုမိုပြေပြစ် ကောင်းမွန်လာဖို့၊ စတော့တွေ ကောင်းလာဖို့ ဒီလောက်ကိုဘဲ စောင့်စားနေတတ်ကြတယ်။ ယနေ့ဟာသင့်ရဲ့ မျှော်လင့်ခြင်းကို တခြားသောအရာများ၌ ထားရှိခြင်းထက်၊ သင့်ကိုအမြဲကူညီစောင်မ ကြည့်ရှုပြီး၊ ထာဝရသော ချစ်ခြင်းမေတ္တာကို ပေးသနားတော်မူ၍၊ အရာရာကို တတ်နိုင်စွမ်းသော၊ ထာဝရဘုရားသခင်၊ သခင်ယေရှုထံ ပြန်လည်ပို့ဆောင်ခြင်းဖြင့် အသက်တာကို အကောင်းဆုံးပြုပြင် ကြပါစို့။

ကျမတို့၏ မျှော်လင့်ချက်များကို ယေရှုခရစ်တော် ထံမှ သွေဖယ်ဖို့၊ ကျမတို့ရှိနေတဲ့၊ ဖြစ်နေတဲ့အရာကို ဆက်လက်ပြီးအသက်ရှင်နေထိုင်ဖို့ ဖျားယောင်းသွေးဆောင်မှု့များကို ရှောင်ကွင်းနိုင်ပြီး၊ ထာဝရဘုရားသခင် ပေးသနားတော်မူသော်၊ အောင်မြင်ခြင်း၊ ပန်းတိုင်ကိုလက်လှမ်း ယူနိုင်ဖို့ ကျမတို့ရဲ့ မျှော်လင့်ခြင်း လမ်းကြောင်းကို ထာဝရဘုရားသခင်ထံသို့ ပြန်လည်ပို့ဆောင်ကြပါစို့။

ဆုတောင်းချက်။ ။ ထာဝရဘုရား၊ ကျမတို့၏ ယုံကြည်ခြင်းကို ကိုယ်တော်ထံပါး ပို့ဆောင်ပေးသနား တော်မူသောကြောင့် ကျေးဇူးတော်ပေါင်းကို ချီးမွမ်းပါ၏။ ကျမတို့အတွက် အကောင်းဆုံးအရာ၊ ပန်းတိုင်၊ ပြင်ဆင်ထားပေးကြောင်း ယုံကြည်ပါ၏။ ယေရှုခရစ်၏ အမည်နာမကို အမှီပြု၍ တောင်းလျှောက်ပါ၏။ အာမင်။

1 comments:

Saing Khan Tun said...

အဲလိုလုပ်ပါ အစ်မရယ် ကျွန်တော်က အင်္ဂလိပ်စာ ဖတ်ပျင်းတယ်ဗျ ... မှတ်သားစရာတွေရတော့မယ် ...