Tuesday, January 6, 2009

ခရစ်တော်အားဖြင့် တဖန်နှိုးဆော်လော့။


ထိုသို့ဖြစ်၍၊ ငါလက်တင်သောအားဖြင့်၊ သင်၌ဘုရားသခင် ပေးတော်မူသောဆုကို နှိုးဆော်မည် အကြောင်း၊ ငါသည်သင့်ကို သတိပေး၏။
တိမောသေသြဝါဒစာ ဒုတိယစောင် ၁း ၆

သင်၏ဘဝအသက်တာမှာ ရည်မှန်းချက်၊ ပန်းတိုင်များရောက်ရှိဖို့ ခွန်အားတွေ ပျောက်ဆုံးခြင်း တွေ့ကြုံနေရပါသလား၊ ဘဝရဲ့ နေ့စဉ်လှုပ်ရှားမှု့တွေကြား၊ လမ်းပျောက်နေပါသလား။ အသက်တာတခုလုံးတွက် ထာဝရဘုရားသခင် ပေးသနားတော်မူသောပြင်ဆင်ပေးပြီးသော ဆုလာဘ်များကို ပြန်လည်သတိယ၊ နှိုးဆော်ယူဖို့ အချိန်တန်ပြီ။ သင့်ဘဝတွက် ဘုရားရှင်ပေးသနားတော်မူသော ဆိုလောဘ်တွေကို ဖျက်ဆီး၊ နုတ်ယူဖို့ ဘယ်အရာကမှ မတတ်နိုင်ပါဘူး၊ ကျမတို့ကိုယ်တိုင် က ပြန်လည်နှိုးဆော်ယူဖို့တော့ လိုအပ်ပါတယ်။ ဘုရားရှင်ရဲ့ နုတ်ကပတ်တော်တွေကို နှလုံးသွင်း၍ ဘုရားရှင်ထံ ချဉ်းကပ်ပါ။ နေ့စဉ်အသက်တာကို ကိုယ်တော်လက်အပ်နှံလျက် အသက်ရှင်ပါ။

ဘုရားရှင်ဖွင့်ထားသော တံခါးကို မြင်နိုင်အောင်ကြည့်ပါ၊ လူ့စိတ်အားဖြင့် ကြံစည်၍ မမှီနိုင်သော ဆုကျေးဇူးတော်တွေ အချိန်ကျ ရောက်ရှိလာမှာဖြစ်ပါတယ်။ ကျမတို့ရဲ့ ကိုယ်တော်ပြင်ဆင်ပေးသော် ဆုကျေးဇူး၊ ဆုလောဘ်၊ အလိုဆန္ဒများကို ယုံကြည်ခြင်း၊ ခိုကိုးခြင်းဖြင့် လက်ခံယူကြပါစို့။

ဆုတောင်းချက်။ ။ ကောင်းကင်ဘုံ၌ ရှိသောမူသော ထာဝရဘုရားသခင်၊ ကျမတို့အသက်တာအတွက်၊ အိမ်မက်၊ ဆန္ဒ၊ ဆုကျေးဇူးတော်တွေကို ပေးသနားတော်မူသောကြောင့် ကျေးဇူးတော်ချီးမွမ်းပါ၏။ ကျမတို့ စိတ်နှလုံးကို နှိုးဆော်လျက်၊ ယုံကြည်ခြင်းအားဖြင့် လက်ခံယူနိုင်မည့်အကြောင်း မစတော်မူပါဘုရား၊ သခင်ယေရှု၏ မြတ်သောနာမ၌ ဆုတောင်းပါ၏။ အာမင်။


0 comments: