Sunday, January 4, 2009

အချိန်ကျပြီ။


“ ထိုရူပါရုံသည် ချိန်းချက်သော အချိန် နှင့် ဆိုင်၍ အမှု ကုန်ရသော ကာလ ကို ဆို လို၏။ မုသာ နှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်း မြော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။ ဟဗက္ကုတ် အနာဂတ္တိကျမ်း ၂း၃ ”


ထာဝရဘုရားသခင်သည် အကောင်းဆုံး အမွန်မြတ်ဆုံး သော် မျိုးစေ့ကို ကျွန်ုပ်တို့၏ စိတ်နှလုံးသား၊ ဘဝတခုလုံး၌ ကျဲ၊ စိုက်ပျိုးထားပါ၏။ ကျမတို့သည် အတိတ်၌ မခံနိုင်သော စုံစမ်းနှောက်ယှက်မှု့၊ ခါးသီးသော ဘဝဒဏ်၊ အဖြစ်ဆိုးများကို ရင်ဆိုင်ခဲ့ရသောသူများလည်း ဖြစ်နိုင်ပါသည်၊ သို့သော် ကျမတို့ ဖြစ်နေရာ၊ တည်ရှိနေသော အခြေအနေများသည်၊ ဘုရားရှင်စီစဉ်မှု့ တခုလည်း ဖြစ်နိုင်ပါ၏။ ကျမတို့ အတိတ်မှ ဖြစ်ရပ်များအားလုံးသည်၊ အကောင်းဆုံး၊ အမြင့်ဆုံး တနေရာသို့ တွန်းပို့ပေးမည့် ဘုရားရှင်၏ အကြံအစဉ်တော်များ ဖြစ်ကြောင်းကို နားလည်ထားနိုင်ဖို့သည် အရေးအကြီးဆုံးဖြစ်ပါ၏။

သင့်၏အတိတ်သည်၊ အနုတ်လက္ခဏာများနှင့် ပြည့်ဝခဲ့ခြင်းသည်၊ အနာဂတ်၌် မိမိဥဏ်ရည်နှင့် မမှီနိုင်အောင်၊ ကြီးကျယ်ခမ်းနား၊ ထွန်းလင်းနေမည်ဖြစ်ပါသည်။ ထာဝရဘုရားသခင် ပေးသော်အကောင်းဆုံးဆုကျေးဇူး များကို လက်ခံရရှိဖို့၊ သင့်ခြေလှမ်းများကို တချက်ရှေ့ဆက်ဖို့၊ အချိန်ကျရောက်ပါပြီ။ သင့်စိတ်ကူး၊ အိမ်မက် များလက်လွတ်ခဲ့သလား၊ ဘုရားရှင်ပြင်ဆင်ပေးသော်ဌားလည်း၊ အချိန်ကြောင့် သော်လည်းကောင်း၊ စိတ်ပျက် ညည်းညူခြင်းကြောင့် သော်လည်းကောင်း စောင့်ဆိုင်း၊ လက်လွတ်ခဲ့ရပါသလား။

ယနေ့သည် သင့်အိမ်မက်များကို အသစ်တဖန် အသက်သွင်း၍ ယုံကြည်ခြင်းကို၊ နှလုံးသား၌၊ ပြန်လည်ရှင်သန် စတင်ရမည့် အချိန်ဖြစ်ပါ၏။ သင့်ဘဝ၌ ဘာတွေဖြစ်ခဲ့တယ် ဆိုတာက ဘာတွေဖြစ်လာအုံးမယ်ဆိုတာလောက် အရေးကြီးခြင်းမရှိဘူး ဆိုတာကို အမှတ်ယစေချင်ပါတယ်။ ထိုအချိန်၌ သင်သည် စိတ်၏ကျန်းမာခြင်း၊ လူ၏ချမ်းသာခြင်းများ အရင်အချိန်ကထက် ပို၍ ခိုင်မာ၊ ရင့်ကျက် လာမှာဖြစ်ပါတယ်။ ထို့ကြောင့် မိမိ၏ ခြေလှမ်းများကို ရဲရဲဝံ့ဝံ့၊ ရှေ့သို့ချီလျှက်၊ ဘုရားရှင်ပြင်ဆင်ပေးသော်၊ ပန်းတိုင်၊ ဆုကျေးဇူးများကို လက်ခံယူဖို့၊ ယနေ့သည် သင့်၏နေ့၊ အချိန်ကျရောက်ပြီ၊ ယုံကြည်ခြင်းနှင့်၊ ရှေ့သိုချီ လက်ကမ်းကြပါစို့။

ဆုတောင်းချက်။ ။ အိုထာဝရ မြတ်စွာသောဘုရားသခင် ကျမတို့အတွက်ပန်းတိုင်၊ အနာဂတ်ကို နှလုံးသွင်းပေးသနား သော်မူသော်ကြောင့်၊ ကျေးဇူးတော် ချီးမွမ်းပါ၏။ ကျမတို့ကို ယုံကြည်ခြင်းကို မြဲမြဲ လက်ကိုင်ထားလျှက်၊ ကိုယ်တော်ရှင်ဘုရား ပေးသနားတော်မူသော ဆုကျေးဇူးများကို လက်ခံယူဖို့၊ ဝိညာဉ်တော် ခွန်အား၊ ဆုကျေးဇူး၊ ပေးသနားတော်မူပါဘုရား၊ ယေရူနာမ၌ ရိုသေစွာတောင်းလျှောက်ပါ၏။ အာမင်။

0 comments: