Thursday, August 28, 2008

အမြင့်ဆုံးသောလမ်း


မိုးကောင်းကင်သည် မြေကြီးထက်သာ၍ မြင့်သကဲ့သို့၊ ငါ၏အကျင့်သည် သင်တို့၏ အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်၎င်း၊ သာ၍မြင့်၏။


ဟေရှာယ အနာကတ္တိကျမ်း ၅၅း ၉

ကျမတို့ရဲ့ စိတ်ဝင်စားမှု့ အားလုံးကို ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေက သိမ်းသွင်းဖို့အရမ်းလွယ်ကူပါတယ်။ သတင်းတွေဖတ်ခြင်း၊ နားထောင်ခြင်း၊ ကြည့်မြင်ခြင်းမှ၊ စီးပွားရေး၊ နိုင်ငံရေး များက ကျမတို့ ခန္ဓာ၊ စိတ်အားလုံးကို ဖမ်းစား၊ ညို့ယူနိုင်စွမ်းရှိ ပြီး ကျမတို့ရဲ့ စိတ်ဝင်စားမှု့ အားလုံးဟာ အဲဒီကိုဘဲ ရောက်သွားတတ်ကြပါတယ်။ တခါတရံ ထိုစိတ်များက ကျမတို့ကို စိတ်ဓာတ်ယိုယွင်းပျက်စီးတတ်စေပါတယ်။ ဒါပေမဲ့ ကျမတို့က ဘုရားသခင်ကိုယ်တိုင် တွေးသလိုဘဲ ရိုးရိုးတွေး၊ မြင့်မြင့်ကြံပြီး၊ ဘုရားရဲ့ နုတ်ကပတ်တော် များကို အာဂုံဆောင်ထားကြမယ်ဆိုရင်၊ ကျမတို့ စဉ်းစားတွေးခေါ်မှု့များက ဤလောကအရာများထက် ပို၍မြင့်မြတ်ပြီး၊ ကောင်းမွန်ကြောင်းကို နားလည်လာမှာဖြစ်ပါတယ်။

ကျမတို့ရဲ့ စိတ်ပင်ပန်းခြင်း၊ လောကီ၏ဝန် ဒုက္ခများကို ကျော်လွှားပြီး ကျမတို့ အသက်ရှင်နိုင်ပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ဘုရားရှင်၏ ဂတိတော်ရှိသည့် အတိုင်း၊ ကျမတို့၏ စိတ်နှလုံးသားများ အားလုံးကို ကျမတို့ စိတ်ဝင်စားခြင်း၊ ကျမတို့၏ အဓိက တရားများအဖြစ် သတ်မှတ်မယ်ဆိုရင်ပေါ့။ ငွေကြေးအတွက် ပူပန်ခြင်းများကို ဘုရားရှင်၏ ဂတိတော်ဖြစ်တဲ့ ကျမတို့ လိုအပ်သော အရာများအားလုံးဖြည့်စွမ်းနိုင်သော ဘုရားဖြစ်ကြောင်း ယုံကြည်ခြင်းအားဖြင့်သော်၎င်း၊ ကျမတို့၏ ကြောက်ရွံ့ ခြင်း၊ သေခြင်းတရားကို စိုးရွံ့ ခြင်း၊ များမှလည်း ဘုရားရှင်၏ ပြည့်စုံသော ချစ်ခြင်းအားဖြင့်၎င်း ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဘုရားရှင်၏ အထွတ်အမြတ်၊ အကြံအစည်များကို ရွှေးချယ်ပြီး၊ သင်၏လမ်းခရီး၌ ခရစ်တော်ကို လက်ခံပါ။ သင်၏နှလုံးသားတံခါးများကို ဖွင့်လှစ်ပြီး၊ သင်ခြေလမ်းများကို ပြုပြင်၊ ဦးဆောင်ဖို့ ဘုရားရှင်ကို လက်ခံလိုက်ပါ။ သင်ဘုရားရှင်ကို လက်ခံခြင်းအားဖြင့်၊ သင်၏ အကြံအစည်တော်များနှင့် ဘဝသည် မြင့်သထက်မြင့်မားလာပြီး လောကကို အောင်မြင်နိုင်မှာ ဖြစ်ပါတယ်လို့။

ဆုတောင်းချက်။ ။ ။ ကောင်းကင်ဘုံ၌ ရှိသောမူသော အဖမြတ်စွာသော ဘုရား၊ ကျမ၏ မပြည့်စုံခြင်းဘဝ၊ အပြစ်များနှင့် ပြည့်စုံသောမူသော စိတ်နှလုံးသားနှင့် ကိုယ်တော်ထံ ချဉ်းကပ်ကာ ဆုတောင်းပါ၏။ ကိုယ်တော်ရှင်ဘုရား၏ ပြည့်စုံသော ဥာဏ်၊ အတွေး၊ အမူအကျင့်များဖြင့် ကျမကို လမ်းပြမူပါဘုရား။ ကျမ၏ အတိတ်များကို ပြန်လည် ဆင်ခြင်သောအခါ၊ ကိုယ်တော်၏ အကြံအစည်တော်များသည် တုနိုင်းမရသလို၊ စဉ်းစား၍ မမှီနိုင်ခြင်းကို သိမြင်စေပါဘုရား။ ကျမကိုအကောင်းဆုံးလမ်းသို့ ပို့ဆောင်၍ ကောင်းကြီးမင်္ဂလာများနှင့် ပြည့်စုံစေပါဘုရား။ ခရစ်တော်၏ အမည်နာမကို အမှီပြု၍ တောင်းလျှောက်ပါ၏ဘုရား၊ အာမင်။ ။

0 comments: