Friday, August 15, 2008

ကြွယ်ဝသော ကောင်းကြီးမင်္ဂလာ


တနေ့တာအတွက် ကျမ်းချက်။ ။ အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ။ မီး၌၎င်း ရေ၌၎င်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ရောက်ကြပါ၏။


(ဆာလံကျမ်း။ ။ ၆၆း ၁၂)


ကျမတို့ အသက်တာမှာ ဒုက္ခဆင်းရဲ၊ သောက၊ အခက်အခဲ မြောက်မြားစွာကြုံတွေ့ရမှာ ဖြစ်ပါတယ်။ တခါတရံ လက်လျှော့ချင်လောက်သော အဖြစ်အပျက်များစွာတို့ ကြုံဆုံကြရမှာပါ။ ဒါတွေကို ဘဝရဲ့ စိန်ခေါ်ခြင်းလို့မှတ်ယူ ယုံမက၊ ထာဝရ ဘုရားသခင်ဟာ ထိုအတိုက်အခံ များကြားထဲက ကျမတို့ကို အကောင်းဆုံး အသက်တာ၊ ကြွယ်ဝသော ကောင်းကြီးမင်္ဂလာများ ပေးသနားမယ်ဆိုတာကို အမေ့ဖို့လိုအပ်ပါတယ်။ ဘုရားသခင်ဟာ ကျမတို့ အသက်တာမှာ ကျမတို့လိုအပ်သော အရာများအားလုံး ရရှိနေဖို့ အမြဲဘဲ ဂရုစိုက်နေပါတယ်။ ကျမတို့ဟာ ယေရှုခရစ်တော် ကြွဆင်းလာခြင်းကြောင့် ကြွယ်ဝသော ကောင်းကြီးများခံရပြီးဖြစ်ပါတယ်။ ကျမတို့ စိတ်နှလုံးတံခါးကိုဖွင့်၍ ဘုရားသခင်၏ ကောင်းကြီးများကို ချီးမွမ်းကြပါစို့။ ထာဝရဘုရား၏ ဂတိတော်များကို ယုံကြည်ခြင်းအားဖြင့် လက်ခံယူကြပါစို့။ ကျမတို့ ချီးမွမ်းသံများသည် ဘုရားရှင် ကျမတို့နှလုံးသားထဲ ဝင်ရောက်လာဖို့ နှလုံးသား တံခါးဖွင့်ခြင်းဖြစ်ကြောင်းနှင့် ကျမတို့ကို ဘုရားရှင်က ကြွယ်ဝခြင်းဆုကျေးဇူး ရရှိစေခြင်းကြောင်းကို ဆင်ခြင်အောင်းမေ့ကြပါစို့လို့။။ ။။

တနေ့တာအတွက် ဆုတောင်းချက်။ ။

ကောင်းကင်ဘုံ၌ ရှိတော်မူသော် အဖထာဝရမြတ်စွာသော ဘုရား၊ ကျမသည်ရိုသေစွာဖြင့် ကိုယ်တော့်ထံပါးချဉ်းကပ်ပါ၏၊ ကျမရှိသမျှသော အပြစ်၊ အဆိုးဟူသမျှနှင့် အရာအားလုံးကို ကိုယ်တော့်ရှေ့မှောက်တွင်ချပေးလျှက်၊ ရှိသည့်အတိုင်း ကိုယ့်တော့်ရှေ့မှောက်တွင်ရောက်လာ ချဉ်းကပ်ပါ၏။ ကြွယ်ဝသော အသက်တာ၊ နှင့် အကောင်းဆုံးသော လမ်းပြပို့ဆောင်မှု့များအတွက် ကိုယ်တော်ရှင်ဘုရားအား ကျေးဇူးတော် ချီးမွမ်းပါ၏။ ကိုယ်တော်ရှင်ဘုရား နားညောင်းတော်မူ၍ ခွန်အားပေးတော်မူပါဘုရား၊

အာမင်။



0 comments: