Monday, August 25, 2008

နှလုံးသား၏ အခြေခံရင်းမြစ်။

ဖတ်ရန်။ ။ ။ ဆာလံကျမ်း ၁၃၁

အကယ်စင်စစ် အကျွန်ုပ် သည် အမိ နို့နှင့် ကွားသော သူငယ်ကဲ့သို့။ ကိုယ်စိတ်ကို ဖြေ၍ုငြိမ်းစေပါပြီ။ အကျွန်ုပ် စိတ်နှလုံးသည် နို့ကွာသော သူငယ်ကဲ့သို့ ဖြစ်ပါ၏။
(ဆာလံကျမ်း ၁၃၁း ၂)

ဥရောပနိုင်ငံမှာရှိတဲ့ ကယ်ဒီသယ်(Great Cathedrals) ဘုရားကျောင်းရဲ့ ဆောက်လုပ်ပုံ၊ ဗိသုကာလက်ရာဟာ ရင်သပ်ရှုမောဖွယ်ရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာကျက်က လေးလံတဲ့ အတွက် ဘေးက နံရံတွေက အထောက်အကူကို ပေးဖို့ အပိုချဲ့ထွင်ပြီး ဆောက်လုပ်ထားရတာ ဖြစ်ပါတယ်။

ကျမတို့ဟာ အသက်ရှင်သော ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြ၏ ( ကောရိန္တုသြဝါဒစာ ၆း ၁၆) လို့ဆိုထားပါတယ်၊ ဒါဆိုရင် ကျမတို့ရဲ့ နှလုံးသား ခံယူချက် အခြေခံ အကြောင်းဇစ်မြစ်က အားနဲတယ်ဆိုရင်တော့ ကျမတို့ဟာ ဒီဘုရားကျောင်းလိုဘဲဖြစ်ပါတယ်။ ကျမတို့ကို သင်းအုပ်ဆရာ၊ သူငယ်ချင်း၊ လိုက်နာရမဲ့ စည်းမျဉ်း၊ စာအုပ်၊ မိသဟာယ များကသာ မထောက်ပံ မကူညီဘူးဆိုရင် ကျမတို့ရဲ့ ဝိညာဉ်ရေးရာ ကျဆုံးမှာ ဖြစ်တယ်။ ဒါပေမဲ့ အနှောက်အယှက်ဖြစ်လောက်အောင် မှီတွယ်မထားရဘူးပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ လူသားများဖြစ်တဲ့အညီ ကျမတို့၏ စိတ်နှလုံးသားကို ထိမိလဲစရာ ဖြစ်စေနိုင်လို့ဘဲ။

ကျမတို့ရဲ့ နှလုံးသားက ဘုရားသခင်နဲ့ ကျမတို့ရဲ့ တိုက်ရိုက်ထိတွေ့၊ အဆက်အသွယ်ပြုလုပ်တဲ့ နေရာ၊ ရင်းမြစ်လေးဘဲ။ ဘုရားရဲ့ ဒေသနာတော်များကို ဖတ်မှတ်၊ နှလုံးသွင်းပြီး၊ ကျမတို့ နှလုံးသားတံခါးကို ဖွင့်လှစ်ထားဖို့လိုပါတယ်။ ကျမတို့ နှလုံးသားတံခါးဖွင့်တာနဲ့ ဘုရားရှင်ဟာ ကျမတို့အသက်တာကို ပြုပြင်၊ ထိန်းကျောင်းသွားပါလိမ့်မယ်။

ခရစ်ယာန် အသက်တာဆိုတာ ကျမတို့ နှလုံးသား အတွင်း၏၊ ဘုရားသခင်နှင့် ဆက်ဆိုင်မှု့ကို ဖော်ပြပြီး ယေရှုခရစ် ထံမှ ခွန်အားရယူလျက် တန်ခိုးတော်ကို ထင်ရှားစေခြင်းဖြစ်ပါတယ်။ ကျမတို့ရဲ့ ရုပ်ရည် ဘယ်လိုဘဲဖြစ်ဖြစ် ဘုရားသခင်ဟာ ကျမတို့နှလုံးသားတခုကို အဓိကလိုလားပါတယ်။ ခိုင်မာတဲ့ နှလုံးသားဖြစ်ဖို့ တည်ဆောက်ကြပါစို့။ Joe Stowell

ကျမတို့ နှလုံးသားတံခါးကို ဖွင့်ရင်၊ ဘုရားသခင်၏ နုတ်ကပတ်တရားတော်များကို မြင်တွေ့နိုင်ပါလိမ့်မည်။

0 comments: