Wednesday, November 12, 2008

ခရစ်ယာန်စိတ်။

ညီမငယ်လေး တယောက်ပြောပြတဲ့ ရီမောစရာလေး ဟာသပါ၊ အားလုံး ဝမ်းသာပျော်ရွှင်နိုင်ပါစေ ရည်ရွယ်လျက် ဖော်ပြပေးလိုက်ပါတယ်။

တခါက တောထဲလမ်းလျှောက်လာတဲ့ အမျိုးသမီး ကျားတကောင်နဲ့ ပက်ပင်းတိုးမိသတဲ့၊ မိမိ အသက်ဆုံးရှုံးမှာကို လည်းကြောက်၊ အားကိုးရာ ဘုရားတပါးတည်းဘဲ ရှိတော့တာမို့၊ အားကိုးသကြီး ကျားကြီးကို ခရစ်တယောက်ရဲ့ စိတ်ဓာတ်ရှိလာဖို့ ဆိုပြီး ဆုတောင်းသတဲ့ကွယ်။ ရည်ရွယ်ချက်လေးကတော့၊ စိတ်ဓာတ်တွေ ပျော့ပြောင်းပြီး သူမကို အသက်ချမ်းသာပေးဖို့ပေါ့လေ။
တကယ်ဘဲ ခရစ်ယာန်တယောက်ရဲ့ စိတ်ဓာတ်ဝင်သွားတဲ့ ကျားကြီးကလည်း၊ ကိုယ်တော်ချပေးသော် အစားအစာအတွက်ကျေးဇူးတင်ပါ၏ဘုရား ဆိုပြီး ကျေးဇူးတော် အရင်ချီးမွမ်းပြီး အမျိုးသမီးကို ကိုက်ဖြတ်စားသောက်လိုက်သတဲ့။ ပုံပြင်လေးကတော့ ဒါပါဘဲရှင်။

2 comments:

NBWISAM said...

Aw...

Chyeju shakawn na sha kau katut ai she rai nga.

Hkrit pyi hkrit wa sai. Dusat ni ma shani shagu na lusha Karai Kasang kaw hpyi yang ...

လားရှိုးသူ said...

ha ha ngai ma dai sha myit taw ai le.