Monday, December 15, 2008

သူငယ်ချင်းအတွက် ဆုတောင်းမယ်



အချစ်ဆုံး သူငယ်ချင်းလေး~~~~~ကိုယ်တော်ပေးတဲ့ သူငယ်ချင်းလေး
ဖြူစင်တဲ့ စိတ်ကလေးနဲ့ ~~~သခင်ဘုရားလက်ဆောင်ပါ

အချစ်ဆုံး သူငယ်ချင်းလေး~~~~~ဂုဏ်ယူမိပါတယ်
ဖြူစင်တဲ့ မေတ္တာတရားနဲ့ ~~~ဆုတောင်းပေးနေသူ

( သခင်ဘုရားရဲ့ ကျေးဇူးတွေ သူငယ်ချင်းအပေါ် ~~~~အမြဲတည်ပါစေ
ဆုတောင်းပေးနေတယ်~~~~သူငယ်ချင်းလေး
အရာရာတိုင်း အောင်မြင်ပါစေ ရင်ထဲကတောင်းဆုချွေ
သတိရနေပါ~~~~သူငယ်ချင်းလေး )

သခင်ဘုရားအလိုတော်အတိုင်းပဲ ~~~~~စေရာခရီးထဲ အတူရွက်လွင့်
ဖြူစင်တဲ့ စေတနာများနဲ့ ~~~~ကမ္ဘာကြီး အလှဆင်မယ်

လက်တွဲကာ ခရီးဆက် ~~~~လေမုန်တိုင်းထန်လည်း
ကူမရင်း~~~~တစ်ဦးကိုတစ်ဦး
ဆုတောင်းပေးကြမယ်နော်

( သခင်ဘုရားရဲ့ကျေးဇူးတွေ ~~~သူငယ်ချင်းအပေါ် အမြဲတည်ပါစေ
ဆုတောင်းပေးနေတယ် သူငယ်ချင်းလေး
အရာရာတိုင်း အောင်မြင်ပါစေ
ရင်ထဲကတောင်းဆုချွေ
သတိရနေပါ~~~သူငယ်ချင်းလေး )


Download



ကျမအချစ်ဆုံး သူငယ်ချင်းနှင့်တကွ သူငယ်ချင်းများ အာလုံးအတွက် ခရစ်တော်မွေးဖွားတဲ့ ဧချမ်းရာသီမှာ ပျော်ရွှင်တဲ့ ခရစ်စမတ်နှင့် နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းရင်း သီချင်းလက်ဆောင်လေးပါးလိုက်ပါတယ်။

MERRY CHRISTMAS AND A HAPPY NEW YEAR TO YOU ALL!!!!!!!!

0 comments: