Saturday, March 15, 2008

အရှိအတိုင်း လက်ခံတော်မူပါ။


ပဌနာ စကားကို ပြင်ဆင်၍ ထာဝရဘုရား ထံတော်သို့ ပြန်လျက်၊ အကျွန်ုပ်တို့၌ ရှိသမျှသော အပြစ်တို့ကို ပယ်ရှင်းတော်မူပါ။ ကျေးဇူးပြု၍ လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်နှုတ်ခမ်း တည်းဟူသော နွားသငယ် တို့ကို ပူဇော်ပါမည်။
( ဟောရှေအနာဂတ္တိကျမ်း ၁၄း၂ )

အကျွန်ုပ် အား လက်ခံတော်မူ ပါဘုရား၊ အကျွန်ုပ်၏ စိတ်အား ထက်သန်မှု့၊ များစွာသော မေးခွန်း၊ အလိုဆန္ဒ များကို ကိုယ်တော် ၏အလိုတော် အတိုင်း ပြုပြင်လျှက် ကိုယ်တော် ၏နိုင်ငံတော် အတွက် အသုံးချတော် မူပါ။ အကျွန်ုပ် အပြစ်များကိုလည်း ဆေးကြောဖြူစင်စေ တော်မူပါ။


အကျွန်ုပ် ဆုတောင်း သံများကိုလည်း ကိုယ်တော် ၏ကျေးဇူးတော်နားနှင့် ကြားနာတော် မူ၍နားဝင်ချို စေတော်မူပါ၊ အကျွန်ုပ် အတွေး၊ ဆုတောင်းသံ များသည် ဂတိတော်နှင့် အညီ ဖြစ်စေတော် မူပါ၊ အကျွန်ုပ် လိုအင်ဟူ သမျှတို့သည် ကိုယ်တော့် ဂုဏ်တော် ကိုချီးမြောက်ဖို့ ဖြစ်စေမည့် အကြောင်း နာမတော် ကို အမည်ပြု၍ တောင်းလျှောက်ပါ၏ အဖ၊ အာမင်။


0 comments: