Showing posts with label သက်သေခံချက်. Show all posts
Showing posts with label သက်သေခံချက်. Show all posts

Friday, April 4, 2008

နားညောင်းတော်မူသော ဘုရား (၂)

ဧည့်သည်တွေကို မြန်မြန်လေး အပြီးစား ခိုင်းလိုက်တယ်၊(ပြောချင်တာ မရောက်မှာစိုးလို့) အားလုံးလည်း အာရှအစာဆိုတော့ စားကြတာ တဝတပြဲဘဲ၊ ဧည့်သည် တချို့ပြန် ပေမဲ့ များသောအားဖြင့် ရှိနေသေးတယ်၊ ကျမက တနာရီလောက် ကားမောင်းပြန်ရမှာလေ၊ မောလည်းမောနေပြီ ပြန်တော့မယ်ဆိုတော့၊ အင်း စိုက်ထားတဲ့ ငွေတွေတွက်ပေးအုံး၊ ချက်တခါတည်းယူသွားအုံးတဲ့။ (အကြားချင်ဆုံးပေါ့) ကျမကကိုယ်စိုက်ထားတဲ့ ငွေတွေတွက်ပေးလိုက်တယ်၊ ကျမရဲ့လုပ်အားခက ထည့်မရေးပေးလိုက်ဘူး၊ ကျမအချိန်တွေ တွက်ပြီးပေးပါစေပေါ့၊ ချက်တစောင်ရပြီးပြန်လာတယ်၊ ကျမကြည့်မနေတော့ဘူးလေ၊ အိမ်ရောက်ရော ဖွင့်ကြည့်လိုက်တော့၊ အာ.... စိုက်ထုတ်ထားတဲ့ ငွေတွေအတွက်ဘဲရေးပေးလိုက်တယ်၊(ရေးတာက နောက်တယောက်ပါ)၊ အင်းသူတို့ အချင်းချင်းနားလည်မှု့ လွဲယုံမက၊ လုပ်ပေးတဲ့သူအတွက် လုပ်အားခမရ။ ဒုက္ခ ကျမဘယ်လိုပြောရမလဲ၊ အားနာတယ်၊ တောင်းရမလား၊ အီးမေးလ်နဲ့ဘဲ ပြောလိုက်ရမလား ဘယ်လိုစပြောမလဲ ပြာယာခတ်ပြီ၊ အရမ်းမောထားတော့၊ ရ ရမှာပေါ့ ကိုယ့်လုပ်အားခ။

ကျမ မစဉ်းစားတတ်တော့ဘူး၊ ပြောရမှာလည်း အရမ်းအားနာတယ်၊ ဘုရားဆီဆုတောင်းယုံမျှ တပါး၊ သူတို့သတိယပါစေပေါ့၊ မနက်ဖန် ကျမကို တယောက်ယောက် ဖုန်းခေါ်လာပါစေ ဆုတောင်းတယ်။ စိတ်ထဲတော့ ရိုးရိုး ရွရွ ဘဲ နေထိုင်လို့ မကောင်းဘူး။ မနက်အလုပ်လည်း စိတ်မဝင်စားနိုင်ဘူး၊ ဆုထပ်ခါထပ်ခါတောင်းနေမိတယ်။ ကိုးနာရီလောက်လည်းရောက်ရော၊ ကျမဖုန်း ဒီဒီ ဒီ တဲ့(vibrate) လုပ်ထားတာ၊ ခေါ်လာသူကို မကြည့်မိဘူး၊ မအားလို့၊ နားကြပ်ထဲကဘဲ နိပ်လိုက်တယ်။ ဟဲလို.... ဟာမျှော်နေသူပါလား၊ ကျေးဇူးဘဲ ဘုရားလို့ အကြိမ်ကြိမ် ဆိုမိတယ်။

ကျမ ဒီမနက် တရေးနိုးတော့စဉ်းစားတယ်၊ တခုခု မှားယွင်းနေလားလို့တဲ့၊ မင်းပေးတဲ့စရင်းမှာ မင်းလုပ်အားခ ထည့်မထားတာ ခုမှ သေချာကြည့်မိလို့တဲ့၊ ဒီနေ့ သို့မဟုတ် မနက်ဖန်လာခဲ့မယ်၊ လာပေးမယ်တဲ့။ ကျမ ယုံကြည်သောဘုရားက အသေးအဖွဲက အစ ကျမတို့ ဆုတောင်းသံကို နားညောင်းတော်မူတယ်လေ။ ဘုရားကျေးဇူးတော်ကို အကြိမ်ကြိမ် ချီးမွမ်းမိတယ်။ ဘုရားက ကျမတို့အတွက် အစဉ်အမြဲ ရှိနေပါတယ်၊ ကျမတို့လိုအပ်တဲ့ အရာကို တောင်းခံ၊ ခိုကိုးဖို့သာ လိုပါတယ်။ ဘုရားမတတ် နိုင်တဲ့အရာ ဘယ်အရာမှ မရှိပါဘူး။ အစဉ်သတိယ အောင်းမေ့လျှက် ဘုရားထံ ခိုကိုးဖို့သာ လိုအပ်ပါတယ်။ "တောင်းလော့တောင်းလျှင်ရလိမ့်မည်၊ ( ရှင်မဿဲ ရး ရ )"

နာမတော်မြတ်၌ ....... လားရှိုးသူ

Tuesday, April 1, 2008

နားညောင်းတော်မူသောဘုရား။



တောင်းလော့၊ တောင်းလျှင်ရလိမ့်မည် ဆိုသည့်အတိုင်း ဂတိစကားတည်သော ဘုရား အကြောင်းကို အနည်းငယ် သက်သေခံချင်ပါတယ်။


ကျမဒီအကြောင်းကို ပြောပြမယ်ဆိုရင် ကျမအကျင့်၊ ဝါသနာနဲ့၊ အလုပ်အကိုင် အကြောင်းကို အနည်းငယ် အရင်ပြောပြရပါလိမ့်မယ်။ ကျမဟာ သူများအကူအညီ မတောင်းခင်ကတည်းက ကူညီချင်နေတဲ့၊ ကူညီပါရစေလူတစ်မျိုးလေ၊ (အကူအညီတောင်းဖို့ကျ အရမ်းအားနာသလောက်) ဝါသနာက ကိုယ်စားချင်တာကို ကြံဖန်ပြီး ဖြစ်အောင်လုပ်စားချင်တတ်တာလေ၊ အလုပ်အကိုင်က အစားအသောက်လုပ်ရောင်းတာဗျာ၊ ကဲဘာပြောကောင်းမလဲ၊ လူကခပ်ဝဝ၊ ဒါပေမဲ့ လှမ်းလိုက်ရင်တော့ လွှားကနဲဘဲ၊ ယောက်ျားလေးတွေတောင် နောက်ကကျန်ခဲ့တယ်။ဘယ်နေရာ၊ ဘယ်ချောင်မှာဖြစ်ဖြစ် ကိုယ်ကျိုးစွန့်၊ ကူညီတာရော။ ကျမ အလုပ်များတာလည်း မပြောနဲ့တော့လေ။ နားချိန် မနည်းရှာယူရတာ။

လွန်ခဲ့တဲ့ သုံးလေးပတ်လောက်ကပေါ့၊ ကျမကို မိန်းမကြီး (မတွေ့ဘူးသေးခင်) တယောက်က ဖုန်းခေါ်လာတယ်၊ ကျမရဲ့ အစားအသောက်တွေ သေသပ်ပြီး၊ စားချင်စဖွယ်ဖြစ်လို့တဲ့လေ၊ လာတွေ့ချင်တယ်ပေါ့။ သူ့အိမ်မှာလာလုပ်ပေးရင် ရလားပေါ့။ ကျမတခါတလေ လိုက်လုပ် ပေးတတ်တော့ ရတယ်ပေါ့၊ ဒါပေမဲ့ အလုပ်အရမ်း များတဲ့နေ့မျိုးဆိုရင်တော့ ကျမငြင်းတယ်လို့ပြောလိုက်တယ်။ သူကလည်း အင်းတဲ့ လာတွေ့လို့ရလား၊ ဆိုတော့ ရတယ်၊ ဘယ်အချိန် အလုပ်ပါးကြောင်း၊ ဘယ်နေ့ဆိုရင်အဆင်ပြေကြောင်း ပြန်ပြောပြီး၊ဖုန်းချ။ ဒီလိုနဲ့ တနေ့တော့သူမရောက်လာတယ်၊ (အသက်က ၅၀ ပတ်ဝန်းကျင်ပေမဲ့ တော်တော်လေး ကြည့်ရတာအဆင်ပြေသေးတယ်)၊ အဖွားကြီးနောက်ထပ်တယောက်နဲ့၊ ကျမလုပ်ရမဲ့ အစားအသောက်ကြောင်းပြောကြ၊ ကျမတနာရီကိုဘယ်လောက်၊ ဘာညာပြောကြပေါ့။ ပြီးရော သူတို့စကားဆက်လာတယ်၊ အာရှသားတွေရဲ့ အစားအသောက် ချက်တတ်လားတဲ့၊ ဒါမှမဟုတ် ချက်တတ်တဲ့လူရှိလားတဲ့၊ ကျမဒီမြို့မှာလူသစ်လေ၊ ဘယ်သိမလဲဒါမျိုး၊ ဒါပေမဲ့ ကိုယ်ကလည်း၊ ပွဲလမ်း သဘင်တွေမှာ ပါလေရာငပိချက် လုပ်ဖူးတော့၊ အင်း....ကျမနဲနဲတော့ရတယ်ပေါ့၊ ဘာတွေစားချင်သလဲ၊ ဘယ်လိုပေါ့ ပြောတော့၊ သူတို့မသိဘူးတဲ့၊ ဖြစ်နိုင်ရင်အားလုံး ဦးဆောင်ပေးပါတဲ့၊ ကြက်သွန်နွှာဆိုရင်လည်း နွှာမယ်၊ မင်းခိုင်းသမျှအားလုံး လုပ်ပေးပါ့မယ်၊ ကျေးဇူးပြု၍ လာချက်ပေးပါတဲ့။

ဒီလိုဆိုတော့ ကျမက နိုးပြောရမှာအားနာနေပြီလေ၊ သူတို့ကလူကြီး၊ နောက်ပြီး ဝတ်တာစားတာကလည်း တော်ရုံလူမဟုတ်မှန်းသိသာနေတယ်။ ကိုယ့်ကိုခခယယ ပြောနေပြန်၊ ကိုယ့် အာရှသားတွေရဲ့ အစာကလည်း ဖြစ်နေ၊ ဦးနှေက်ကို တမိနစ်လောက် အလုပ်ပေးလိုက်ပြီး လက်ခံလိုက်တယ်။ အဲ ကျမဦးနှောက် အရန်းမြန်တာ ပြောပြမိလား မသိဘူး၊ ကျမက တခုပြောလိုက်တာနဲ့၊ အစီအစဉ်တွေ အားလုံးဆွဲပြီးသွားတတ်တဲ့ ဒုံးပျံဝင်စားတဲ့သူမျိုးလေ။ အင်းကျမက ညနေမှအားတယ်၊ ဒါဆိုသုံးညနေတော့ ခွဲလုပ်ရမယ်ပေါ့။ ကဲပါ ပြောချင်တာရောက်ကိုမလာတော့ဘူး၊ အင်း ကျမငွေတချို့ကိုယူ၊ အစားအသောက် ဘာတွေကိုဘယ်လို၊ ဘာတွေပါမယ် မင်နူး (menu) ပို့ပေးလိုက်မယ် ဆိုပြီးလမ်းခွဲ (လမ်းခွဲ ဆိုပေမဲ့ သူတို့က ပြန်သွားတာပါ ကိုယ်က ဘယ်မှမသွားလိုက်ရပါဘူး)၊ ကဲချက်လို့ ပြုတ်လို့ပြီး၊ အားလုံးကလည်း အရမ်းကိုကျေနပ်စွာနဲ့ စားသောက်ပြီး.....

ဆက်ရန် (ကိုဆိုးသွမ်းကိုအားကျလို့ပါ)......