ဖတ်ရန်။ ။ ထွက်မြောက်ရာကျမ်း ၁၁
မောရှေနှင့် အာရုန်တို့သည် ဖါရောဘုရင်ရှေ့မှာ ဤအံ့ဘွယ်သော အမှုအလုံးစုံတို့ကို ပြုသော်လည်း၊ ထာဝရဘုရားသည် ဖါရောဘုရင်၏ နှလုံးကို ခိုင်မာစေတော်မူသဖြင့် ဣသရေလ အမျိုးသားတို့ကို ပြည်တော်မှ ထွက်သွားရသော အခွင့်ကို မပေးဘဲနေသတည်း။
ထွက်မြောက်ရာကျမ်း ၁၁း ၁၀
ဣသရေလလူမျိုးများကို အီဂျစ်ပြည်ကျွန်ဘဝမှ လွတ်မြောက်ပေးရန်အတွက် ငြင်းဆန်ခဲ့သော ဖာရောဘုရင်၏ ခေါင်းမာမှု့ကြောင့် များစွာသော အီဂျစ်လူမျိုးများ၏ အသက်ဆုံးရှုံးခဲ့ရသည်။ အီဂျစ်ဘုရင်၏ သားဦးမှစ အီဂျစ်ပြည်သားများ၏ သားဦး၊ အဦးအဖျားသော တိရိစ္ဆာန် အစရှိသည်တို့ သေဆုံးသော ပသခါပွဲ အချိန်၌ မောရှေသည် ဖာရောဘုရင်ကို ကြီးစွာသောအမြတ်ထွက်ခဲ့၏။
ကျမအနေနဲ့ ဖာရောဘုရင်၏ ဆန့်ကျင်ပုန်ကန် တတ်သောစိတ်ကို ရှုတ်ချဖို့၊ အပြစ်ပြောဆိုဖို့လွယ်သောငြားလည်း၊ ကျမကိုယ်တိုင် ဘုရား၏မိန့်မှာချက်ကို လိုက်နာဖို့ မေ့လျှော့၊ ပျက်ကွက်ခဲ့သော အချိန်ကာလ၌ ကျမကိုယ်တိုင်ကို ဘယ်လိုစွဲချက်တင်မလဲ။ ကျမရဲ့ အပြုအမူသည် တပါးသူကို စိတ်မရှည်စေ၊ စိတ်ညစ်ညူးစေ သလား။
ကျမ်းစာတိုင်း အသက်ရှင်နေထိုင်သော အသက်တာသည် မှန်ကန်သော အသက်တာကိုပိုင်ဆိုင် ပါ၏။ ငါလူမသတ်ရင်ပြီးရော ဘယ်တရားဥပဒေမှ ငါ့ကိုလာမထိဘူး ဆိုပြီး တပါးသူကို စိတ်အနှောက်အယှက်ဖြစ်စေသော၊ စိတ်ညစ်ညူးစေသော အမူအကျင့် များကိုပိုင်ဆိုင်သူများကို ကျမတို့ အမုန်းပွားသင့်သလား။ ကျမတို့ ချစ်မြတ်နိုးသူတယောက်ထံ၌ ကိုယ်မကြိုက်တဲ့ အပြုအမူ အကျင့်ရှိနေ၍ ထိုသူကို ကျမတို့ အမုန်းပွားသင့် သလား။ မိမိညီအစ်ကိုကို မုန်းသောသူမည်သည်ကား လူအသက်ကို သတ်သောသူဖြစ်၏။ ( ရှင်ယောဟန် ပထမစောင် ၃း ၁၅ )ဟု အော့ဝါလ် ချမ်ဘားစ် (Oswald Chambers) ရှင်းပြခဲ့ဘူးပါသည်။
တခါတရံ ကျမတို့စိတ်သည် အပြစ်ကိုဝန်ခံဖို့၊ ထာဝရဘုရားထံခိုလှုံဖို့ ငြင်းဆန်ခြင်းအားဖြင့် စိတ်မာကျော နေတတ်ပါသည်။ ဒါပေမဲ့ ဘုရားစကားကို နားထောင်ခြင်းဖြင့် ကျမတို့စိတ်ကို ပျော့ပြောင်းစေနိုင်ပါသည်။ ဘုရားရှင်၏ အလိုတော်ကို ဝန်ခံခြင်းအားဖြင့် ကျမတို့ မိသားစု၊ အပေါင်းအသင်း၊ မိတ်ဆွေများ၊ လွတ်ငြိမ်းချမ်းသာ ရရှိနိုင်ပါသည်။ ကျမတို့စိတ်က ဖာရောဘုရင်လိုဘဲ မာကျောနေပါသလား၊ ဆင်ခြင် စဉ်းစားကြည့်ကြပါစို့။..... David McCasland
ဘုရား၏အလိုတော် ဝန်ခံခြင်းသည်၊ ကောင်းချီးမင်္ဂလာရရှိဖို့ လမ်းကိုဖွင့်ပေးခြင်းတည်း။

I thank You for Your patience, Lord,
Because I often strayed,
But, O the joy that came my way
When I Thy Word obeyed. .... Stairs
Because I often strayed,
But, O the joy that came my way
When I Thy Word obeyed. .... Stairs
ဘုရား၏အလိုတော် ဝန်ခံခြင်းသည်၊ ကောင်းချီးမင်္ဂလာရရှိဖို့ လမ်းကိုဖွင့်ပေးခြင်းတည်း။
No comments:
Post a Comment