Saturday, May 31, 2008

ရင်ခတ်လှိုင်း


နှလုံးသားဒဏ်ရာ ကုစားဖို့ခက်လှချည်ရဲ့၊

မိဘမဲ့သူငယ်လေးတယောက်၊
ကူညီမဲ့သူ အမြောက်အများကြား၊ ကယ်သူမဲ့လို့၊
ဘယ်သူ့ကိုရင်နာရမလဲ၊ ဘယ်သူ့ကို ကြင်နာရမလဲ၊
ဘယ်သူ့ကိုကိုးစားလို့၊ ဘယ်သူ့ကို အော်ခေါ်ရမလဲ၊

လမ်းစရှာမရ၊

ရေနည်းငါးလေး၊ ဖတ်ဖတ်လူးကာ၊
အစာမဝလို့လား၊ ရေငတ်လို့လား၊
အစာမဝပေမဲ့၊ ဝမ်းကပူလို့

ဖောရောင်နေတဲ့ ခန္ဓာကိုယ်က၊
လေဒဏ်၊နေဒဏ်ကြောင့်လား
ဒါမှမဟုတ် ရောဂါပိုးမွားကြောင့်လား၊
မေမေ့ သေကောင်ထဲက အပုတ်နံ့ကြောင့်လား၊

ကူပါဗျာ၊ ကယ်ပါဗျာ အော်ချင်ပေမဲ့၊
အသံလှိုင်းပျောက်လို့
ရင်လှိုင်းဘဲခတ်နေတယ်၊
ရေငတ်လွန်းလို့၊ မျက်ရည်မထွက်ရက်ဘူး၊
ခန္ဓာကိုယ်ထဲက ရှိနေတဲ့ ရေတွေကုန်မှာပိုစိုးမိတယ်၊

ကျနော့ကိုတော့ တဆိတ်ကူပါ
ကျနော့မှာလည်း
ဖခုံးနှစ်ခုကြား၊ ခေါင်းပေါက်တယ်လေ၊
လေကောင်းလေသန့်လိုတယ်၊
ရေလိုတယ်၊ အစာလိုတယ်၊
ခေါင်းမိုးလုံတဲ့ နေစရာလေးတခုလိုသေးတယ်လေး။..... လားရှိုးသူ


5 comments:

  1. Anonymous5:38 PM

    မြေသြဇာနဲ့တူတဲ့ အစိုးရလဲလိုတယ်ဗျ။
    အခုတော့ သားသမီးချင်း ကိုယ်ချင်းမစာ.....

    ReplyDelete
  2. Anonymous5:48 PM

    လူတွေကခက်တယ် ကိုယ်ဗိုက်မပြည့်မှာဘဲကြောက်တယ် မရှိတဲ့လူတွေ၊ ဒုက္ခခံနေရတဲ့လူတွေကိုကျတော့ လျစ်လျူရှူရက်တယ်ဗျာ

    ReplyDelete
  3. ရင်ကို တစ်ကယ်ရိုက်ခတ်သွားစေတဲ့ လှိုင်းပါ။
    သိပ်ကောင်းတဲ့ကဗျာလေးမို့
    ဝေဖန်ဖို့ကွက်လပ်မရှိပါဘူး။

    ReplyDelete
  4. ကျနော့မှာလည်း
    ဖခုံးနှစ်ခုကြား၊ ခေါင်းပေါက်တယ်လေ၊
    ............

    ReplyDelete
  5. ကဗျာလေးကိုဖတ်ပြီးကျနော့မှာလည်းရင်လှိုင်းခတ်ကျန်ရစ်ရပါတယ်

    ReplyDelete