Sunday, March 16, 2008

ရှင်ပက်ထရစ် နေ့။


မတ်ခ်ျလ ၁၇ ရက်နေ့၌ ကျင်းပသော ရှင်ပက်ထရစ်နေ့ (St.Patrick's day) အကြောင်းကို အနည်းငယ် ဖော်ပြပေးလိုက်တယ်၊ ဗဟုတုတနဲ့ ဘိုးဘွားတို့၏ ယုံကြည်ခြင်းကို အတုယူနိုင်ကြပါ စေလို့။


ခရစ်သက္ကရစ် ၃၈၅ ဝေလမြို့မှာ မွေးဖွားလာသူ မေရီဝုန် (Maewyn) ဆိုသူ လူငယ်တဦးသည် ထုံတမ်းအစဉ်အလာ အရ ရှင်ပက်ထရစ် ဖြစ်လာခဲ့ ပါသည်။ ပညာသင်စရိတ် အခက်အခဲ ကြောင့် လက်လွတ် ဆုံးရှုံးခါနီးမှ အိုင်ရီလန် နိုင်ငံ၏ ပုဒ်ရဟန်း ဘဝကို ပြန်လည် ရရှိထားခြင်းဖြစ်ပါသည်။

ကိုယ့်ကိုယ်ကို ခရစ်ယာန်ဖြစ်ခါစ အဖြင့်သတ်မှတ်ထားသော အသက် ၁၆ နှစ်အရွယ်တွင် သူနေထိုင်ရာ ရွာလေးကို လာရောက်သိမ်းပိုက်သူများ လက်အောက်၌ ကျွန်အဖြစ် ရောင်းစားခြင်း ခံခဲ့ရပါသည်။ ဖမ်းဆီးခံနေရစဉ်အတွင်း ဘုရားသခင်ကို ယုံကြည်သောစိတ် ပိုမိုပြင်းထန်လာခဲ့ သည်။

၆ နှစ်အကြာ၌ ကျွန်ဘဝမှလွတ်မြောက်၍ ဂေါလ် (Gaul) သို့သွား၍ ရှင်ဂျာမိန်း(St.Germain) လက်အောက်၌ ၁၂ နှစ်မျှ စဉ်ဆက်ပညာကို သင်ယူခဲ့ပါသည်။ ပညာသင်ကြားနေစဉ်တွင်း ခရစ်ယာန်အကြောင်း မသိသေးသူ၊ ကောင်းကောင်းနားမလည်သေးသော်သူ များကို ခရစ်ယာန်ဘာသာဝင်အဖြစ်သို့ ပြောင်းလဲပေးရန် ပိုမိုစိတ်အားထက်သန်လာခဲ့၏။

သူ၏အကြီးမားဆုံးသော ရည်ရွယ်ချက်မှာ မွေးရပ်မြေ အိုင်ယာလန်သို့ ပြန်၍ ခရစ်ယာန်သာသနာ ဖြန့်ဝေဖို့ဘဲဖြစ်ပါသည်၊ ဒါပေမဲ့ သူ့ကိုယ်စား ရှင်ပါလာဒီးယက် (St.Palladius) ကအိုင်ယာလန် နိုင်ငံသို့ သွားဖို့ တာဝန် ကျသွားသည်။ နောက်ထပ်၂ နှစ်ကြာမှ ရှင်ပါလာဒီးယက် က စကော့တလန် ဘက်သို့ တာဝန်ကျသွားသော်ကြောင့် ရှင်ပက်ထရစ်သည် အိုင်ယာလန် နိုင်ငံသို့ ဒုတိယမြောက် ပုဒ်ရဟန်း ဖြစ်လာရပါသည်။

သူ၏ကြိုးပမ်းမှု့ကြောင့် လူအတော်များများ ခရစ်ယာန် ဘာသာဝင် အဖြစ်သို့ ပြောင်းလဲလာသော်ငြားလည်း၊ အတိုက်အခံများကြောင့် ဖမ်းဆီးမှု့ အကြာခဏ ခံရပေမဲ့ ပြန်လည် လွတ်မြောက်လာခြင်းလည်း အကြိမ်ကြိမ် ရှိခဲ့ ပါသည်။ အိုင်ယာလန် နိုင်ငံတခွင် လှည့်လည်ယုံတင်မက စာသင်ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများ ကိုလည်း ဆောက်လုပ်ပေးခဲ့ပါသည်။ သူ၏သာသနာပြုခရီးစဉ်ဟာ နှစ်၃၀ မျှကြာမြင့်ခဲ့ ပြီးနောက် သူဟာ မတ်ခ်ျလ ၁၇ ခရစ်သက္ကရစ် ၄၆၁ မှာအသက်သေဆုံးသွားခဲ့ပါသည်။ ထိုအချိန်မှစ၍ စိန့်ပက်တရစ်နေ့ ဟုသူ့အားဂုဏ်ပြုခြင်းအားဖြင့် စတင်ကျင်းပခဲ့ပါသည်။

တခုသော ထုံးတမ်းစဉ်လာက အနား ၃ခုပါသော် ရွက်ကျပင်ပေါက်၏ သဏ္ဍာန်ဖော်ဆောင်ပါတယ်၊ ဒါကလည်း စိန့်ပက်ထရစ်က ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော် ဆိုသော် သုံးပါးတဆူ အကြောင်းရှင်းပြရာမှာ အမြဲပုံပမာ အားဖြင့်သုံး၍ ရှင်းပြသော်ကြောင့်ဖြစ်သည် ဟုဆိုထားပါသည်။


စိန့်ပက်ထရစ်နေ့ အမေရိကန်ပြည်မှာ ပထမဆုံး အကြိမ်အဖြစ် ၁၇၃၇ ဘောစတွန်မြို့၌ ကျင်းပခဲ့ ပါသည်။ ယနေ့မှာတော့ အလှပြယာဉ်များ စီတန်းလှည့်လည်ခြင်း၊ အစိမ်းရောင်ဝတ်စုံများ ဝတ်ခြင်း၊ ဘီယာများသောက်ခြင်း စသည်ကဲ့သို့ ကျင်းပ ကြပါသည်၊ စိန့်ပက်ထရစ်နေ့ အလွန်တရာမှ ကြီးကျယ်ခမ်းနားလာရခြင်း အကြောင်း အရာတခုသည် ဆောင်းကုန်ကာလ၏ ပထမနေ့ရက်ဖြစ်သောကြောင့် လို့ဆိုထားကြပါသေးသည်။.....Jerry Wilson



No comments:

Post a Comment