ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏၊ အကြင်သူသည် ငါ၏အသံကို ကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။ ( ဗျာဒိတ်ကျမ်း ၃း ၂၀ )
ကျွန်ုပ်သာ "ဝါဒို" ဘယ်မှာလဲလို့ မေးခဲ့ရင်၊ လူတော်များများက ၁၉၈၀လောက်က နာမည်ကြီး ကလေးပုံပြင်စာအုပ်မှ ပုံကိုသတိတရ ရှိကြမှာဘဲ။ အနီနဲ့ အဖြူစင်းကြား အကျီနဲ့ ဦးထုပ်ကို ဝတ်ဆင်ထားပြီး၊ ပုန်းနေတတ်သော၊ ပုညက်သေးလေးက ရှာဖွေရ အလွန်ခက်ခဲပါတယ်။
ဒါပေမဲ့ သခင်ယေရူဟာ ဝါဒိုပုံလေးလောက် ရှာဖွေရ မခက်ခဲပါဘူး၊ ယေရူက ငါသည်တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏ဟု ဆိုထားပါသည်။ သင်၏ နှလုံးသား တံခါးဝ၌ ရပ်လျက်ဝင်လာဖို့ရန်စောင့်နေပါသည်။ ဘုရားကျောင်းထဲမှာ တွေ့ဆုံဖို့တခုတည်းမဟုတ်၊ သင့်နှလုံးသား၊ ဘဝ၊ ရည်မှန်းချက်၊ အိမ်မက်၊ အရာအားလုံးမှာ အဓိကသောနေရာက ပါဝင်ဖို့ရန် နှလုံးသားတံခါးကို ခေါက်နေပါသည်။
အဘယ်မျှအံ့ဖွယ်သော ကျေးဇူးတော်နည်း။ ကျွန်ုပ်တို့၏ နှလုံးသားသည် မာကျောနေတတ်ပါသည်၊ ဘုရားအလိုတော်ကို လိုက်နာရန်ခက်ခဲ နေတတ်ပါသည်။ သို့သော် ဘုရားရှင်နှင့် အစဉ်အမြဲ နှလုံးသားနှင့် ဆက်သွယ်နေခြင်းသည် အဖိုးတန်ဆုံးဖြစ်ပါသည်။ ယေရူခရစ်တော်ကို သင်၏နှလုံးသားမှ လက်ခံ၍ သင်းပျံသော ရနံ့နှင့် ပြည့်စုံစေပြီး၊ ဘုရားရှင်၏ ဘုန်းတော်၊ သန့်ရှင်းစုံလင်ခြင်း၊ များ၌ ပျော်မွေ့နိုင်ပါစေ။
အဘယ်သူသည် သင်၏နှလုံးသားတံခါးကို လာရောက်ခေါက်နေ သနည်း၊ ဝမ်းမြောက်စရာ သတင်းစကားသည်၊ ယေရူရှင် ကိုယ်တိုင်သာ ဖြစ်နေသော ကြောင့်တည်း။........... Joe Stowell
Sweetest of all of life's blessings,
Communion with Christ above,
Assured of His constant presence,
His matchless, eternal love....... Anon
Communion with Christ above,
Assured of His constant presence,
His matchless, eternal love....... Anon
ယေရူရှင်သည် သင်၏နှလုံးသားတံခါးဝ၌ ရပ်နေပါ၏၊ ဝင်ခွင့်ပြုပါ။
No comments:
Post a Comment