မီးရထားသံလမ်း ဖောက်လုပ်ရာတွင် မြေအောက်ရထားလှိုင်ဂူထဲ၌ ပြိုကြ၍ သေဆုံးခဲ့သော လူ ( ၆ ) ယောက်နှင့်ပတ်သက်၍ ထိုသူတို့၏ မိသားစုဝင် ၊ သူငယ်ချင်းများက သေဆုံးမှုနှင့်ပတ်သက်ပြီးမေးမြန်းခဲ့ကြသည်။ ထို့အပြင် မိမိနှင့်သက်ဆိုင်သူ၊ ချစ်ခင်နှစ်သက်သူ များကိုကယ်တင်ရန် ရောက်လာကြသူများသည် မြေအောက်ရထား လုပ်ငန်းပိုင်ရှင် နှင့် အာမခံသူများက ချက်ခြင်း သတင်းပို့ခြင်း မလုပ်မှု့ကြောင့် တနာရီ ခန့် နောက်ကျကာ ရောက်ရှိလာကြ၏။ ထို့အပြင် ထိုလုပ်ငန်း ပိုင်ရှင်တို့သည် အဖြစ်အပျက်အား သက်ဆိုင်ရာသို့ အချိန်နှင့် တပြေးညီ သတင်းပို့ရမည့်အလုပ်အား လုပ်ဆောင်ခြင်း မရှိဘဲ ၊ အဖြစ်အပျက်အား ထိန်ချန်ပဖျောက်ခဲ့ကြသည်။ ဤမရိုးသားသော လုပ်ရပ်ကြောင့် အချိန်မှီ မကယ်ထုတ်နိင်ဘဲ လူ ( ၆ ) ဦးသေဆုံးခဲ့ရသည်။
တမန်တော်ဝတ္တု၌ ထာဝရဘုရားသည် ရိုးသားမှု မရှိခြင်းအပေါ် မြင်သည့်အမြင်ကို ကျွန်ုပ်တို့အား ဥပမာ ပြထားပါသည်။ (၄း၃၂-၅း၁၁)
အချို့သော ယုံကြည်သူများသည် မိမိပိုင်ဆိုင်သော လယ်မြေများကို ရောင်း၍ ဘုရားကျောင်းတွင် လာရောက် လှူဒန်းကြသော်ငြားလည်း၊အာနနိ နှင့် ရှဖိရေ တို့သည် မိမိရောင်းရငွေထံမှ မိမိတို့အတွက် ငွေတစ်ချို့တစ်ဝက်ကို ထိန်ချန်ထားခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ချီးမွမ်း ခံရမည့်အစား အသက်သေဆုံးသွားခဲ့သည်။
သူတို့၏ လုပ်ရပ်နှုင့် ပြစ်ဒဏ်ကျခံခဲ့ရမှု့သည် သိပ်ကိုကြီးမားနေခဲ့ပါသလား..........?
အဆုံး၌သော်ကား သူတို့၏ မဆိုသလောက်သော လိမ်လည်ခဲ့မှုသည် အသက်ပေးဆပ်ရလောက်အောင် ထိုက်တန်ခဲ့ပါသလာ........?
ပေးမည်ဟု ၀ါကြွား၍ မပေးဘဲနေသောသူသည် မိုးရေမပါသော တိမ်နှင့် လေကဲ့သို့ ဖြစ်၏။သုတ္တံကျမ်း ( ၂၅း ၁၄ )
ရှုင်ပေတရုသည် အာနနိအား မေးသော်မှုသည်ကား စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ်ကြောင့် ပြည့်စေရသနည်း။ လူကိုသာ မုသာ ပြောမည်မဟုတ် ဘုရားသခင်ကိုလည်း မုသာပြောပြီ။ မိမိကိုယ်ကို မိမိရိုးသားစွာ နေထိုင်ရုံဖြင့် ဘုရားသခင်ရှေ့တော်၌လည်း ရိုးသားနေပြီဟု ပြောနိင်ပါသလား........
Albert Lee
Lord, by Your Spirit grant that we
In word and deed may honest be;
All talse hood we would cast aside-
From You, O Lord, we cannot hide- D. De Haan
In word and deed may honest be;
All talse hood we would cast aside-
From You, O Lord, we cannot hide- D. De Haan
No comments:
Post a Comment