အမေရိကန်ပြည်ထောင်စု တခုလုံးက မေလ၊ ပထမပတ်ရဲ့ ကြာသတေးနေ့ ကို တပြည်လုံးဆိုင်ရာ ဆုတောင်းရာနေ့ အဖြစ်သတ်မှတ်ပါတယ်။ အသင်းတော်စုံ၊ ဘုရားကျောင်းစုံမှ ကြီးမှုးပြီး အတူတကွ၊ နိုင်ငံခေါင်းဆောင်းများ၊ စီးပွားရေး၊ လူမူ့ရေး၊ ဘာသာရေး၊ ပညာရေး၊ တပ်မတော်၊ နှင့် ပြည်သူ မိသားစုတိုင်း အတွက်ဆုတောင်းကြပါတယ်။
အခုလည်း တပြည်လုံးဆိုင်ရာဆုတောင်းရာနေ့ကိုရောက်ရှိလာပါပြီ၊ ကျမအနေနဲ့ ဗမာပြည်သူ၊ ပြည်သား၊ အမိနိုင်ငံတွင်း၌ ဖြစ်စေ၊ ရပ်ဝေး၌ ဖြစ်စေ၊ ခရစ်ယာန်ဘာသာမှမဟုတ်၊ ဘာသာမရွေး၊ လူမျိုးမရွေး၊ လူတိုင်းလူတိုင်း၊ မိမိ ယုံကြည်ရာဘာသာနဲ့၊ စကားနဲ့ အတူတကွ ရှိနေရာ အရပ်က ဝိုင်းပြီး ဆုတောင်းရအောင်လို့ ဖိတ်ခေါ်ချင်ပါတယ်။
ဘာကြောင့်ကျမဒီလို ဖိတ်ခေါ်ရသလဲဆိုတော့၊ ဟိုတနေ့ ကဘဲ ကျမအစ်မကြီးနဲ့ ဖုန်းပြောရင်း သတင်းတခုရပါတယ်၊ သူကဗမာပြည်ရဲ့ ပြင်ပမှာရောက်နေတာ၊ မြန်မာသံရုံးကိုတော့ အမြဲအခွန်ဆောင်၊ သတင်းပို့ရတာပေါ့နော်။ သူ့လိုဘဲ နိုင်ငံရပ်ခြားမှာ တရားဝင်နေထိုင်နေသူတွေကို သံရုံးက ဆင့်ခေါ်ပြီး မဲပေးခိုင်းတယ်တဲ့၊ လူကိုယ်တိုင်သွားရတယ်ဆိုတာပါဘဲ၊ မဲကထောက်ခံမဲ ရေးပြီးသားကို အလှည့်ကျယူပြီး၊ ပုံးထဲထည့်ခိုင်းတာပါဘဲတဲ့၊ ရွေးချယ်ခွင့်တို့၊ ဘာကို၊ ဘယ်လိုရေးပြီး၊ ထောက်ခံခိုင်းမှန်းတောင် မသိရဘဲထည့်ရတဲ့မဲလေ။
လွန်ခဲ့သော်နှစ်ပေါင်း ( ၆၀ ) လောက်ကတည်းက မြန်မာပြည်မှာနေထိုင်ကြတဲ့ လူမျိုးစု အသီးသီး၊ ဘာသာရေး အသီးသီး၊ နိုင်ငံသားအသီးသီးတို့ မိမိတတ်နိုင်တဲ့ဘက်က၊ နည်းမျိုးစုံနဲ့၊ မြန်မာပြည်ကြီး တိုးတက်အောင်၊ ငြိမ်းချမ်းသာယာ ဝပြော၊ တိုးတက်သောနိုင်ငံကြီး ဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်။ အသက်ပေါင်းမြောက်မြားစွာ၊ သားကောင်းရတနာပေါင်း မြောက်မြားစွာလည်း ဆုံးရှုံးခဲ့ ကြပါပြီ။ ဖခင်၊ မိခင်မဲ့ သားသမီးများစွာ၊ သားပျောက်၊ သမီးပျောက်၊ မိဘများ လည်းအမြောက်အမြားရှိသွားပါပြီ၊ အောင်မြင်မှုရဲ့ လမ်းစခုထိတိုင်အောင် မရခဲ့သေးတဲ့ အပြင်၊ ရမဲ့ အလားအလာ လည်းခုရှိမနေသေးပါဘူး။
ဲကျမတို့ တစည်းတလုံးနဲ့ပါဝင်ဖို့က မိမိကိုးကွယ်ရာဘုရားထံ ဆုတောင်းမေတ္တာရပ်ခံ ဖို့အချိန်တန်ပြီလို့ ထင်ပါတယ်၊ ဒါကြောင့်ကျမဒီစာကိုရေး၊ ဒီလိုမေတ္တာရပ်ခံလိုက်ခြင်းဖြစ်ပါတယ်၊ သင်တို့အား ရက်စက် ညှင်းဆဲသောသူတို့အဘို့ဆုတောင်း ပေးရမယ်လို့ ရှင်လုကာခရစ်ဝင်ကျမ်း ၆း ၂၈ မှာဆိုထားပါတယ်။ ကျမတိှို့အားလုံး တညီတညွတ်တည်းနှင့် မိမိရှိနေရာအရပ်ရဲ့ မေလ (၁) ရက်၊ ကြာသတေး၊ မိမိတို့ စံတော်ချိန် ၀၇း၀၀ မှာ မိမိကိုးကွယ်ရာဘာသာ ဘုရားထံမှာ
ပြည်သူ့အရေးကို ရှေးရှုပြီး၊ တိုးတက်၊ ကောင်းမွန်သော နိုင်ငံကြီးဖြစ်အောင် စွမ်းဆောင်နိုင်ပြီး၊ ပညာရေး၊ စီးပွားရေး၊ လူမူရေး၊ ဘာသာရေး အစစ၊အရာရာကို အကောင်းဆုံးပြုပြင် ပြောင်းလဲပေးပြီး၊ ခေတ်မှီတိုးတက်သော နိုင်ငံတော်သို့ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ဖြစ်လာစေဖို့ ဆုတောင်းကြရအောင်လို့ မေတ္တာရပ်ခံလိုပါတယ်။

Sure! I will pray for my lovely country.
ReplyDeleteok, ... not only pray .. but also sending loving kindness to all ....
ReplyDeleteCheers !
Jinghpaw hku bai ka da sai yaw. N-pawt na re ngu kam ai. :) yawng rau kyu hpyi shaja ga le.
ReplyDeleteဆုတောင်းပေးပါတယ်....အမရေ။
ReplyDeleteအားလုံးပဲ မျှော်လင့်တိုင်းလဲ ဖြစ်လာမှာပါ။
May the lord endorse your prayer.....
ReplyDelete