Saturday, August 16, 2008

ထပ်တူသော အမူအကျင့်

ဖတ်ရန်။ ။ ဧဖက်သြဝါဒစာ ၅း ၁ - ၅

ထိုသို့ သင်တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့် အညီ၊ ဘုရားသခင်ကျင့်တော်မူ သည်နည်းတူကျင့်ကြလော့။
( ဧဖက်သြဝါဒစာ ၅း ၁ )

ို ညစာစားပွဲတခု၌ မိန့်ခွန်းပြောကြားရန် မိသားစုနှင့် တကွတက်ရောက်ရန် ဖိတ်ကြားခံသော အချိန်လေးတခုကို ကျနော်ဘယ်လိုမှ မေ့လို့မရနိုင်ခဲပါဘူး။ ညစာစားပြီးတော့ ကျနော့်သားလေး မက်က ကျနော့ အနားတိုးလာပြီး သား ဖေဖေ့ ပေါင်ပေါ်ထိုင်လို့ရမလားဆိုပြီး ခွင့်လာတောင်းပါတယ်။ ကျနော်သားကိုပွေ့ပြီး ကျနော့် ပေါင်ပေါ်ထိုင်ခွင့်ပေးလိုက်တယ်။

ကျနော် သူစိမ်းတွေကို ရဲရဲတင်းတင်း မိတ်ဖွဲ့စကားလက်ဆုံကျအောင် လုပ်တတ်ကြောင်းကို သားလေးငယ်စဉ်ကတည်းက ကြိမ်ဖန်များစွာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ကျနော်ဟာ လူများကို ခင်မင်တတ်သူဖြစ်သည့် အားလျှော်စွာ၊ စားသောက်ဆိုင်ကိုရောက်တိုင်းလည်း စားပွဲထိုးများ၏ အမည်ကဒ်လေးကို ကြည့်ကာ ဟဲလို ကျော်ကျော်၊ မင်္ဂလာပါ၊ ဒီနေ့အခြေအနေကောင်းသလား ဆိုပြီးနုတ်ဆက်တတ်တာကို သားလေးက ဖေဖေ သားတို့ကို အရှက်ရစေလိုက်တာ လို့လည်း ရံဖန်ရံခါ ဖွင့်ပြောတတ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့ည ကျနော့ပေါင်ပေါ် ထိုင်နေတဲ့သားလေးက ညစာစားပွဲ ဦးစီးသူကို လှည့်ကြည့်ပြီး ဟဲလို ဂျွန်၊ မင်္ဂလာပါခင်ဗျားဆိုပြီး နုတ်ဆက်နေတာကြည့်ပြီး ကျနောနှင့် ထပ်တူကျသော အမူအကျင့်အတွက် ဂုဏ်ယူ လိုက်မိပါတယ်။

ဒါကိုကြည့်ပြီး ကျနော တမန်တော် ရှင်ပေါလုရဲ့ အမှာစကားကို သတိယလိုက်မိပါတယ်၊ ကျနော်တို့သည် ဘုရားသခင်ပြုမူသော အကျင့်အတိုင်း လိုက်လံကျင့်သုံးရမည်ဖြစ်ကြောင်း သတိရစေပါတယ်။

ကျနောတို့ဟာ မိသားစုတခုရဲ့ တူညီသော သဏ္ဍာန်၊ အကျင့်များကို ထပ်တူပြုမူခြင်းအားဖြင့် ကျနောတို့ အသက်တာ အတိုင်းမဟုတ် ယေရှုခရစ်နှင့်တူသော အသက်တာအတိုင်း လျှောက်လှမ်းကြပါစို့လို့။ ။ .... Joe Stowell

O to be like Thee, blessed Redeemer,
This is my constant longing and prayer;
Gladly I'll forfeit all of earth's treasures,
Jesus, Thy perfect likeness to wear. ... Chisholm

ဘုရားသခင်၏ သားသမီးများသည် အဖ၏ အမူအကျင့်အတိုင်းလိုက်ဆောင်လျှက် အောင်မြင်ခြင်းသို့ ရရှိစေမည်။

0 comments: